ပရီးမီးယားလိဂ္မွာ ကစားဖူးခဲ့တာကို ပရိသတ္သတိမထားမိခဲ့တဲ့ နာမည္ေက်ာ္ကစားသမား (၃)ဦး

Pogba’s former coaches support Real Madrid move

နာမည္ေက်ာ္ကစားသမား အမ်ားစုကို ပရိသတ္ေတြက ႏွစ္ေပါင္းမ်ားစြာတုိင္သည့္တိုင္ေအာင္ မွတ္မိေနၾကတာ မ်ားပါတယ္။ သူတို႔ရဲ႕ ေျခစြမ္းအေပၚ ၾကိဳက္ႏွစ္သက္လို႔ပဲ ျဖစ္ျဖစ္၊ နာမည္ေက်ာ္ၾကားလို႔ပဲ ျဖစ္ျဖစ္ ပရိသတ္စိတ္ထဲမွာ စြဲစြဲထင္ထင္ က်န္ရစ္ေနတတ္တဲ့ ကစားသမားေတြလည္း ျဖစ္ပါတယ္။ ဒါေပမယ့္ အခုေဖာ္ျပေပးခ်င္တာကေတာ့ ပရိသတ္အမ်ားစု သတိမထားမိသလို ေမ့ေလ်ာ့ေနႏိုင္တဲ့ ပရီးမီးယားလိဂ္မွာ လာေရာက္ကစားဖူးတဲ့ နာမည္ေက်ာ္ကစားသမားေတြျဖစ္ပါတယ္။ ဘယ္သူေတြမ်ားျဖစ္မလဲ ၾကည့္လိုက္ရေအာင္။

မာတာရာဇီ (အဲဗာတန္ – ၁၉၉၈-၉၉)

ဆယ္စုႏွစ္တစ္ခုအတြင္းမွာ အင္တာမီလန္နဲ႔အတူ စီးရီးေအဖလား (၅)ၾကိမ္ဆက္၊ ကိုပါအီတာလီယာဖလား (၄)ၾကိမ္ နဲ႔ ခ်န္ပီယံလိဂ္ဖလား (၁)ၾကိမ္ ရရွိခဲ့တဲ့ ကစားသမားျဖစ္ပါတယ္။ အီတလီအသင္းနဲ႔လည္း ကမၻာ့ဖလားကို ရယူႏိုင္ခဲ့သူျဖစ္ျပီး ဇီဒန္းနဲ႔ အခ်င္းမ်ားခဲ့တဲ့ ျဖစ္ရပ္ေၾကာင့္ ပိုမိုျပီးနာမည္ေက်ာ္ခဲ့သူ ျဖစ္ပါတယ္။ ဒါေပမယ့္ သူ႔ရဲ႕ ကစားသမားဘ၀မွတ္တမ္းကို ျပန္ၾကည့္မယ္ဆိုရင္ေတာ့ ပရီးမီးယားလိဂ္မွာ တစ္ရာသီၾကာ လာေရာက္ကစားခဲ့ဖူးတယ္ဆိုတာကို ေတြ႕ျမင္ရမွာျဖစ္ပါတယ္။ ၉၈-၉၉ ေဘာလံုးရာသီမွာ အဲဗာတန္အသင္းမွာ လာေရာက္ကစားခဲ့တာ ျဖစ္ျပီးေတာ့ (၂၇)ပြဲကစားခဲ့တဲ့အခ်ိန္အတြင္းမွာ အနီကတ္ (၃)ၾကိမ္အထိ ရရွိခဲ့တဲ့ ကစားသမားလည္း ျဖစ္ပါတယ္။ လီဗာပူးလ္နဲ႔ ကစားခဲ့တဲ့ မာေဆးဆိုက္ဒါဘီပြဲမွာလည္း သူ႔ေၾကာင့္ ပယ္နယ္တီေပးေခ်ခဲ့ရျပီး အဂၤလန္ေျမက သူ႕အတြက္ ေအာင္ေျမမဟုတ္ဘူးလို႔ နားလည္ခဲ့ျပီးေနာက္မွာ မာတာရာဇီဟာ အီတလီကို ျပန္သြားခဲ့ပါေတာ့တယ္။ ဒီအတြက္ ပရိသတ္ေတြရင္ထဲမွာလည္း သူ႔ကို အီတလီစီးရီးေအနဲ႔ပြဲ တြဲဖက္ျမင္ေတြ႕ျပီး ပရီးမီးယားလိဂ္မွာ ကစားခဲ့ဖူးတယ္ဆိုတာကို ေမ့ေလ်ာ့ေနခဲ့ၾကပါတယ္။

ေဂ်ာ့၀ီယာ (ခ်ယ္လ္ဆီး နဲ႔ မန္စီးတီး (၂၀၀၀)ျပည့္ႏွစ္)

