အီတလီသတင္းဌာနတစ္ခုျဖစ္တဲံ Calciomercato ရဲ႕ ေဖာ္ျပခ်က္အရ ဂ်ဴဗင္တပ္စ္အသင္းဟာ ေတာ့တင္ဟမ္ကြင္းလယ္လူအဲရစ္ဆန္ကို ေခၚယူႏိုင္ဖို႔ နီးစပ္ေနျပီလို႔ သိရပါတယ္။ ကစားသမားနဲ႔ သေဘာတူညီမႈကို ဂ်ဴဗီက ရယူႏိုင္ေတာ့မွာျဖစ္ျပီး အဲရစ္ဆန္ကလည္း အီတလီစီးရီးေအကို သြားေရာက္ကစားဖို႔ ဆံုးျဖတ္ဖြယ္ရွိေနေၾကာင္းလည္း သိရပါတယ္။
Eight seasons after winning the Bundesliga with Dortmund, can Perisic now do it in the red of Bayern?
စပါးနဲ႔ စာခ်ဳပ္သက္တမ္း တစ္ႏွစ္သာ က်န္ရွိေတာ့တဲ့ အဲရစ္ဆန္ဟာ လက္ရွိအခ်ိန္ထိ စာခ်ဳပ္သစ္မခ်ဳပ္ဆိုရေသးသလို အသင္းကေန ထြက္ခြာခ်င္တယ္လို႔ တရား၀င္ေျပာၾကားထားသူျဖစ္ပါတယ္။ ေတာ့တင္ဟမ္ရဲ႕ အဓိကကြငး္လယ္လူအျဖစ္နဲ႔ ပရီးမီးယားလိဂ္မွာ ေျခစြမ္းျပေနခဲ့တဲ့ အဲရစ္ဆန္ကို ရီးရဲလ္မက္ဒရစ္နဲ႔ ယူႏိုက္တက္တို႔ကလည္း ေခၚယူခ်င္ေနပါတယ္။
စပါးက အဲရစ္ဆန္အတြက္ ေပါင္သန္း ၁၀၀ အထိ အလိုရွိေနေပမယ့္ ကစားသမားရဲ႕ စာခ်ဳပ္သက္တမ္းေၾကာင့္ သူတို႔လိုခ်င္တဲ့ ေျပာင္းေရႊ႕ေၾကးကို ရရွိဖို႔က ခက္ခဲေနပါတယ္။ ရာဘီေယာ့နဲ႔ ရမ္ေဆးတို႔ကို အလြတ္ေခၚယူထားႏိုင္ခဲ့တဲ့ ဂ်ဴဗီက အဲရစ္ဆန္ကိုပါ ထပ္မံေခၚယူခ်င္ေနျပီး ခ်န္ပီယံလိဂၤ္မွာ အေကာင္းဆံုးအသင္းပံုစံနဲ႔ ကစားခ်င္ေနတာျဖစ္ပါတယ္။
အေျပာင္းအေရႊ႕လႈပ္ရွားမႈေတြမွာ ထူးခၽြန္တယ္လို႔ နာမည္ၾကီးေနတဲ့ ဂ်ဴဗင္တပ္စ္က အဲရစ္ဆန္ကို ေခၚယူမႈမွာလည္း သူတို႔အသင္းရဲ႕ ထံုးစံအတိုင္း မက္ေမာေလာက္ဖြယ္ လစာေငြနဲ႔ ကမ္းလွမ္းျပီး ၾကိဳတင္သေဘာတူညီမႈ ရယူထားဖြယ္ရွိေနပါတယ္။ အဲရစ္ဆန္အေနန႔ဲ ဇန္န၀ါရီမွာ ႏွစ္သက္ရာအသင္းနဲ႔ ၾကိဳတင္သေဘာတူညီမႈရယူႏိုင္မွာျဖစ္ျပီး ဂ်ဴဗီက အလြတ္ေခၚယူႏိုင္ဖို႔အထိ ေမွ်ာ္လင့္ေနတယ္လုိ႔ သိရပါတယ္။
Unicode Version
အီတလီသတင်းဌာနတစ်ခုဖြစ်တဲံ Calciomercato ရဲ့ ဖော်ပြချက်အရ ဂျူဗင်တပ်စ်အသင်းဟာ တော့တင်ဟမ်ကွင်းလယ်လူအဲရစ်ဆန်ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ ကစားသမားနဲ့ သဘောတူညီမှုကို ဂျူဗီက ရယူနိုင်တော့မှာဖြစ်ပြီး အဲရစ်ဆန်ကလည်း အီတလီစီးရီးအေကို သွားရောက်ကစားဖို့ ဆုံးဖြတ်ဖွယ်ရှိနေကြောင်းလည်း သိရပါတယ်။
စပါးနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့တဲ့ အဲရစ်ဆန်ဟာ လက်ရှိအချိန်ထိ စာချုပ်သစ်မချုပ်ဆိုရသေးသလို အသင်းကနေ ထွက်ခွာချင်တယ်လို့ တရားဝင်ပြောကြားထားသူဖြစ်ပါတယ်။ တော့တင်ဟမ်ရဲ့ အဓိကကွငး်လယ်လူအဖြစ်နဲ့ ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြနေခဲ့တဲ့ အဲရစ်ဆန်ကို ရီးရဲလ်မက်ဒရစ်နဲ့ ယူနိုက်တက်တို့ကလည်း ခေါ်ယူချင်နေပါတယ်။
စပါးက အဲရစ်ဆန်အတွက် ပေါင်သန်း ၁၀၀ အထိ အလိုရှိနေပေမယ့် ကစားသမားရဲ့ စာချုပ်သက်တမ်းကြောင့် သူတို့လိုချင်တဲ့ ပြောင်းရွှေ့ကြေးကို ရရှိဖို့က ခက်ခဲနေပါတယ်။ ရာဘီယော့နဲ့ ရမ်ဆေးတို့ကို အလွတ်ခေါ်ယူထားနိုင်ခဲ့တဲ့ ဂျူဗီက အဲရစ်ဆန်ကိုပါ ထပ်မံခေါ်ယူချင်နေပြီး ချန်ပီယံလိင်္ဂ်မှာ အကောင်းဆုံးအသင်းပုံစံနဲ့ ကစားချင်နေတာဖြစ်ပါတယ်။
အပြောင်းအရွှေ့လှုပ်ရှားမှုတွေမှာ ထူးချွန်တယ်လို့ နာမည်ကြီးနေတဲ့ ဂျူဗင်တပ်စ်က အဲရစ်ဆန်ကို ခေါ်ယူမှုမှာလည်း သူတို့အသင်းရဲ့ ထုံးစံအတိုင်း မက်မောလောက်ဖွယ် လစာငွေနဲ့ ကမ်းလှမ်းပြီး ကြိုတင်သဘောတူညီမှု ရယူထားဖွယ်ရှိနေပါတယ်။ အဲရစ်ဆန်အနေနဲ့ ဇန်နဝါရီမှာ နှစ်သက်ရာအသင်းနဲ့ ကြိုတင်သဘောတူညီမှုရယူနိုင်မှာဖြစ်ပြီး ဂျူဗီက အလွတ်ခေါ်ယူနိုင်ဖို့အထိ မျှော်လင့်နေတယ်လို့ သိရပါတယ်။