ဒီလစ္ရဲ႕အေျပာင္းအေရႊ႕ေၾကညာဖို႔ကို ေစာင့္ဆိုင္းဦးမယ့္ ဂ်ဴဗင္တပ္စ္

‘Cristiano Ronaldo is free to play where he wants’ – Sarri

ဒီလစ္ကိုေခၚယူဖို႔အတြက္ သေဘာတူညီမႈရရွိခဲ့ျပီျဖစ္ေပမယ့္လည္း ဂ်ဴဗင္တပ္စ္အသင္းက ကစားသမားရဲ႕အေျပာင္းအေရႊ႕ကို အတည္ျပဳေၾကညာဖို႔အတြက္ ေနာက္တစ္ပတ္အထိ ေစာင့္ဆိုင္းသြားမယ္လုိပ သိရပါတယ္။ ဒီလစ္အတြက္ ေပါင္ (၆၆)သန္းအထိ ေပးေခ်ကာေခၚယူဖို႔အတြက္ ႏွစ္ဖက္အသင္းၾကားမွာ သေဘာတူခဲ့ျပီျဖစ္ေပမယ့္လည္း တူရင္ကလပ္က ေနာက္ဆုတ္ခဲ့တာျဖစ္ပါတယ္။

‘Senegal are mentally strong’ – striker Sada Thioub ahead of AFCON semi-final against Tunisia

ဂ်ဴဗင္တပ္စ္နဲ႔ ဒီလစ္တို႔က ႏႈတ္အားျဖင့္ပုဂၢိဳလ္ေရးသေဘာတူညီမႈကို ရယူထားႏိုင္ခဲ့တာျဖစ္ျပီး ေနာက္ဆံုးအဆင့္ေဆြးေႏြးမႈေတြကို ျပဳလုပ္သြားဖို႔ ရွိေနတာလည္းျဖစ္ပါယ္။ ေဟာ္လန္သတင္းစာ De Telegraaf က ေနာက္တစ္ပတ္မွသာ ကစားသမားရဲ႕ အေျပာင္းအေရႊ႕ကို ဂ်ဴဗီက အတည္ျပဳထုတ္ျပန္လိမ့္မယ္လို႔လည္း ေဖာ္ျပခဲ့ပါတယ္။

ငါးႏွစ္သက္တမ္းရွိတဲ့ စာခ်ဳပ္သစ္ကို ခ်ဳပ္ဆိုဖို႔အတြက္ ၾကိဳးစားေနၾကတာျဖစ္ျပီး ဒီလစ္ကေတာ့ ေအဂ်က္ဇ္နဲ႔အတူ ရာသီၾကိဳခရီးစဥ္ေတြကို လိုက္ပါေတာ့မွာမဟုတ္ဘူးလုိ႔ သိရပါတယ္။ ဂ်ဴဗင္တပ္စ္နဲ႔အတူ တစ္ခါတည္းလိုက္ပါႏိုင္ဖို႔ကိုလည္း ဒီလစ္က ေမွ်ာ္လင့္ေနျပီး စာခ်ဳပ္ပါ အခ်က္အလက္ေတြကို သေဘာတူညီမႈရရွိတာနဲ႔ အေျပာင္းအေရႊ႕က ျပီးေျမာက္ေတာ့မွာျဖစ္ပါတယ္။

ဒီလစ္အေနနဲ႔ ဂ်ဴဗင္တပ္စ္မွာ ခ်န္ပီယံလိဂ္ဆုဖလားကို ရယူေပးႏိုင္ဖို႔ ၾကိဳးစားရမွာျဖစ္ျပီး နာမည္ေက်ာ္ကစားသမားအမ်ားအျပားနဲ႔ တြဲဖက္ကစားရေတာ့မွာလည္း ျဖစ္ပါတယ္။ ျပီးခဲ့တဲ့ရာသီက ခ်န္ပီယံလိဂ္ျပိဳင္ပြဲမွာ ေအဂ်က္ဇ္နဲ႔ ဂ်ဴဗင္တပ္စ္တို႔ ရင္ဆိုင္ခဲ့ၾကရျပီး ႏွစ္ေက်ာ့ေပါင္းရလဒ္နဲ႔ ေအဂ်က္ဇ္က အႏိုင္ယူကာ ေနာက္တဆင့္တက္ခဲ့ျပီး ဒီလစ္က တစ္ဂိုးသြင္းေပးႏိုင္ခဲ့သူျဖစ္ပါတယ္။

