ခ်ယ္လ္ဆီးပစ္မွတ္ ဘာရီလာကို ေခၚယူႏိုင္ခဲ့တဲ့ အင္တာမီလန္

‘Cristiano Ronaldo is free to play where he wants’ – Sarri

အင္တာမီလန္အသင္းဟာ ကယ္ဂလီယာရီကြင္းလယ္လူ ဘာရီလာကို ေခၚယူႏိုင္ခဲ့ျပီလို႔ အတည္ျပဳေၾကညာသြားခဲ့ပါတယ္။ တစ္ႏွစ္အငွားစာခ်ဳပ္နဲ႔ အရင္ေျပာင္းေရႊ႕လာမွာျဖစ္ျပီး အျပီးသတ္ေခၚယူဖို႔အတြက္ သေဘာတူညီမႈကို အင္တာမီလန္က ရယူႏိုုင္ခဲ့ကာ အီတလီကြင္းလယ္ကစားသမားအေနနဲ႔ နည္းျပကြန္တီနဲ႔ လက္တြဲရေတာ့မွာလည္း ျဖစ္ပါတယ္။

It’s taken us 15 years’ – after Tunisia thrash Madagascar, 3-0 to reach AFCON semis

ခ်ယ္လ္ဆီးနည္းျပဘ၀မွာကတည္းက ကြန္တီက ဘာရီလာကိုေခၚယူဖို႔ ပစ္မွတ္ထားဖူးတာျဖစ္ျပီး အင္တာနည္းျပဘ၀မွာ အရေခၚယူႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။ အင္တာမီလန္က ဘာရီလာကို (၅)ႏွစ္စာခ်ဳပ္ပါ ခ်ဳပ္ဆုိသြားမယ္လုိ႔ သိရျပီး ကစားသမားအတြက္ စုစုေပါင္းေျပာင္းေရႊ႕ေၾကဟာ ယူရိုသန္း (၅၀)အထိ ရွိမယ္လို႔လည္း သိရပါတယ္။

ကနဦးအငွားေခၚယူမႈအေနနဲ႔ ယူရို (၁၂)သန္းေပးေခ်ရမွာျဖစ္ျပီး ေနာက္တစ္ႏွစ္မွာ ယူရို ၂၅သန္းထပ္မံေပးေခ်ရမွာျဖစ္ပါတယ္။ အပိုထပ္ေဆာင္းေငြအျဖစ္ ယူရို (၁၃)သန္းေပးေခ်ရဦးမွာျဖစ္လို႔ စုစုေပါင္း ယူရိုသန္း (၅၀)အထိတန္ဖိုးျမင့္တက္လာမွာျဖစ္ပါတယ္။ ဘာရီလာကို
ေခၚယူႏိုင္ခဲ့တဲ့အေၾကာင္းကို အင္တာမီလန္က သူတို႔ရဲ႕တြစ္တာကတဆင့္ ေၾကညာခဲ့တာလည္းျဖစ္ပါတယ္။

“ သူက ေၾကာက္ရံြ႕မႈကင္းမဲ့ကစားသမားပါ၊ ပြဲအမ်ားအျပားမွာ သူက ဖ်က္ထုတ္မႈအမ်ားအျပားကို ျပဳလုပ္ႏိုင္ခဲ့ပါတယ္၊ သူက ႏိုင္လုိစိတ္ျပင္းထန္တဲ့ ကစားသမားလည္းျဖစ္ပါတယ္” လို႔ အင္တာမီလန္အသင္းက ခ်ီးက်ဴးေျပာဆုိေရးသားခဲ့ပါတယ္။ အသက္ (၂၂)အရြယ္ ကစားသမားဟာ အီတလီလက္ေရြးစင္အသင္းအတြက္ (၇)ပြဲကစားေပးထားျပီးျဖစ္ပါတယ္။

Unicode Version

အင်တာမီလန်အသင်းဟာ ကယ်ဂလီယာရီကွင်းလယ်လူ ဘာရီလာကို ခေါ်ယူနိုင်ခဲ့ပြီလို့ အတည်ပြုကြေညာသွားခဲ့ပါတယ်။ တစ်နှစ်အငှားစာချုပ်နဲ့ အရင်ပြောင်းရွှေ့လာမှာဖြစ်ပြီး အပြီးသတ်ခေါ်ယူဖို့အတွက် သဘောတူညီမှုကို အင်တာမီလန်က ရယူနိုုင်ခဲ့ကာ အီတလီကွင်းလယ်ကစားသမားအနေနဲ့ နည်းပြကွန်တီနဲ့ လက်တွဲရတော့မှာလည်း ဖြစ်ပါတယ်။

ချယ်လ်ဆီးနည်းပြဘဝမှာကတည်းက ကွန်တီက ဘာရီလာကိုခေါ်ယူဖို့ ပစ်မှတ်ထားဖူးတာဖြစ်ပြီး အင်တာနည်းပြဘဝမှာ အရခေါ်ယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ အင်တာမီလန်က ဘာရီလာကို (၅)နှစ်စာချုပ်ပါ ချုပ်ဆိုသွားမယ်လို့ သိရပြီး ကစားသမားအတွက် စုစုပေါင်းပြောင်းရွှေ့ကြေဟာ ယူရိုသန်း (၅၀)အထိ ရှိမယ်လို့လည်း သိရပါတယ်။

ကနဦးအငှားခေါ်ယူမှုအနေနဲ့ ယူရို (၁၂)သန်းပေးချေရမှာဖြစ်ပြီး နောက်တစ်နှစ်မှာ ယူရို ၂၅သန်းထပ်မံပေးချေရမှာဖြစ်ပါတယ်။ အပိုထပ်ဆောင်းငွေအဖြစ် ယူရို (၁၃)သန်းပေးချေရဦးမှာဖြစ်လို့ စုစုပေါင်း ယူရိုသန်း (၅၀)အထိတန်ဖိုးမြင့်တက်လာမှာဖြစ်ပါတယ်။ ဘာရီလာကို
ခေါ်ယူနိုင်ခဲ့တဲ့အကြောင်းကို အင်တာမီလန်က သူတို့ရဲ့တွစ်တာကတဆင့် ကြေညာခဲ့တာလည်းဖြစ်ပါတယ်။

“ သူက ကြောက်ရွံ့မှုကင်းမဲ့ကစားသမားပါ၊ ပွဲအများအပြားမှာ သူက ဖျက်ထုတ်မှုအများအပြားကို ပြုလုပ်နိုင်ခဲ့ပါတယ်၊ သူက နိုင်လိုစိတ်ပြင်းထန်တဲ့ ကစားသမားလည်းဖြစ်ပါတယ်” လို့ အင်တာမီလန်အသင်းက ချီးကျူးပြောဆိုရေးသားခဲ့ပါတယ်။ အသက် (၂၂)အရွယ် ကစားသမားဟာ အီတလီလက်ရွေးစင်အသင်းအတွက် (၇)ပွဲကစားပေးထားပြီးဖြစ်ပါတယ်။

မွတ္ခ်က္မ်ား။