၀ုလ္ဗ္ကြင္းလယ္လူကို ေပါင္သန္း (၁၀၀)အထိ ေပးေခ်မယ့္သတင္းေတြကို ဂြာဒီယိုလာ တံု႔ျပန္

မန္စီးတီးအသင္းနည္းျပ ဂြာဒီယိုလာဟာ ၀ုလ္ဗ္အသင္းကြင္းလယ္ကစားသမား ရူဘန္နက္ဗက္စ္ကို ေပါင္သန္း (၁၀၀)အထိ ေပးေခ်မယ့္သတင္းေတြကို ျငင္းဆိုလိုက္တယ္လို႔ သိရပါတယ္။ အသက္ (၂၁)ႏွစ္အရြယ္ ကြင္းလယ္ကစားသမားကို ဂြာဒီယိုလာက အသင္းကြင္းလယ္လူ ဖာနန္ဒင္ဟိုရဲ႕ ေနရာမွာ အစားထိုးဖို႔ ပစ္မွတ္ထားေနတာလည္း ျဖစ္ပါတယ္။

သတင္းမ်ားရဲ႕ အဆိုအရ မန္စီးတီးဟာ နက္ဗက္စ္အတြက္ ေပါင္သန္း (၁၀၀) တန္ေၾကးရွိတဲ့ ကမ္းလွမ္းခ်က္နဲ႔ ခ်ဥ္းကပ္မႈ ျပဳလုပ္ေတာ့မယ္လို႔ သိရျပီးေတာ့ ဒီရာသီမွာ နက္ဗက္စ္ျပသေနတဲ့ ေျခစြမ္းေတြကို ဂြာဒီယိုလာက အထင္ၾကီးေနတယ္လို႔လည္း သိရပါတယ္။ ဒါေပမယ့္လည္း ခ်က္ခ်င္းဆိုသလိုပဲ ဂြာဒီယိုလာက ဒီသတင္းေတြကို ျငင္းဆန္သြားခဲ့တာ ျဖစ္ပါတယ္။

“ လြန္ခဲ့တဲ့ လတုန္းက နက္ဗက္စ္ရဲ႕ တန္ေၾကးက ေပါင္သန္း (၁၀၀)လို႔ ကၽြန္ေတာ္ ဖတ္လိုက္ရပါတယ္၊ ဘယ္လိုမွမျဖစ္ႏိုင္ပါဘူး၊ ကြင္းလယ္ကစားသမားတစ္ေယာက္အတြက္ ေပါင္သန္း (၁၀၀)အထိ ကၽြန္ေတာ္တို႔ ေပးေခ်သြားမွာမဟုတ္ပါဘူး၊ အထူးသျဖင့္ ဖာနန္ဒင္ဟိုရဲ႕
ေနရာမွာ ကစားဖို႔အတြက္ေပါ့”

“ သူ႔ေနရာကို အစားထိုးဖို႔ လူရွာရတာ ခက္ခဲပါတယ္၊ သူက ပရီးမီးယားလိဂ္အေၾကာင္း ေက်ညက္ေနပါျပီ၊ ကၽြန္ေတာ္တို႔နဲ႔အတူ (၃)ႏွစ္ေလာက္ သူ ရွိေနခဲ့ျပီးေနာက္မွာ သူက အရာရာကို သိနားလည္ခဲ့တာပါ၊ ဒီအတြက္ သူက အသင္းအတြက္ အေရးပါတဲ့ ကစားသမားပါ၊
ဒါေပမယ့္ ေနာက္ရာသီမွာေတာ့ သူ႔ေနရာအတြက္ ကစားသမားရွာေဖြဖို႔က အေရးၾကီးလာမွာပါ၊ သူက အသက္ (၃၄)ႏွစ္ ရွိလာမွာျဖစ္ျပီးေတာ့ အပတ္တိုင္း ကစားဖို႔ဆိုတာ မလြယ္ကူေတာ့ပါဘူး” လုိ႔ ဂြာဒီယိုလာက ေျပာဆိုသြားခဲ့ပါတယ္။

မန္စီးတီးအသင္းဟာ ဖာနန္ဒင္ဟို မကစားႏိုင္ခဲ့တဲ့ အခ်ိန္ေတြမွာ ႏိုင္ပြဲရဖို႔ ရုန္းကန္ေနခဲ့ရျပီး ဖာနန္ဒင္ဟို ဒဏ္ရာက ျပန္လည္သက္သာလာျပီးေနာက္ ကစားေပးခဲ့တဲ့ ပြဲေတြမွာ ႏိုင္ပြဲေတြ ျပန္လည္ရရွိခဲ့ပါတယ္။ ဒီအတြက္ မန္စီးတီးနဲ႔ လီဗာပူးလ္တို႔ၾကားမွာ အမွတ္ကြာဟမႈက (၄)မွတ္သာ ရွိေတာ့ျပီး ပရီးမီးယားလိဂ္ဆုဖလားအတြက္ အျပိဳင္အဆိုင္ၾကိဳးစားေနရတာ ျဖစ္ပါတယ္။

