ဒီလစ္အတြက္ ေအဂ်က္ဇ္နဲ႔ သေဘာတူညီမႈ ရရွိခဲ့တဲ့ ဂ်ဴဗင္တပ္စ္

‘Cristiano Ronaldo is free to play where he wants’ – Sarri

ေအဂ်က္ဇ္အသင္းနဲ႔ ဂ်ဴဗင္တပ္စ္အသင္းတို႔ဟာ ေနာက္ခံလူဒီလစ္အတြက္ သေဘာတူညီမႈ ရရွိသြားခဲ့ျပီလို႔ သိရပါတယ္။ ဒီေန႔မွာပဲ ဒီလစ္ရဲ႕အေျပာင္းအေရႊ႕ကို ဂ်ဴဗင္တပ္စ္က အတည္ျပဳေၾကညာသြားဖို႔ ရွိျပီး နယ္သာလန္ေနာက္ခံကစားသမားအေနနဲ႔ တူရင္ကို အျပီးသတ္ေရာက္ရွိလာေတာ့မွာျဖစ္ကာ သူ႔ရဲ႕အေျပာင္းအေရႊ႕ကို အဆံုးသတ္ေတာ့မွာလည္း ျဖစ္ပါတယ္။

Ivory Coast midfielder Kessie on AFCON quarter-final exit

De Telegraaf ရဲ႕ ေဖာ္ျပခ်က္အရ ဒီလစ္အတြက္ ယူရိုသန္း (၇၀)ကို ဂ်ဴဗင္တပ္စ္ဘက္ကေပးေခ်ရမွာျဖစ္ျပီး အပိုဆုေၾကးေငြ ယူရို (၅)သန္းလည္း ေပးေခ်သြားရမယ္လုိ႔ သိရပါတယ္။ အသက္ (၁၉)ႏွစ္အရြယ္ ေနာက္ခံကစားသမားကို ဂ်ဴဗီက သူတို႔ရဲ႕ သက္ေတာ္ရွည္ကစားသမားၾကီးခ်ီလီနီရဲ႕ေနရာမွာ အစားထိုးဖို႔ ရည္ရြယ္ေနတာလည္း ျဖစ္ပါတယ္။

ေႏြရာသီအေျပာင္းအေရႊ႕ေစ်းကြက္မွာ ပရိသတ္စိတ္အ၀င္စားဆံုးျဖစ္ခဲ့တဲ့ ဒီလစ္ရဲ႕ အေျပာင္းအေရႊ႕က အျပီးသတ္လုနီးပါးျဖစ္ေနခဲ့ျပီလည္းျဖစ္ပါတယ္။ ကစားသမားအေနနဲ႔ သူ႔ရဲ႕အနာဂတ္ကို တူရင္အသင္းမွာ စတင္ေတာ့မယ္လုိ႔ ဆံုးျဖတ္ခဲ့ျပီး နာမည္ေက်ာ္တိုက္စစ္မွဴးေရာ္နယ္ဒိုနဲ႔ တြဲဖက္ကစားခြင့္လည္း ရရွိေတာ့မွာျဖစ္ပါတယ္။

မၾကာခင္မွာ ဂ်ဴဗင္တပ္စ္က ရာသီၾကိဳျပင္ဆင္မႈအျဖစ္ ေျခစမ္းပြဲေတြ စတင္ကစားေတာ့မွာျဖစ္ျပီး အဆုိပါပြဲစဥ္ေတြမတိုင္ခင္မွာ ဒီလစ္ကို အျပီးသတ္ေခၚယူႏိုင္ေတာ့မွာလည္း ျဖစ္ပါတယ္။ ရမ္ေဆး၊ ရာဘီေယာ့ နဲ႔ ဘတ္ဖြန္တို႔လို နာမည္ေက်ာ္ကစားသမားေတြကို ေခၚယူႏိုင္ခဲံျပီးေနာက္ ဂ်ဴဗီက ဒီလစ္ကိုပါ ထပ္မံေခၚယူခဲ့ျပီး ခ်န္ပီယံလိဂ္ဖလားကို အရယူဖို႔အတြက္ အေကာင္းဆံုးျပင္ဆင္ႏိုင္ခဲ့ျပီလည္းျဖစ္ပါတယ္။

