စစ္မွန္တဲ့ ယူႏိုက္တက္အသင္းကို ျမင္ေတြ႕ခဲ့ရျပီလို႔ စပါးကို အႏိုင္ယူအျပီးမွာ ဒီဂီယာ ေၾကြးေၾကာ္

Pogba’s former coaches support Real Madrid move

စပါးအသင္းနဲ႔ ကစားခဲ့တဲ့ပြဲမွာ အသင္းအတြက္ လက္စြမ္းျပကစားခဲ့ျပီးေနာက္ ယူႏိုက္တက္ဂိုးသမား ဒီဂီယာက ဒါဟာ မန္ခ်က္စတာယူႏိုက္တက္ အစစ္အမွန္ပဲလို႔ ပြဲအျပီး အင္တာဗ်ဴးမွာ ေျပာဆိုသြားခဲ့ပါတယ္။ ပြဲခ်ိန္အတြင္းမွာ ဒီဂီယာဟာ စုစုေပါင္း (၁၁)ၾကိမ္အထိ ကာကြယ္မႈျပဳလုပ္ႏိုင္ခဲ့ျပီးေတာ့ အသင္းကို ႏိုင္ပြဲရရွိေစခဲ့တဲ့ အဓိကကစားသမား ျဖစ္ခဲ့ပါတယ္။

ဆိုးလ္ရွားအတြက္လည္း ပရီးမီးယားလိဂ္မွာ (၅)ပြဲဆက္တိုက္ အႏိုင္ရရွိခဲ့တဲ့ စံခ်ိန္ကို ရရွိခဲ့ျပီး ယူႏိုက္တက္နည္းျပသစ္တစ္ေယာက္အေနနဲ႔ ပြဲဦးထြက္ (၅)ပြဲကို အႏိုင္ရခဲ့တဲ့ ပထမဆံုးနည္းျပအျဖစ္လည္း မွတ္တမ္း၀င္သြားခဲ့ျပီ ျဖစ္ပါတယ္။ ပြဲအျပီး အင္တာဗ်ဴးမွာေတာ့ ဒီဂီယာက အသင္းရဲ႕ ႏိုင္ပြဲအတြက္ ဂုဏ္ယူစြာနဲ႔ပဲ ေျပာဆိုသြားခဲ့ပါတယ္။

“ ေတာ့တင္ဟမ္လို ထိပ္တန္းအသင္းတစ္သင္းကို ကၽြန္ေတာ္တို႔ အႏိုင္ရခဲ့တာပါ၊ ပထမပိုင္းမွာ ပြဲကို ထိန္းခ်ဳပ္ႏိုင္ခဲ့ေပမယ့္ ဒုတိယပိုင္းမွာေတာ့ စပါးက ဖိအားေတြ ေပးသြားခဲ့ျပီး အခြင့္အေရးေတြ ရရွိခဲ့ပါတယ္၊ ပထမဆုံးကာကြယ္ႏိုင္ခဲ့တဲ့ ကန္သြင္းခြင့္ (၂)ၾကိမ္မွာပဲ ကၽြန္ေတာ္ ထူးထူးျခားျခား ခံစားမိခဲ့ပါတယ္၊ ဒါက ပြဲေကာင္းတစ္ပြဲျဖစ္ခဲ့ပါတယ္”

“ ကာကြယ္ရတာမ်ားလြန္းလို႔ တခ်ိဳ႕ကာကြယ္မႈေတြကို မမွတ္မိေတာ့ပါဘူး၊ ဒီအတြက္ ဘယ္ကာကြယ္မႈက အေကာင္းဆံုးလဲ ဆိုတာက ကၽြန္ေတာ္ မေရြးခ်ယ္တတ္ပါဘူး၊ နည္းျပက အသင္းအတြက္ ေပ်ာ္ရႊင္စရာေတြကို ယူောင္လာသူပါ၊ ကစားသမားေတြကလည္း ကစားပံုေကာင္းခဲ့ၾကျပီးေတာ့ ဒီအခ်ိန္မွာ အသင္းက တကယ္ကိုေတာင့္တင္းေနပါျပီ”