Unicode Version

မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာဟာ ဝုလ်ဗ်အသင်းကွင်းလယ်ကစားသမား ရူဘန်နက်ဗက်စ်ကို ပေါင်သန်း (၁၀၀)အထိ ပေးချေမယ့်သတင်းတွေကို ငြင်းဆိုလိုက်တယ်လို့ သိရပါတယ်။ အသက် (၂၁)နှစ်အရွယ် ကွင်းလယ်ကစားသမားကို ဂွာဒီယိုလာက အသင်းကွင်းလယ်လူ ဖာနန်ဒင်ဟိုရဲ့ နေရာမှာ အစားထိုးဖို့ ပစ်မှတ်ထားနေတာလည်း ဖြစ်ပါတယ်။

သတင်းများရဲ့ အဆိုအရ မန်စီးတီးဟာ နက်ဗက်စ်အတွက် ပေါင်သန်း (၁၀၀) တန်ကြေးရှိတဲ့ ကမ်းလှမ်းချက်နဲ့ ချဉ်းကပ်မှု ပြုလုပ်တော့မယ်လို့ သိရပြီးတော့ ဒီရာသီမှာ နက်ဗက်စ်ပြသနေတဲ့ ခြေစွမ်းတွေကို ဂွာဒီယိုလာက အထင်ကြီးနေတယ်လို့လည်း သိရပါတယ်။ ဒါပေမယ့်လည်း ချက်ချင်းဆိုသလိုပဲ ဂွာဒီယိုလာက ဒီသတင်းတွေကို ငြင်းဆန်သွားခဲ့တာ ဖြစ်ပါတယ်။

“ လွန်ခဲ့တဲ့ လတုန်းက နက်ဗက်စ်ရဲ့ တန်ကြေးက ပေါင်သန်း (၁၀၀)လို့ ကျွန်တော် ဖတ်လိုက်ရပါတယ်၊ ဘယ်လိုမှမဖြစ်နိုင်ပါဘူး၊ ကွင်းလယ်ကစားသမားတစ်ယောက်အတွက် ပေါင်သန်း (၁၀၀)အထိ ကျွန်တော်တို့ ပေးချေသွားမှာမဟုတ်ပါဘူး၊ အထူးသဖြင့် ဖာနန်ဒင်ဟိုရဲ့
နေရာမှာ ကစားဖို့အတွက်ပေါ့”

“ သူ့နေရာကို အစားထိုးဖို့ လူရှာရတာ ခက်ခဲပါတယ်၊ သူက ပရီးမီးယားလိဂ်အကြောင်း ကျေညက်နေပါပြီ၊ ကျွန်တော်တို့နဲ့အတူ (၃)နှစ်လောက် သူ ရှိနေခဲ့ပြီးနောက်မှာ သူက အရာရာကို သိနားလည်ခဲ့တာပါ၊ ဒီအတွက် သူက အသင်းအတွက် အရေးပါတဲ့ ကစားသမားပါ၊
ဒါပေမယ့် နောက်ရာသီမှာတော့ သူ့နေရာအတွက် ကစားသမားရှာဖွေဖို့က အရေးကြီးလာမှာပါ၊ သူက အသက် (၃၄)နှစ် ရှိလာမှာဖြစ်ပြီးတော့ အပတ်တိုင်း ကစားဖို့ဆိုတာ မလွယ်ကူတော့ပါဘူး” လို့ ဂွာဒီယိုလာက ပြောဆိုသွားခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ဖာနန်ဒင်ဟို မကစားနိုင်ခဲ့တဲ့ အချိန်တွေမှာ နိုင်ပွဲရဖို့ ရုန်းကန်နေခဲ့ရပြီး ဖာနန်ဒင်ဟို ဒဏ်ရာက ပြန်လည်သက်သာလာပြီးနောက် ကစားပေးခဲ့တဲ့ ပွဲတွေမှာ နိုင်ပွဲတွေ ပြန်လည်ရရှိခဲ့ပါတယ်။ ဒီအတွက် မန်စီးတီးနဲ့ လီဗာပူးလ်တို့ကြားမှာ အမှတ်ကွာဟမှုက (၄)မှတ်သာ ရှိတော့ပြီး ပရီးမီးယားလိဂ်ဆုဖလားအတွက် အပြိုင်အဆိုင်ကြိုးစားနေရတာ ဖြစ်ပါတယ်။

မွတ္ခ်က္မ်ား။