ရက္ဖို႔ဒ္ရဲ႕ သြင္းဂိုးနဲ႔ အေ၀းကြင္းမွာ စပါးကို အႏိုင္ယူျပခဲ့ျပန္တဲ့ မန္ခ်က္စတာယူႏိုက္တက္

မေန႔ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္ (၂၂)မွာ မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ အေ၀းကြင္းမွာ စပါးအသင္းကို တိုက္စစ္မွဴး ရက္ဖို႔ဒ္ရဲ႕ တစ္လံုးတည္းေသာ သြင္းဂိုးနဲ႔ အႏိုင္ရရွိသြားခဲ့ပါတယ္။ ယာယီနည္းျပဆိုးလ္ရွားဟာလည္း ပရီးမီးယားလိဂ္ (၅)ပြဲဆက္တိုက္
အႏိုင္ရရွိခဲ့ျပီး ဆာမတ္ဘတ္စ္ဘီရဲ႕ စံခ်ိန္ကို ေက်ာ္ျဖတ္ႏိုင္ခဲ့ပါတယ္။

ႏွစ္သင္းလုံးမွာ လူစံုပါ၀င္ခဲ့ျပီး ပထမပိုင္းမွာ ယူႏိုက္တက္က စပါးကို အသာစီးရယူဖို႔ ၾကိဳးစားခဲ့ပါတယ္။ အိမ္ကြင္းမွာကစားရတဲ့ စပါးကလည္း ထိပ္ဆံုးအသင္းေတြနဲ႔ အမွတ္မျပတ္ဖို႔အတြက္ ယူႏိုက္တက္ကို အႏိုင္ရရွိဖို႔ အားထုတ္ခဲ့တာေၾကာင့္ ပြဲကပိုျပီး အၾကိတ္အနယ္ရွိခဲ့ပါတယ္။ အျပန္အလွန္ထိုးေဖာက္ကစားႏိုင္ခဲ့ၾကျပီး တစ္သင္းနဲ႔တစ္သင္း အမွားမခံခဲ့ပါဘူး။

ပထမပိုင္းပြဲျပီးခါနီးမွာ ေပါ့ဂ္ဘာရဲ႕ လွပတဲ့ ျဖတ္ပို႔ေပးမႈကို ရက္ဖို႔ဒ္က စပါးေနာက္ခံလူနဲ႔အျပိဳင္ ဆြဲေျပးျပီး ဧရိယာအတြင္းအေရာက္မွာ အပိုင္ကန္သြင္းႏိုင္ခဲ့လို႔ ဦးေဆာင္ဂိုး ရရွိခဲ့ပါတယ္။ ပထမပိုင္းျပီးခါနီးေလးမွာ ေပးလိုက္ရတာမို႔ စပါးအတြက္ေတာ့ နစ္နာခဲ့ရျပီး ဒုတိယပိုင္းကို ဖိအားေတြနဲ႔ ကစားသြားခဲ့ရပါတယ္။

ဒုတိယပိုင္းကေတာ့ စပါးရဲ႕ပြဲျဖစ္ခဲ့ပါတယ္။ ၄၅ မိနစ္လံုးလံုး ယူႏုိက္တက္ကို ဖိကစားႏိုင္ခဲ့ျပီး ဂိုးကန္သြင္းခြင့္ အမ်ားအျပားလည္း ရရွိခဲ့ပါတယ္။ ဟယ္ရီကိန္းတစ္ဦးတည္းကပဲ ေသခ်ာေပါက္ဂိုးရႏိုင္တဲ့ အခြင့္အလမ္း (၄)ၾကိမ္ထက္မနည္း ရရွိခဲ့ေပမယ့္ ဒီဂီယာ လက္စြမ္းျပကာကြယ္ေနခဲ့လို႔ စပါးတို႔ ေခ်ပဂိုးနဲ႔ ေ၀းကြာခဲ့ရပါတယ္။

ဒယ္လီအလီရဲ႕ အပုိင္ေခါင္းတုိက္ခ်က္၊ ကန္သြင္းခ်က္ေတြကိုလည္း ဒီဂီယာ ေတာ္ေတာ္ေလးလက္စြမ္းျပ ကာကြယ္ခဲ့ရပါတယ္။ ပြဲအျပီးမွာ ယူႏိုက္တက္က စပါးကို ၁-၀ နဲ႔ အႏိုင္ရရွိခဲ့ပါတယ္။ ဆိုးလ္ရွားအတြက္ေတာ့ ပြဲက်ပ္တစ္ပြဲကို အေကာင္းဆုံးေက်ာ္ျဖတ္ႏိုင္ခဲ့ရံုမက အဆင့္ (၅)ေနရာက အာဆင္နယ္အသင္းနဲ႔ အမွတ္တူသြားခဲ့ျပီး ခ်န္ပီယံလိဂ္၀င္ခြင့္ ေမွ်ာ္လင့္ခ်က္ေတြ ရွင္သန္ေနဆဲ ျဖစ္ခဲ့ပါတယ္။