ကမၻာ့အေကာင္းဆုံးကစားသမားဆုကို ရရွိဖူးတဲ့ တစ္ဦးတည္းေသာ အာဖရိက ကစားသမားျဖစ္ပါတယ္။ လက္ရွိမွာ သူက လိုက္ေဘးရီးယားသမၼတအျဖစ္ တာ၀န္ထမ္းေဆာင္ေနျပီးေတာ့ ေအစီမီလန္အသင္းမွာ ေျခစြမ္းျပကစားခဲ့တာျဖစ္ျပီး စီးရီးေအဖလား (၂)ၾကိမ္ ရရွိခဲ့ျပီးေတာ့ ပီအက္စ္ဂ်ီနဲ႔လည္း လီဂူးအမွတ္ေပးဖလားကို ဆြတ္ခူးဖူးသူ ျစဖ္ပါတယ္။ အသက္ (၃၄)ႏွစအရြယ္မွာေတာ့့ ဂီယန္လူကာဗီယာလီ နည္းျပအျဖစ္ကိုင္တြယ္ေနတဲ့ ခ်ယ္လ္ဆီးကို ရာသီ၀က္အငွားနဲ႔ ေျပာင္းေရႊ႕လာခဲ့ပါတယ္။ ၂၀၀၀ ျပည့္ႏွစ္မွာ ျဖစ္ပါတယ္။ ခ်ယ္လ္ဆီးအတြက္ ပါ၀င္ကစားခြင့္ရတဲ့ ပထမဆံုးပြဲမွာ ဂိုးသြင္းႏိုင္ခဲ့ျပီး စပါးအသင္းဘက္ကို (၃)မိနစ္အတြင္းမွာ သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။ စုစုေပါင္း ခ်ယ္လ္ဆီးအတြက္ (၁၁)ပြဲကစားျပီး (၃)ဂိုးသြင္းယူႏိုင္ခဲ့ကာ အက္ဖ္ေအဖလားကို ဆြတ္ခူးႏိုင္ခဲ့ပါတယ္။ ဒါေပမယ့္လည္း ခ်ယ္လ္ဆီးက အျပီးသတ္ ေခၚယူျခင္းမရွိခဲ့တဲ့ေနာက္မွာ သူက မန္စီးတီးကို အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေျပာင္းေရႊ႕သြားခဲ့ပါတယ္။ မန္စီးတီးအတြက္လည္း (၁၁)ပြဲကစားျပီး(၄)ဂိုးသြင္းယူကာ လီဗာပူးလ္ကို တစ္ဂိုးသြင္းယူမႈလည္း အပါအ၀င္ျဖစ္ခဲ့ပါတယ္။

ႏူရီဆာဟင္ (လီဗာပူးလ္- ၂၀၁၂- ၁၃)

ကမၻာ့အဆင့္ကြင္းလယ္ကစားသမား ဆာဟင္အတြက္ ပရိသတ္တိုင္း တစ္ခုမဟုတ္တစ္ခုေတာ့ ခံစားခဲ့ဖူးၾကပါတယ္။ ေဘာလုံးအထိန္းအသိမ္းကၽြမ္းက်င္မႈ၊ အကြက္ျမင္မႈ နဲ႔ ေပးပို႔မႈ တိက်သလို ဂုိးသြင္းစြမ္းရည္လည္း ျပည့္၀တဲ့ ကြင္းလယ္ကစားသမားျဖစ္ပါတယ္။ ေဒါ့မြန္
အကယ္ဒမီကေန ထြက္ေပၚလာခဲ့တဲ့ ကစားသမားျဖစ္ျပီးေတာ့ ေဒါ့မြန္အသင္းမွာ ေတာက္ပခဲ့သူျဖစ္ပါတယ္။ ၂၀၁၁ မွာေတာ့ ေဒါ့မြန္မွာ ေျခစြမ္းျပေနတဲ့ သူ႔ကို ရီးရဲလ္မက္ဒရစ္လိုအသင္းကေတာင္ ေခၚယူခဲ့ရတဲ့အထိ ေတာက္ပခဲ့တာပါ။ ဒါေပမယ့္လည္း စပိန္မွာေတာ့ ဆာဟင္အတြက္ ဒုကၡအတိနဲ႔ ျပည့္ႏွက္ေနခဲ့ျပီးေတာ့ ဒဏ္ရာဖိစီးမႈေတြေၾကာင့္ ပြဲအနည္းငယ္သာ ကစားခြင့္ ရရွိခဲ့ပါတယ္။ အဲဒီေနာက္မွာေတာ့ ရီးရဲလ္ကသူ႔ကို လီဗာပူးလ္ကို အငွားနဲ႔ သြားေရာက္ကစားေစခဲ့ပါတယ္။ လီဗာပူးလ္အတြက္ ဆာဟင္က (၁၂)ပြဲကစားခဲ့ျပီး (၃)ဂိုးသြင္းကာ (၃)ၾကိမ္ ဖန္တီးေပးႏိုင္ခဲ့ပါတယ္။ ငါးလတာ အငွားကစားခဲ့ျပီးေနာက္မွာ ဆာဟင္လည္း ေဒါ့မြန္ကို ျပန္လည္ေရာက္ရွိသြားခဲ့ျပီး ပရိသတ္ေမ့ေလ်ာ့ခံ ကစားသမားျဖစ္ခဲ့ပါတယ္။

