ယူနိုက်တက်နဲ့ ပတ်သက်တဲ့ သတင်းတွေကို တုံ့ပြန်သွားခဲ့တဲ့ မီလင်ကိုဗစ်ဆာဗစ်
Sarri working daily to enhance Ronaldo-Dybala on-pitch dynamic
‘Neymar doesn’t belong to us – I’m only focused on my own players’ – Valverde
“ လာဇီယိုက ထွက်ခွာချင်တယ်လို့ ကျွန်တော်ဘယ်တုန်းကမှ မပြောခဲ့ဖူးပါဘူး၊ ဒီမှာ ကျွန်တော်ပျော်ရွှင်နေပါတယ်၊ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ဖို့လည်း ကျွန်တော် တစ်ခါမှ မပြောခဲ့ပါဘူး၊ အဲဒါတွေက စာရွက်တွေပေါ်မှာ ပြောနေကြတာတွေပါ၊ လာဇီယိုနဲ့အတူ
Unicode Version
လာဇီယိုကွင်းလယ်လူမီလင်ကိုဗစ်ဆာဗစ်က သူ့အနေနဲ့ အသင်းကနေ ထွက်ခွာဖို့ ဘယ်တုန်းကမှ မစဉ်းစားခဲ့ဖူးဘူးလို ့ပြောဆိုပြီး အပြောင်းအရွှေ့သတင်းတွေကို ငြင်းဆန်သွားခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းက ခေါ်ယူမယ်လို့ သတင်းတွေ ထွက်ခဲ့တဲ့အပေါ်မှာလည်း ဆာဗစ်က ကောလာဟလသတင်းတွေလို့ တုံ့ပြန်သွားခဲ့ပါတယ်။
ဆာဘီးယားကွင်းလယ်ကစားသမားဟာ လာဇီယိုရဲ့ အဓိကကွင်းလယ်လူဖြစ်ပြီး ရောမကလပ်ကနေ ထွက်ခွာချင်နေတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်၊ ပီအက်စ်ဂျီနဲ့ ရီးရဲလ်မက်ဒရစ်တို့က သူ့ကို စိတ်ဝင်စားနေခဲ့ကြပြီး ကစားသမားကလည်း အသင်းက ပြောင်းရွှေ့ချင်တယ်လို့ သတင်းစာများက ရေးသားခဲ့ကြတာဖြစ်ပါတယ်။
“ လာဇီယိုက ထွက်ခွာချင်တယ်လို့ ကျွန်တော်ဘယ်တုန်းကမှ မပြောခဲ့ဖူးပါဘူး၊ ဒီမှာ ကျွန်တော်ပျော်ရွှွင်နေပါတယ်၊ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ဖို့လည်း ကျွန်တော် တစ်ခါမှ မပြောခဲ့ပါဘူး၊ အဲဒါတွေက စာရွက်တွေပေါ်မှာ ပြောနေကြတာတွေပါ၊ လာဇီယိုနဲ့အတူ
နောက်ထပ်တိုက်ပွဲတွေဝင်ဖို့ ကျွန်တော်စောင့်ဆိုင်းနေပါတယ်” လို့ ဆာဗစ်က ပြောသွားခဲ့ပါတယ်။
လာဇီယိုအသင်းကတော့ ပြီးခဲ့တဲ့ရာသီမှာ ကိုပါအီတာလီယာဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီး ကာလရှည်ဆုဖလားမရရှိခဲ့မှုကို အဆုံးသတ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ဆာဗစ်က ဗိုလ်လုပွဲမှာ အသင်းအတွက် အနိုင်ဂိုးတစ်ဂိုးသွင်းယူပေးနိုင်ခဲ့ပြီး ခြေစွမး်ပြခဲ့ကာ အဓိကကစားသမားအဖြစ်နဲ့လည်း အသင်းမှာ ရှိနေဆဲဖြစ်ပါတယ်။
မွတ္ခ်က္မ်ား။