“ ပြဲကို ဘယ္လိုထိန္းခ်ဳပ္ရမယ္၊ ေဘာလံုးကို ဘယ္လိုထိန္းသိမ္းရမယ္၊ အခြင့္အေရးေတြ ဘယ္လိုဖန္တီးရမလဲဆိုတာနဲ႔ ဘယ္ဟာက ကၽြန္ေတာ္တို႔အတြက္ ပိုေကာင္းလဲဆိုတာကို သိခဲ့ရပါတယ္၊ ဒါက မန္ခ်က္စတာယူႏိုက္တက္ အစစ္အမွန္ပါပဲ” လို႔ ဒီဂီယာက ပြဲအျပီးမွာ အင္တာဗ်ဴးမွာ ေျပာၾကားသြားခဲ့ပါတယ္။

Unicode Version

စပါးအသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာ အသင်းအတွက် လက်စွမ်းပြကစားခဲ့ပြီးနောက် ယူနိုက်တက်ဂိုးသမား ဒီဂီယာက ဒါဟာ မန်ချက်စတာယူနိုက်တက် အစစ်အမှန်ပဲလို့ ပွဲအပြီး အင်တာဗျူးမှာ ပြောဆိုသွားခဲ့ပါတယ်။ ပွဲချိန်အတွင်းမှာ ဒီဂီယာဟာ စုစုပေါင်း (၁၁)ကြိမ်အထိ ကာကွယ်မှုပြုလုပ်နိုင်ခဲ့ပြီးတော့ အသင်းကို နိုင်ပွဲရရှိစေခဲ့တဲ့ အဓိကကစားသမား ဖြစ်ခဲ့ပါတယ်။

ဆိုးလ်ရှားအတွက်လည်း ပရီးမီးယားလိဂ်မှာ (၅)ပွဲဆက်တိုက် အနိုင်ရရှိခဲ့တဲ့ စံချိန်ကို ရရှိခဲ့ပြီး ယူနိုက်တက်နည်းပြသစ်တစ်ယောက်အနေနဲ့ ပွဲဦးထွက် (၅)ပွဲကို အနိုင်ရခဲ့တဲ့ ပထမဆုံးနည်းပြအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပြီ ဖြစ်ပါတယ်။ ပွဲအပြီး အင်တာဗျူးမှာတော့ ဒီဂီယာက အသင်းရဲ့ နိုင်ပွဲအတွက် ဂုဏ်ယူစွာနဲ့ပဲ ပြောဆိုသွားခဲ့ပါတယ်။

“ တော့တင်ဟမ်လို ထိပ်တန်းအသင်းတစ်သင်းကို ကျွန်တော်တို့ အနိုင်ရခဲ့တာပါ၊ ပထမပိုင်းမှာ ပွဲကို ထိန်းချုပ်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ စပါးက ဖိအားတွေ ပေးသွားခဲ့ပြီး အခွင့်အရေးတွေ ရရှိခဲ့ပါတယ်၊ ပထမဆုံးကာကွယ်နိုင်ခဲ့တဲ့ ကန်သွင်းခွင့် (၂)ကြိမ်မှာပဲ ကျွန်တော် ထူးထူးခြားခြား ခံစားမိခဲ့ပါတယ်၊ ဒါက ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပါတယ်”

“ ကာကွယ်ရတာများလွန်းလို့ တချို့ကာကွယ်မှုတွေကို မမှတ်မိတော့ပါဘူး၊ ဒီအတွက် ဘယ်ကာကွယ်မှုက အကောင်းဆုံးလဲ ဆိုတာက ကျွန်တော် မရွေးချယ်တတ်ပါဘူး၊ နည်းပြက အသင်းအတွက် ပျော်ရွှင်စရာတွေကို ယူောင်လာသူပါ၊ ကစားသမားတွေကလည်း ကစားပုံကောင်းခဲ့ကြပြီးတော့ ဒီအချိန်မှာ အသင်းက တကယ်ကိုတောင့်တင်းနေပါပြီ”

“ ပွဲကို ဘယ်လိုထိန်းချုပ်ရမယ်၊ ဘောလုံးကို ဘယ်လိုထိန်းသိမ်းရမယ်၊ အခွင့်အရေးတွေ ဘယ်လိုဖန်တီးရမလဲဆိုတာနဲ့ ဘယ်ဟာက ကျွန်တော်တို့အတွက် ပိုကောင်းလဲဆိုတာကို သိခဲ့ရပါတယ်၊ ဒါက မန်ချက်စတာယူနိုက်တက် အစစ်အမှန်ပါပဲ” လို့ ဒီဂီယာက ပွဲအပြီးမှာ အင်တာဗျူးမှာ ပြောကြားသွားခဲ့ပါတယ်။

မွတ္ခ်က္မ်ား။