ပရီးမီးယားလိဂ္နာမည္ေက်ာ္ကြင္းလယ္လူကို ဂ်ဴဗီအတြက္ ေခၚယူေစခ်င္ေနတဲ့ ေရာ္နယ္ဒို

‘Carlo proved that he is father to me’ – Gattuso replaces Ancelotti at Napoli

ရီးရဲလ္မက္ဒရစ္တိုက္စစ္မွဴးေရာ္နယ္ဒိုဟာ ေတာ့တင္ဟမ္ကြင္းလယ္လူ အဲရစ္ဆန္ကို ေခၚယူေစခ်င္ေနတယ္လို႔ သတင္းေတြထြက္ေပၚလာခဲ့ပါတယ္။ ေရာ္နယ္ဒိုက အသင္းအေနနဲ႔ အဲရစ္ဆန္ကို ရီးရဲလ္မက္ဒရစ္က ေခၚယူျခင္းမရွိခ်ိန္မွာ အလ်င္အျမန္ေခၚယူေစခ်င္ေနျပီး ဂ်ဴဗင္တပ္စ္တိုက္စစ္ပိုင္းအတြက္ အမ်ားၾကီးအသံုး၀င္မယ္လို႔ ယံုၾကည္ေနတာလည္းျဖစ္ပါတယ္။

‘Inter and Napoli one step higher than the rest’ says Chiellini as Juventus get set to defend their Serie A title

ဒိန္းမတ္ကြင္းလယ္ၾကယ္ပြင့္ဟာ စပါးနဲ႔ စာခ်ဳပ္သက္တမ္းေနာက္ဆံုးႏွစ္ကို ေရာက္ရွိေနသူလည္း ျဖစ္ပါတယ္။ အသင္းနဲ႔ စာခ်ဳပ္သစ္မခ်ဳပ္ဆိုရေသးသလို အဲရစ္ဆန္ကလည္း စပါးကေန ထြက္ခြာခ်င္တယ္လုိ႔ ေျပာဆိုထားျပီး ရီးရဲလ္မက္ဒရစ္ကို ေျပာင္းေရႊ႕ခ်င္ေနေပမယ့္ စပိန္ကလပ္က အခုခ်ိန္ထိ ကမ္းလွမ္းမႈမရွိေသးလို႔ အသင္းမွာ ဆက္လက္ရွိေနတာလည္းျဖစ္ပါတယ္။

ဒီအတြက္ ေရာ္နယ္ဒိုက ရိးရဲလ္ထက္ လက္ဦးမႈရယူခ်င္ေနျပီး အသင္းအင္အားကို ပိုမိုေတာင့္တင္းသြားေစဖို႔ အလိုရွိေနခဲ့ပါတယ္။ အဲရစ္ဆန္ဟာ ကြင္းလယ္တုိက္စစ္ပိုင္းကို အေကာင္းဆံုးပံုေဖာ္ကစားႏိုင္သူျဖစ္ျပီး ကိုယ္တိုင္လည္း ဂိုးသြင္းႏိုင္စြမ္းရွိတဲ့ ကစားသမားတစ္ဦးျဖစ္လို႔ ခ်န္ပီယံလိဂ္မွာ ဂ်ဴဗီနဲ႔အတူ ေအာင္ျမင္ခ်င္ေနတဲ့ ေရာ္နယ္ဒိုက ပူးေပါင္းကစားခ်င္ေနတာျဖစ္ပါတယ္။

