ေျပာင္းေရႊ႕ေၾကးမေပးရပဲ ဂ်ဴဗင္တပ္စ္ ရရွိခဲ့တဲ့ ကမၻာေက်ာ္ကစားသမား (၅)ဦး

‘I’ll wear anything as long as I’m not naked!’ – Sarri

အာရြန္ရမ္ေဆးကို အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူအျပီးမွာ ဂ်ဴဗင္တပ္စ္ကို အေျပာင္းအေရႊ႕မွာ ဖ်ံက်လြန္းသူၾကီးရယ္လုိ႔ တင္စားလာခဲ့ၾကပါျပီ။ ရမ္ေဆးလို ကစားသမားမ်ိဳးကို ေျပာင္းေရႊ႕ေၾကးတစ္ျပားတစ္ခ်ပ္မွ မေပးရပဲ ေခၚယူႏိုင္ခဲ့တဲ့ သူတုိ႔ရဲ႕ လုပ္ရပ္ကိုလည္း အားလံုးက ခ်ီးက်ဴးအသိအမွတ္ျပဳခဲ့ၾကပါတယ္။ စိတ္၀င္စားေနတဲ့ အသင္းေတြနဲ႔ အျပိဳင္အဆိုင္ၾကားထဲကေန ဂ်ဴဗီက ရေအာင္ ေခၚယူႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။ ဒီလိုအျဖစ္မ်ိဳးက ဂ်ဴဗီအတြက္ေတာ့ ငွက္ေပ်ာသီးအခြံႏႊာတာေလာက္ေတာင္မွ မခက္တဲ့ ကိစၥလည္း ျဖစ္ေနတာကိုး။ ဘာလို႔လဲဆိုေတာ့ လြန္ေလျပီးေသာ ႏွစ္ေတြမွာလည္း ဂ်ဴဗီက ဒီလိုမ်ိဳး ေျပာင္ေျမာက္တဲ့ ေခၚယူမႈေတြကို ျပဳလုပ္ခဲ့ျပီးသား ျဖစ္ေနလို႔ပါ။

အမ္မရီခ်န္

အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ သူတို႔ ေခၚယူႏိုင္ခဲ့တဲ့ ထိပ္တန္းကစားသမားထဲမွာဆိုရင္ အမ္မရီခ်န္လည္း ပါ၀င္ပါတယ္။ ဒီကစားသမားက လီဗာပူးလ္မွာ ေျခစြမ္းျပကစားေနခဲ့ျပီးေတာ့ ယာဂင္ကေလာ့ပ္ရဲ႕ အၾကိဳက္ဆံုးကစားသမားေတြထဲက တစ္ဦးလည္း ျဖစ္ပါတယ္။ လီဗာပူးလ္မွာ ေတာက္ပတဲ့ ေျခစြမ္းေတြကို ျပသခဲ့ျပီးေနာက္မွာ အမ္မရီခ်န္က လီဗာပူးလ္နဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ ျငင္းဆိုခဲ့ျပီး အသင္းေျပာင္းေရႊ႕ဖို႔ ဆံုးျဖတ္ခဲ့တာပါ။ ဒီကစားသမားကို ဂ်ဴဗီက ဆြဲေဆာင္ႏိုင္ခဲ့ျပီးေတာ့ အသက္ (၂၄)ႏွစ္အရြယ္ ဂ်ာမနီကြင္းလယ္လူကို ရရွိသြားခဲ့ပါတယ္။ ဥေရာပရဲ႕ ထိပ္တန္းကြင္းလယ္လူေတြထဲက တစ္ဦးကို ဂ်ဴဗီတို႔ ေခၚယူႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒီရာသီမွာ အသင္းအတြက္ အမ္မရီခ်န္က (၁၃)ပြဲ ပါ၀င္ကစားေပးထားျပီး (၁)ၾကိမ္ ဂိုးဖန္တီးေပးထားခဲ့ပါတယ္။