Unicode Version

ဒီလစ်ကိုခေါ်ယူဖို့အတွက် သဘောတူညီမှုရရှိခဲ့ပြီဖြစ်ပေမယ့်လည်း ဂျူဗင်တပ်စ်အသင်းက ကစားသမားရဲ့အပြောင်းအရွှေ့ကို အတည်ပြုကြေညာဖို့အတွက် နောက်တစ်ပတ်အထိ စောင့်ဆိုင်းသွားမယ်လိုပ သိရပါတယ်။ ဒီလစ်အတွက် ပေါင် (၆၆)သန်းအထိ ပေးချေကာခေါ်ယူဖို့အတွက် နှစ်ဖက်အသင်းကြားမှာ သဘောတူခဲ့ပြီဖြစ်ပေမယ့်လည်း တူရင်ကလပ်က နောက်ဆုတ်ခဲ့တာဖြစ်ပါတယ်။

ဂျူဗင်တပ်စ်နဲ့ ဒီလစ်တို့က နှုတ်အားဖြင့်ပုဂ္ဂိုလ်ရေးသဘောတူညီမှုကို ရယူထားနိုင်ခဲ့တာဖြစ်ပြီး နောက်ဆုံးအဆင့်ဆွေးနွေးမှုတွေကို ပြုလုပ်သွားဖို့ ရှိနေတာလည်းဖြစ်ပါယ်။ ဟော်လန်သတင်းစာ De Telegraaf က နောက်တစ်ပတ်မှသာ ကစားသမားရဲ့ အပြောင်းအရွှေ့ကို ဂျူဗီက အတည်ပြုထုတ်ပြန်လိမ့်မယ်လို့လည်း ဖော်ပြခဲ့ပါတယ်။

ငါးနှစ်သက်တမ်းရှိတဲ့ စာချုပ်သစ်ကို ချုပ်ဆိုဖို့အတွက် ကြိုးစားနေကြတာဖြစ်ပြီး ဒီလစ်ကတော့ အေဂျက်ဇ်နဲ့အတူ ရာသီကြိုခရီးစဉ်တွေကို လိုက်ပါတော့မှာမဟုတ်ဘူးလို့ သိရပါတယ်။ ဂျူဗင်တပ်စ်နဲ့အတူ တစ်ခါတည်းလိုက်ပါနိုင်ဖို့ကိုလည်း ဒီလစ်က မျှော်လင့်နေပြီး စာချုပ်ပါ အချက်အလက်တွေကို သဘောတူညီမှုရရှိတာနဲ့ အပြောင်းအရွှေ့က ပြီးမြောက်တော့မှာဖြစ်ပါတယ်။

ဒီလစ်အနေနဲ့ ဂျူဗင်တပ်စ်မှာ ချန်ပီယံလိဂ်ဆုဖလားကို ရယူပေးနိုင်ဖို့ ကြိုးစားရမှာဖြစ်ပြီး နာမည်ကျော်ကစားသမားအများအပြားနဲ့ တွဲဖက်ကစားရတော့မှာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အေဂျက်ဇ်နဲ့ ဂျူဗင်တပ်စ်တို့ ရင်ဆိုင်ခဲ့ကြရပြီး နှစ်ကျော့ပေါင်းရလဒ်နဲ့ အေဂျက်ဇ်က အနိုင်ယူကာ နောက်တဆင့်တက်ခဲ့ပြီး ဒီလစ်က တစ်ဂိုးသွင်းပေးနိုင်ခဲ့သူဖြစ်ပါတယ်။

မွတ္ခ်က္မ်ား။