Unicode Version

မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် (၂၂)မှာ မန်ချက်စတာယူနိုက်တက်အသင်းဟာ အဝေးကွင်းမှာ စပါးအသင်းကို တိုက်စစ်မှူး ရက်ဖို့ဒ်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ယာယီနည်းပြဆိုးလ်ရှားဟာလည်း ပရီးမီးယားလိဂ် (၅)ပွဲဆက်တိုက်
အနိုင်ရရှိခဲ့ပြီး ဆာမတ်ဘတ်စ်ဘီရဲ့ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

နှစ်သင်းလုံးမှာ လူစုံပါဝင်ခဲ့ပြီး ပထမပိုင်းမှာ ယူနိုက်တက်က စပါးကို အသာစီးရယူဖို့ ကြိုးစားခဲ့ပါတယ်။ အိမ်ကွင်းမှာကစားရတဲ့ စပါးကလည်း ထိပ်ဆုံးအသင်းတွေနဲ့ အမှတ်မပြတ်ဖို့အတွက် ယူနိုက်တက်ကို အနိုင်ရရှိဖို့ အားထုတ်ခဲ့တာကြောင့် ပွဲကပိုပြီး အကြိတ်အနယ်ရှိခဲ့ပါတယ်။ အပြန်အလှန်ထိုးဖောက်ကစားနိုင်ခဲ့ကြပြီး တစ်သင်းနဲ့တစ်သင်း အမှားမခံခဲ့ပါဘူး။

ပထမပိုင်းပွဲပြီးခါနီးမှာ ပေါ့ဂ်ဘာရဲ့ လှပတဲ့ ဖြတ်ပို့ပေးမှုကို ရက်ဖို့ဒ်က စပါးနောက်ခံလူနဲ့အပြိုင် ဆွဲပြေးပြီး ဧရိယာအတွင်းအရောက်မှာ အပိုင်ကန်သွင်းနိုင်ခဲ့လို့ ဦးဆောင်ဂိုး ရရှိခဲ့ပါတယ်။ ပထမပိုင်းပြီးခါနီးလေးမှာ ပေးလိုက်ရတာမို့ စပါးအတွက်တော့ နစ်နာခဲ့ရပြီး ဒုတိယပိုင်းကို ဖိအားတွေနဲ့ ကစားသွားခဲ့ရပါတယ်။

ဒုတိယပိုင်းကတော့ စပါးရဲ့ပွဲဖြစ်ခဲ့ပါတယ်။ ၄၅ မိနစ်လုံးလုံး ယူနိုက်တက်ကို ဖိကစားနိုင်ခဲ့ပြီး ဂိုးကန်သွင်းခွင့် အများအပြားလည်း ရရှိခဲ့ပါတယ်။ ဟယ်ရီကိန်းတစ်ဦးတည်းကပဲ သေချာပေါက်ဂိုးရနိုင်တဲ့ အခွင့်အလမ်း (၄)ကြိမ်ထက်မနည်း ရရှိခဲ့ပေမယ့် ဒီဂီယာ လက်စွမ်းပြကာကွယ်နေခဲ့လို့ စပါးတို့ ချေပဂိုးနဲ့ ဝေးကွာခဲ့ရပါတယ်။

ဒယ်လီအလီရဲ့ အပိုင်ခေါင်းတိုက်ချက်၊ ကန်သွင်းချက်တွေကိုလည်း ဒီဂီယာ တော်တော်လေးလက်စွမ်းပြ ကာကွယ်ခဲ့ရပါတယ်။ ပွဲအပြီးမှာ ယူနိုက်တက်က စပါးကို ၁-၀ နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဆိုးလ်ရှားအတွက်တော့ ပွဲကျပ်တစ်ပွဲကို အကောင်းဆုံးကျော်ဖြတ်နိုင်ခဲ့ရုံမက အဆင့် (၅)နေရာက အာဆင်နယ်အသင်းနဲ့ အမှတ်တူသွားခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်တွေ ရှင်သန်နေဆဲ ဖြစ်ခဲ့ပါတယ်။

မွတ္ခ်က္မ်ား။