Unicode Version

အေဂျက်ဇ်အသင်းနဲ့ ဂျူဗင်တပ်စ်အသင်းတို့ဟာ နောက်ခံလူဒီလစ်အတွက် သဘောတူညီမှု ရရှိသွားခဲ့ပြီလို့ သိရပါတယ်။ ဒီနေ့မှာပဲ ဒီလစ်ရဲ့အပြောင်းအရွှေ့ကို ဂျူဗင်တပ်စ်က အတည်ပြုကြေညာသွားဖို့ ရှိပြီး နယ်သာလန်နောက်ခံကစားသမားအနေနဲ့ တူရင်ကို အပြီးသတ်ရောက်ရှိလာတော့မှာဖြစ်ကာ သူ့ရဲ့အပြောင်းအရွှေ့ကို အဆုံးသတ်တော့မှာလည်း ဖြစ်ပါတယ်။

De Telegraaf ရဲ့ ဖော်ပြချက်အရ ဒီလစ်အတွက် ယူရိုသန်း (၇၀)ကို ဂျူဗင်တပ်စ်ဘက်ကပေးချေရမှာဖြစ်ပြီး အပိုဆုကြေးငွေ ယူရို (၅)သန်းလည်း ပေးချေသွားရမယ်လို့ သိရပါတယ်။ အသက် (၁၉)နှစ်အရွယ် နောက်ခံကစားသမားကို ဂျူဗီက သူတို့ရဲ့ သက်တော်ရှည်ကစားသမားကြီးချီလီနီရဲ့နေရာမှာ အစားထိုးဖို့ ရည်ရွယ်နေတာလည်း ဖြစ်ပါတယ်။

နွေရာသီအပြောင်းအရွှေ့စျေးကွက်မှာ ပရိသတ်စိတ်အဝင်စားဆုံးဖြစ်ခဲ့တဲ့ ဒီလစ်ရဲ့ အပြောင်းအရွှေ့က အပြီးသတ်လုနီးပါးဖြစ်နေခဲ့ပြီလည်းဖြစ်ပါတယ်။ ကစားသမားအနေနဲ့ သူ့ရဲ့အနာဂတ်ကို တူရင်အသင်းမှာ စတင်တော့မယ်လို့ ဆုံးဖြတ်ခဲ့ပြီး နာမည်ကျော်တိုက်စစ်မှူးရော်နယ်ဒိုနဲ့ တွဲဖက်ကစားခွင့်လည်း ရရှိတော့မှာဖြစ်ပါတယ်။

မကြာခင်မှာ ဂျူဗင်တပ်စ်က ရာသီကြိုပြင်ဆင်မှုအဖြစ် ခြေစမ်းပွဲတွေ စတင်ကစားတော့မှာဖြစ်ပြီး အဆိုပါပွဲစဉ်တွေမတိုင်ခင်မှာ ဒီလစ်ကို အပြီးသတ်ခေါ်ယူနိုင်တော့မှာလည်း ဖြစ်ပါတယ်။ ရမ်ဆေး၊ ရာဘီယော့ နဲ့ ဘတ်ဖွန်တို့လို နာမည်ကျော်ကစားသမားတွေကို ခေါ်ယူနိုင်ခဲံပြီးနောက် ဂျူဗီက ဒီလစ်ကိုပါ ထပ်မံခေါ်ယူခဲ့ပြီး ချန်ပီယံလိဂ်ဖလားကို အရယူဖို့အတွက် အကောင်းဆုံးပြင်ဆင်နိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။

မွတ္ခ်က္မ်ား။