အဲရစ္ဆန္ကိုသာ ေခၚယူႏိုင္ခဲ့မယ္ဆုိရင္ ခ်န္ပီယံလိဂ္ဖလားကို ဆြတ္ခူးႏိုင္ဖို႔ ပိုမိုနီးစပ္လာလိမ့္မယ္လုိ႔လည္း ေရာ္နယ္ဒိုက ယံုၾကည္ေနေၾကာင္းသိရပါတယ္။ ေရာ္နယ္ဒိုကေတာ့ အသင္းရဲ႕ အေျပာင္းအေရႊ႕ေတြနဲ႔ ပတ္သက္ျပီး တစ္စိတ္တစ္ပိုင္း ပါ၀င္ပတ္သက္ေနသူျဖစ္ကာ ဒီလစ္ကိုေခၚယူခဲ့မႈမွာလည္း သူ႔ရဲ႕အၾကံေပးမႈေတြပါ၀င္ခဲ့တယ္လို႔ သိရပါတယ္။

Unicode Version

ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးရော်နယ်ဒိုဟာ တော့တင်ဟမ်ကွင်းလယ်လူ အဲရစ်ဆန်ကို ခေါ်ယူစေချင်နေတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ ရော်နယ်ဒိုက အသင်းအနေနဲ့ အဲရစ်ဆန်ကို ရီးရဲလ်မက်ဒရစ်က ခေါ်ယူခြင်းမရှိချိန်မှာ အလျင်အမြန်ခေါ်ယူစေချင်နေပြီး ဂျူဗင်တပ်စ်တိုက်စစ်ပိုင်းအတွက် အများကြီးအသုံးဝင်မယ်လို့ ယုံကြည်နေတာလည်းဖြစ်ပါတယ်။

ဒိန်းမတ်ကွင်းလယ်ကြယ်ပွင့်ဟာ စပါးနဲ့ စာချုပ်သက်တမ်းနောက်ဆုံးနှစ်ကို ရောက်ရှိနေသူလည်း ဖြစ်ပါတယ်။ အသင်းနဲ့ စာချုပ်သစ်မချုပ်ဆိုရသေးသလို အဲရစ်ဆန်ကလည်း စပါးကနေ ထွက်ခွာချင်တယ်လို့ ပြောဆိုထားပြီး ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ချင်နေပေမယ့် စပိန်ကလပ်က အခုချိန်ထိ ကမ်းလှမ်းမှုမရှိသေးလို့ အသင်းမှာ ဆက်လက်ရှိနေတာလည်းဖြစ်ပါတယ်။

ဒီအတွက် ရော်နယ်ဒိုက ရိးရဲလ်ထက် လက်ဦးမှုရယူချင်နေပြီး အသင်းအင်အားကို ပိုမိုတောင့်တင်းသွားစေဖို့ အလိုရှိနေခဲ့ပါတယ်။ အဲရစ်ဆန်ဟာ ကွင်းလယ်တိုက်စစ်ပိုင်းကို အကောင်းဆုံးပုံဖော်ကစားနိုင်သူဖြစ်ပြီး ကိုယ်တိုင်လည်း ဂိုးသွင်းနိုင်စွမ်းရှိတဲ့ ကစားသမားတစ်ဦးဖြစ်လို့ ချန်ပီယံလိဂ်မှာ ဂျူဗီနဲ့အတူ အောင်မြင်ချင်နေတဲ့ ရော်နယ်ဒိုက ပူးပေါင်းကစားချင်နေတာဖြစ်ပါတယ်။

အဲရစ်ဆန်ကိုသာ ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ဖို့ ပိုမိုနီးစပ်လာလိမ့်မယ်လို့လည်း ရော်နယ်ဒိုက ယုံကြည်နေကြောင်းသိရပါတယ်။ ရော်နယ်ဒိုကတော့ အသင်းရဲ့ အပြောင်းအရွှေ့တွေနဲ့ ပတ်သက်ပြီး တစ်စိတ်တစ်ပိုင်း ပါဝင်ပတ်သက်နေသူဖြစ်ကာ ဒီလစ်ကိုခေါ်ယူခဲ့မှုမှာလည်း သူ့ရဲ့အကြံပေးမှုတွေပါဝင်ခဲ့တယ်လို့ သိရပါတယ်။

မွတ္ခ်က္မ်ား။