Unicode Version

နာမည်ကျော်ကစားသမား အများစုကို ပရိသတ်တွေက နှစ်ပေါင်းများစွာတိုင်သည့်တိုင်အောင် မှတ်မိနေကြတာ များပါတယ်။ သူတို့ရဲ့ ခြေစွမ်းအပေါ် ကြိုက်နှစ်သက်လို့ပဲ ဖြစ်ဖြစ်၊ နာမည်ကျော်ကြားလို့ပဲ ဖြစ်ဖြစ် ပရိသတ်စိတ်ထဲမှာ စွဲစွဲထင်ထင် ကျန်ရစ်နေတတ်တဲ့ ကစားသမားတွေလည်း ဖြစ်ပါတယ်။ ဒါပေမယ့် အခုဖော်ပြပေးချင်တာကတော့ ပရိသတ်အများစု သတိမထားမိသလို မေ့လျော့နေနိုင်တဲ့ ပရီးမီးယားလိဂ်မှာ လာရောက်ကစားဖူးတဲ့ နာမည်ကျော်ကစားသမားတွေဖြစ်ပါတယ်။ ဘယ်သူတွေများဖြစ်မလဲ ကြည့်လိုက်ရအောင်။

မာတာရာဇီ (အဲဗာတန် – ၁၉၉၈-၉၉)

ဆယ်စုနှစ်တစ်ခုအတွင်းမှာ အင်တာမီလန်နဲ့အတူ စီးရီးအေဖလား (၅)ကြိမ်ဆက်၊ ကိုပါအီတာလီယာဖလား (၄)ကြိမ် နဲ့ ချန်ပီယံလိဂ်ဖလား (၁)ကြိမ် ရရှိခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။ အီတလီအသင်းနဲ့လည်း ကမ္ဘာ့ဖလားကို ရယူနိုင်ခဲ့သူဖြစ်ပြီး ဇီဒန်းနဲ့ အချင်းများခဲ့တဲ့ ဖြစ်ရပ်ကြောင့် ပိုမိုပြီးနာမည်ကျော်ခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ ကစားသမားဘဝမှတ်တမ်းကို ပြန်ကြည့်မယ်ဆိုရင်တော့ ပရီးမီးယားလိဂ်မှာ တစ်ရာသီကြာ လာရောက်ကစားခဲ့ဖူးတယ်ဆိုတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ၉၈-၉၉ ဘောလုံးရာသီမှာ အဲဗာတန်အသင်းမှာ လာရောက်ကစားခဲ့တာ ဖြစ်ပြီးတော့ (၂၇)ပွဲကစားခဲ့တဲ့အချိန်အတွင်းမှာ အနီကတ် (၃)ကြိမ်အထိ ရရှိခဲ့တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ လီဗာပူးလ်နဲ့ ကစားခဲ့တဲ့ မာဆေးဆိုက်ဒါဘီပွဲမှာလည်း သူ့ကြောင့် ပယ်နယ်တီပေးချေခဲ့ရပြီး အင်္ဂလန်မြေက သူ့အတွက် အောင်မြေမဟုတ်ဘူးလို့ နားလည်ခဲ့ပြီးနောက်မှာ မာတာရာဇီဟာ အီတလီကို ပြန်သွားခဲ့ပါတော့တယ်။ ဒီအတွက် ပရိသတ်တွေရင်ထဲမှာလည်း သူ့ကို အီတလီစီးရီးအေနဲ့ပွဲ တွဲဖက်မြင်တွေ့ပြီး ပရီးမီးယားလိဂ်မှာ ကစားခဲ့ဖူးတယ်ဆိုတာကို မေ့လျော့နေခဲ့ကြပါတယ်။

ဂျော့ဝီယာ (ချယ်လ်ဆီး နဲ့ မန်စီးတီး (၂၀၀၀)ပြည့်နှစ်)

