အိုေဇးလ္ကို အသင္းေျပာင္းေရႊ႕ေစခ်င္ေနတဲ့ အူႏိုင္းအမ္မရီ

Pogba’s former coaches support Real Madrid move

အာဆင္နယ္အသင္းရဲ႕ နည္းျပ အူႏိုင္းအမ္မရီဟာ အသင္းကြင္းလယ္ကစားသမား အိုေဇးလ္ကို ဇန္န၀ါရီအေျပာင္းအေရႊ႕ကာလမွာ အသင္းကေန ထြက္ခြာေစခ်င္ေနတယ္လို႔ Daily Mail က ေဖာ္ျပသြားခဲ့ပါတယ္။ အာဆင္နယ္အသင္းမွာ ပံုမွန္ကစားခြင့္ မရရွိတဲ့ အိုေဇးလ္ကို အမ္မရီက နည္းစနစ္ပိုင္းအေၾကာင္းျပခ်က္နဲ႔ မၾကာခဏဆိုသလို အသင္းလူစာရင္းကေန ခ်န္လွပ္ေနခဲ့တာလည္း ျဖစ္ပါတယ္။

၀က္စ္ဟမ္းအသင္းကို ရံႈးနိမ့္ခ့ဲတဲ့ စေနေန႔က ပရီးမီးယားလိဂ္ပြဲစဥ္မွာလည္း အိုေဇးလ္က အသင္းအတြက္ ပါ၀င္ကစားေပးရျခင္း မရွိခဲ့ပါဘူး။ အူႏိုင္းအမ္မရီလက္ေအာက္မွာ မၾကာခဏဆုိသလို အိုေဇးလ္အတြက္ ပြဲထြက္လူစာရင္းကေန ခ်န္လွပ္ခံေနရတာျဖစ္ျပီး သူကိုယ္တုိင္လည္း အသင္းက ေျပာင္းေရႊ႕ဖို႔ ဆႏၵရွိေနတယ္လို႔ သိရပါတယ္။

အိုေဇးလ္ရဲ႕ ၾကံ့ခိုင္မႈ နဲ႔ စိတ္ဓာတ္ပိုင္းအေပၚ အမ္မရီက ႏွစ္ျခိဳက္ျခင္းမရွိဘူးလိ႔ု သိရျပီး ဂ်ာမနီကြင္းလယ္ကစားသမားကို ေစ်းကြက္အတြင္းမွာ ေရာင္းခ်ဖို႔အတြက္ ေမွ်ာ္လင့္လာတာ ျဖစ္ပါတယ္။ အိုေဇးလ္ကို ေခၚယူဖို႔အတြက္ စီးရီးေအကလပ္ အင္တာမီလန္အသင္းက စိတ္၀င္စားေနျပီး အငွား (သုိ႔) အျပီးသတ္ေခၚယူဖို႔အတြက္ ခ်ဥ္းကပ္မႈေတြ ရွိေနခဲ့ပါတယ္။

အိုေဇးလ္ကေတာ့ အဂၤလန္မွာပဲ ဆက္လက္ေနထုိင္ျပီး ကစားခ်င္တယ္လို႔ သတင္းေတြထြက္ေပၚေနခဲ့ျပီး သူ႔အေနနဲ႔ အျခားေသာ ပရီးမီးယားလိဂ္အသင္းၾကီး တစ္သင္းသင္းမွာ ကစားႏိုင္ဖို႔လည္း ေမွ်ာ္လင့္ေနပါတယ္။ ဇန္န၀ါရီအေျပာင္းအေရႊ႕ကာလ မပိတ္သိမ္းခင္မွာ အိုေဇးလ္ အေနနဲ႔ အသင္းေျပာင္းေရႊ႕သြားမွာလားဆိုတာကို ေစာင့္ၾကည့္ရေတာ့မွာ ျဖစ္ပါတယ္။

Unicode Version

အာဆင်နယ်အသင်းရဲ့ နည်းပြ အူနိုင်းအမ်မရီဟာ အသင်းကွင်းလယ်ကစားသမား အိုဇေးလ်ကို ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အသင်းကနေ ထွက်ခွာစေချင်နေတယ်လို့ Daily Mail က ဖော်ပြသွားခဲ့ပါတယ်။ အာဆင်နယ်အသင်းမှာ ပုံမှန်ကစားခွင့် မရရှိတဲ့ အိုဇေးလ်ကို အမ်မရီက နည်းစနစ်ပိုင်းအကြောင်းပြချက်နဲ့ မကြာခဏဆိုသလို အသင်းလူစာရင်းကနေ ချန်လှပ်နေခဲ့တာလည်း ဖြစ်ပါတယ်။

ဝက်စ်ဟမ်းအသင်းကို ရှုံးနိမ့်ခဲ့တဲ့ စနေနေ့က ပရီးမီးယားလိဂ်ပွဲစဉ်မှာလည်း အိုဇေးလ်က အသင်းအတွက် ပါဝင်ကစားပေးရခြင်း မရှိခဲ့ပါဘူး။ အူနိုင်းအမ်မရီလက်အောက်မှာ မကြာခဏဆိုသလို အိုဇေးလ်အတွက် ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခံနေရတာဖြစ်ပြီး သူကိုယ်တိုင်လည်း အသင်းက ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

အိုဇေးလ်ရဲ့ ကြံ့ခိုင်မှု နဲ့ စိတ်ဓာတ်ပိုင်းအပေါ် အမ်မရီက နှစ်ခြိုက်ခြင်းမရှိဘူးလို့ သိရပြီး ဂျာမနီကွင်းလယ်ကစားသမားကို စျေးကွက်အတွင်းမှာ ရောင်းချဖို့အတွက် မျှော်လင့်လာတာ ဖြစ်ပါတယ်။ အိုဇေးလ်ကို ခေါ်ယူဖို့အတွက် စီးရီးအေကလပ် အင်တာမီလန်အသင်းက စိတ်ဝင်စားနေပြီး အငှား (သို့) အပြီးသတ်ခေါ်ယူဖို့အတွက် ချဉ်းကပ်မှုတွေ ရှိနေခဲ့ပါတယ်။

အိုဇေးလ်ကတော့ အင်္ဂလန်မှာပဲ ဆက်လက်နေထိုင်ပြီး ကစားချင်တယ်လို့ သတင်းတွေထွက်ပေါ်နေခဲ့ပြီး သူ့အနေနဲ့ အခြားသော ပရီးမီးယားလိဂ်အသင်းကြီး တစ်သင်းသင်းမှာ ကစားနိုင်ဖို့လည်း မျှော်လင့်နေပါတယ်။ ဇန်နဝါရီအပြောင်းအရွှေ့ကာလ မပိတ်သိမ်းခင်မှာ အိုဇေးလ် အနေနဲ့ အသင်းပြောင်းရွှေ့သွားမှာလားဆိုတာကို စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

မွတ္ခ်က္မ်ား။