မာတီနက္ဇ္နဲ႔ အသင္းေဖာ္ျဖစ္ခ်င္ရင္ အင္တာကိုလာခဲ့လို႔ မက္ဆီကိုေျပာလိုက္တဲ့ ေအးဂ်င့္

Conte praises Inter Milan players and staff after they take Serie A top spot

အင္တာမီလန္အသင္းတိုက္စစ္မွဴးမာတီနက္ဇ္ရဲ႕ ေအးဂ်င့္ျဖစ္သူက မက္ဆီအေနနဲ႔ သူ႔ရဲ႕ကစားသမားနဲ႔ တြဲဖက္ကစားခ်င္တယ္ဆိုရင္ ဆန္စီရိုကို ေျပာင္းေရႊ႕မွသာျဖစ္လိမ့္မယ္လို႔ ေျပာဆိုလိုက္ပါတယ္။ အာဂ်င္တီးနားတိုက္စစ္မွဴးမာတီနက္ဇ္ကို ဘာစီလိုနာက စိတ္၀င္စားေနျပီး မက္ဆီကလည္း လက္ေရြးစင္အသင္းေဖာ္နဲ႔ ကလပ္အသင္းမွာ ျပန္လည္လက္တြဲခ်င္ေနတာျဖစ္ပါတယ္။

‘Senegal are mentally strong’ – striker Sada Thioub ahead of AFCON semi-final against Tunisia

ယူရို (၁၁၂)သန္းအထိ ဘာစီလိုနာက အသံုးျပဳကာ မာတီနက္ဇ္ကို ေခၚယူမယ္လို႔ ေကာလာဟလသတင္းေတြ ထြက္ေပၚေနခဲ့တာလည္းျဖစ္ပါတယ္။ ကိုပါအေမရိကဖလားျပိဳင္ပြဲမွာ အာဂ်င္တီးနားအတြက္ ေျခစြမ္းျပခဲ့တဲ့ မာတီနက္ဇ္ကို ဆြာရက္ဇ္ေနရာမွာ ေရရွည္အသံုးျပဳသြားဖို႔ ဘာစီလိုနာက ရည္ရြယ္ေနတာလို႔လည္း သတင္းဌာနမ်ားက ေဖာ္ျပခဲ့ပါတယ္။

“ ကမၻာ့အေကာင္းဆံုးကစားသမားတစ္ဦးစီက အခုလိုမ်ိဳးဆႏၵရွိတယ္ဆိုတာ အရမ္းေကာင္းပါတယ္ မာတီနက္ဇ္က လက္ရွိမွာ အင္တာမီလန္မွာေပ်ာ္ရႊင္ေနပါတယ္၊ ဘာစီလိုနာဘက္ကလည္း ကၽြန္ေတာ့္ကစားသမားအတြက္ အခုထိမဆက္သြယ္ေသးပါဘူး၊ ဒါေတြက ေကာလာဟလေတြသာျဖစ္မွာပါ၊ ဒါေပမယ့္ ဘာစီလိုနာက စိတ္၀င္စားေနတယ္ဆိုတာကေတာ့ အမွန္ပါပဲ”

“ မက္ဆီအေနနဲ႔ မာတီနက္ဇ္နဲ႔ တြဲဖက္ကစားခ်င္တယ္ဆိုရင္ေတာ့ အင္တာမီလန္ကို ေျပာင္းေရႊ႕လာမွာျဖစ္ပါလိမ့္မယ္၊ ဒီလိုသာျဖစ္လာခဲ့မယ္ဆိုရင္ေတာ့ အင္တာမီလန္အတြက္ တကယ္ကို အံ့အားသင့္စရာျဖစ္လာမွာပါ” လို႔ ေအးဂ်င့္ယာေကးက ေျပာဆိုခဲ့ေၾကာင္း နာမည္ေက်ာ္အားကစား၀က္ဘက္ဆိုက္ Goal.com က ေဖာ္ျပသြားခဲ့ပါတယ္။

Unicode Version

အင်တာမီလန်အသင်းတိုက်စစ်မှူးမာတီနက်ဇ်ရဲ့ အေးဂျင့်ဖြစ်သူက မက်ဆီအနေနဲ့ သူ့ရဲ့ကစားသမားနဲ့ တွဲဖက်ကစားချင်တယ်ဆိုရင် ဆန်စီရိုကို ပြောင်းရွှေ့မှသာဖြစ်လိမ့်မယ်လို့ ပြောဆိုလိုက်ပါတယ်။ အာဂျင်တီးနားတိုက်စစ်မှူးမာတီနက်ဇ်ကို ဘာစီလိုနာက စိတ်ဝင်စားနေပြီး မက်ဆီကလည်း လက်ရွေးစင်အသင်းဖော်နဲ့ ကလပ်အသင်းမှာ ပြန်လည်လက်တွဲချင်နေတာဖြစ်ပါတယ်။

ယူရို (၁၁၂)သန်းအထိ ဘာစီလိုနာက အသုံးပြုကာ မာတီနက်ဇ်ကို ခေါ်ယူမယ်လို့ ကောလာဟလသတင်းတွေ ထွက်ပေါ်နေခဲ့တာလည်းဖြစ်ပါတယ်။ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအတွက် ခြေစွမ်းပြခဲ့တဲ့ မာတီနက်ဇ်ကို ဆွာရက်ဇ်နေရာမှာ ရေရှည်အသုံးပြုသွားဖို့ ဘာစီလိုနာက ရည်ရွယ်နေတာလို့လည်း သတင်းဌာနများက ဖော်ပြခဲ့ပါတယ်။

“ ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ဦးစီက အခုလိုမျိုးဆန္ဒရှိတယ်ဆိုတာ အရမ်းကောင်းပါတယ် မာတီနက်ဇ်က လက်ရှိမှာ အင်တာမီလန်မှာပျော်ရွှင်နေပါတယ်၊ ဘာစီလိုနာဘက်ကလည်း ကျွန်တော့်ကစားသမားအတွက် အခုထိမဆက်သွယ်သေးပါဘူး၊ ဒါတွေက ကောလာဟလတွေသာဖြစ်မှာပါ၊ ဒါပေမယ့် ဘာစီလိုနာက စိတ်ဝင်စားနေတယ်ဆိုတာကတော့ အမှန်ပါပဲ”

“ မက်ဆီအနေနဲ့ မာတီနက်ဇ်နဲ့ တွဲဖက်ကစားချင်တယ်ဆိုရင်တော့ အင်တာမီလန်ကို ပြောင်းရွှေ့လာမှာဖြစ်ပါလိမ့်မယ်၊ ဒီလိုသာဖြစ်လာခဲ့မယ်ဆိုရင်တော့ အင်တာမီလန်အတွက် တကယ်ကို အံ့အားသင့်စရာဖြစ်လာမှာပါ” လို့ အေးဂျင့်ယာကေးက ပြောဆိုခဲ့ကြောင်း နာမည်ကျော်အားကစားဝက်ဘက်ဆိုက် Goal.com က ဖော်ပြသွားခဲ့ပါတယ်။

မွတ္ခ်က္မ်ား။