ဒန္နီအဲဗက္စ္

ဘာစီလိုနာနဲ႔အတူ ဆြတ္ခူးစရာ ဆုဖလားမရွိေတာ့တဲ့အခ်ိန္မွာ အသင္းေျပာင္းဖို႔အတြက္ အဲဗက္စ္က ဆံုးျဖတ္ခဲ့ပါတယ္။ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ထြက္ခြာခြင့္ရခ်ိန္မွာ သူ႔ကို ဂ်ဴဗီက ကမ္းလွမ္းခဲ့ျပီး တူရင္ကို အေရာက္ေခၚယူႏိုင္ခဲ့ပါတယ္။ ဘရာဇီးလ္ကစားသမားဟာ ကမၻာ့အေကာင္းဆံုး ညာေနာက္ခံတစ္ဦးအျဖစ္ စပိန္မွာ ေျခစြမ္းျပေနခဲ့ျပီးေတာ့ ဆုဖလားအမ်ားအျပားကို ဆြတ္ခူးႏိုင္ခဲ့ပါတယ္။ ၂၀၁၆ မွာေတာ့ ဂ်ဴဗီကို (၂)ႏွစ္စာခ်ဳပ္နဲ႔ ေျပာင္းေရႊ႕ခဲ့ျပီး ပထမဆံုးရာသီမွာပဲ အသင္းအတြက္ (၆)ဂိုး သြင္းကာ (၇)ၾကိမ္ဖန္တီးေပးျပီး ေျခစြမ္းျပႏိုင္ခဲ့ပါတယ္။ ခံစစ္ကေန တိုက္စစ္ကို လိုက္ပါကစားရာမွာ ထူးခၽြန္တဲ့ အဲဗက္စ္ဟာ ဂ်ဴဗီနဲ႔အတူ အမွတ္ေပးဖလား နဲ႔ ကိုပါအီတာလီယာဖလားေတြကိုပါ သိမ္းပိုက္ႏိုင္ခဲ့ျပီးေနာက္ အခုေတာ့ ပီအက္စ္ဂ်ီမွာ ကစားလ်က္ရွိပါတယ္။

ဆမ္မီခီဒီရာ

အသက္ (၃၁)ႏွစ္အရြယ္ ဂ်ာမနီကြင္းလယ္လူဟာ ၂၀၀၆-၀၇ ေဘာလံုးရာသီမွာ စတုဂတ္အတြက္ ေျခစြမ္းျပကစားေပးခဲ့သူ ျဖစ္ပါတယ္။ ကစားဖူးခဲ့တဲ့ အသင္းတိုင္းမွာ အမွတ္ေပးဖလားကို ဆြတ္ခူးႏိုင္ခဲ့သူျဖစ္ျပီးေတာ့ ဂ်ဴဗီနဲ႔ဆိုရင္ စီးရီးေအဆုဖလားကို (၃)ၾကိမ္ဆက္တိုက္
ဗိုလ္စြဲထားခဲ့ျပီး ျဖစ္ပါတယ္။ ရီးရဲလ္မက္ဒရစ္မွာလည္း ေအာင္ျမင္ခဲ့တဲ့ ကစားသမားဘ၀ကို ခီဒီရာက ပိုင္ဆိုင္ခဲ့ျပီးေတာ့ လက္ရွိရာသီအျပီးမွာေတာ့ သူက ဂ်ဴဗီကေန ထြက္ခြာျပီး ဂ်ာမနီကို ျပန္လည္သြားေရာက္ကစားေတာ့မယ္လို႔ သိရပါတယ္။ ဒီကစားသမားကို ဂ်ဴဗီက အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ပဲ ရီးရဲလ္မက္ဒရစ္အသင္းဆီက ရရွိခဲ့တာျဖစ္ျပီး အသင္းအတြက္ အက်ိဳးရွိတဲ့ ကစားသမားကို ဂ်ဴဗင္တပ္စ္တုိ႔ ထပ္မံျပီး ရရွိခဲ့မႈ ျဖစ္ခဲ့ပါတယ္။