ကမ္ဘာ့အကောင်းဆုံးကစားသမားဆုကို ရရှိဖူးတဲ့ တစ်ဦးတည်းသော အာဖရိက ကစားသမားဖြစ်ပါတယ်။ လက်ရှိမှာ သူက လိုက်ဘေးရီးယားသမ္မတအဖြစ် တာဝန်ထမ်းဆောင်နေပြီးတော့ အေစီမီလန်အသင်းမှာ ခြေစွမ်းပြကစားခဲ့တာဖြစ်ပြီး စီးရီးအေဖလား (၂)ကြိမ် ရရှိခဲ့ပြီးတော့ ပီအက်စ်ဂျီနဲ့လည်း လီဂူးအမှတ်ပေးဖလားကို ဆွတ်ခူးဖူးသူ စြဖ်ပါတယ်။ အသက် (၃၄)နှစအရွယ်မှာတော့့ ဂီယန်လူကာဗီယာလီ နည်းပြအဖြစ်ကိုင်တွယ်နေတဲ့ ချယ်လ်ဆီးကို ရာသီဝက်အငှားနဲ့ ပြောင်းရွှေ့လာခဲ့ပါတယ်။ ၂၀၀၀ ပြည့်နှစ်မှာ ဖြစ်ပါတယ်။ ချယ်လ်ဆီးအတွက် ပါဝင်ကစားခွင့်ရတဲ့ ပထမဆုံးပွဲမှာ ဂိုးသွင်းနိုင်ခဲ့ပြီး စပါးအသင်းဘက်ကို (၃)မိနစ်အတွင်းမှာ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ စုစုပေါင်း ချယ်လ်ဆီးအတွက် (၁၁)ပွဲကစားပြီး (၃)ဂိုးသွင်းယူနိုင်ခဲ့ကာ အက်ဖ်အေဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ချယ်လ်ဆီးက အပြီးသတ် ခေါ်ယူခြင်းမရှိခဲ့တဲ့နောက်မှာ သူက မန်စီးတီးကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့သွားခဲ့ပါတယ်။ မန်စီးတီးအတွက်လည်း (၁၁)ပွဲကစားပြီး(၄)ဂိုးသွင်းယူကာ လီဗာပူးလ်ကို တစ်ဂိုးသွင်းယူမှုလည်း အပါအဝင်ဖြစ်ခဲ့ပါတယ်။

နူရီဆာဟင် (လီဗာပူးလ်- ၂၀၁၂- ၁၃)

ကမ္ဘာ့အဆင့်ကွင်းလယ်ကစားသမား ဆာဟင်အတွက် ပရိသတ်တိုင်း တစ်ခုမဟုတ်တစ်ခုတော့ ခံစားခဲ့ဖူးကြပါတယ်။ ဘောလုံးအထိန်းအသိမ်းကျွမ်းကျင်မှု၊ အကွက်မြင်မှု နဲ့ ပေးပို့မှု တိကျသလို ဂိုးသွင်းစွမ်းရည်လည်း ပြည့်ဝတဲ့ ကွင်းလယ်ကစားသမားဖြစ်ပါတယ်။ ဒေါ့မွန်
အကယ်ဒမီကနေ ထွက်ပေါ်လာခဲ့တဲ့ ကစားသမားဖြစ်ပြီးတော့ ဒေါ့မွန်အသင်းမှာ တောက်ပခဲ့သူဖြစ်ပါတယ်။ ၂၀၁၁ မှာတော့ ဒေါ့မွန်မှာ ခြေစွမ်းပြနေတဲ့ သူ့ကို ရီးရဲလ်မက်ဒရစ်လိုအသင်းကတောင် ခေါ်ယူခဲ့ရတဲ့အထိ တောက်ပခဲ့တာပါ။ ဒါပေမယ့်လည်း စပိန်မှာတော့ ဆာဟင်အတွက် ဒုက္ခအတိနဲ့ ပြည့်နှက်နေခဲ့ပြီးတော့ ဒဏ်ရာဖိစီးမှုတွေကြောင့် ပွဲအနည်းငယ်သာ ကစားခွင့် ရရှိခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ရီးရဲလ်ကသူ့ကို လီဗာပူးလ်ကို အငှားနဲ့ သွားရောက်ကစားစေခဲ့ပါတယ်။ လီဗာပူးလ်အတွက် ဆာဟင်က (၁၂)ပွဲကစားခဲ့ပြီး (၃)ဂိုးသွင်းကာ (၃)ကြိမ် ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ငါးလတာ အငှားကစားခဲ့ပြီးနောက်မှာ ဆာဟင်လည်း ဒေါ့မွန်ကို ပြန်လည်ရောက်ရှိသွားခဲ့ပြီး ပရိသတ်မေ့လျော့ခံ ကစားသမားဖြစ်ခဲ့ပါတယ်။

မွတ္ခ်က္မ်ား။