ေပါ့ဂ္ဘာ

ဒီဇာတ္လမ္းကေတာ့ အားလံုးသိျပီးသားပါ။ ယူႏိုက္တက္မွာ ေနရာမရတဲ့ ေပါ့ဂ္ဘာကို နစ္နာေၾကးအျဖစ္ ဂ်ဴဗီက ေပါင္(၁)သိန္းသာ ယူႏုိက္တက္ကို ေပးေခ်ခဲ့ရျပီးေတာ့ ျပန္လည္ေရာင္းခ်ရာမွာေတာ့ ကမၻာ့စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးျဖစ္တဲ့ ေပါင္ ၈၉သန္းအထိ ရရွိခဲ့တဲ့အထိ
ေအာင္ျမင္ခဲ့တဲ အေျပာင္းအေရႊ႕ဇာတ္လမ္းပါ။ ၂၀၁၂ ခုႏွစ္မွာ ဂ်ဴဗီကို ေျပာင္းေရႊ႕ခဲ့ျပီး (၄)ႏွစ္ၾကာကစားခဲ့တဲ့ေနာက္မွာ ေပါ့ဂ္ဘာက ထိပ္တန္းကစားသမားအျဖစ္ ယူႏိုက္တက္ကို ျပန္လည္ေရာက္ရွိလာခဲ့တာ ျဖစ္ပါတယ္။ ဂ်ဴဗင္တပ္စ္ကြင္းလယ္မွာ နာမည္ေက်ာ္ကစားသမား ပါလိုနဲ႔ တြဲဖက္ကစားျပီးေတာ့ ေျခစြမ္းတိုးတက္လာခဲ့တဲ့ ေပါ့ဂ္ဘာက ဂ်ဴဗီရဲ႕ အဓိကကစားသမား ျဖစ္ခဲ့တာပါ။ အလြတ္ေခၚယူခဲ့တဲ့ ကစားသမားေတြထဲမွာ ေငြေၾကးအရ အက်ိဳးအျမတ္အရွိဆံုး ျဖစ္ေစခဲ့တဲ့ အေျပာင္းအေရႊ႕ကို ဂ်ဴဗီတို႔ ဖန္တီးႏိုင္ခဲ့ပါတယ္။

ပါလို

အီတလီရဲ႕ အေကာင္းဆံုးကြင္းလယ္ကစားသမားကို ဂ်ဴဗီက အလြတ္ရရွိခဲတာပါ။ ကမၻာ့အေကာင္းဆံုး ကြင္းလယ္လူေတြထဲမွာလည္း တစ္ဦးအပါအ၀င္ျဖစ္တဲ့ ဒီကစားသမားဟာ ေအစီမီလန္ကေန အလြတ္ေျပာင္းေရႊ႕ခဲ့သူျဖစ္ျပီးေတာ့ ၂၀၁၁ ခုႏွစ္မွာ ဂ်ဴဗီကို ေျပာင္းေရႊ႕ေၾကး
မေပးေခ်ရပဲ ေရာက္ရွိခဲ့သူ ျဖစ္ပါတယ္။ ဒါဟာ ရာစုႏွစ္အတြင္းမွာ အေကာင္းဆံုးျဖစ္ခဲ့တဲ့ အေျပာင္းအေရႊ႕တစ္ခုလို႔ ဂ်ဴဗီဂိုးသမားေဟာင္း ဘူဖြန္ကေတာင္ မွတ္ခ်က္ခ်ခဲ့ရပါတယ္။ ပါလိုဟာ အသက္အရြယ္နဲ႔မလိုက္ဖက္ေအာင္ ေျခစြမ္းျပကစားခဲ့ျပီး ဂ်ဴဗင္တပ္စ္နဲ႔အတူ အမွတ္ေပးဖလားကို (၄)ၾကိမ္ဆက္တိုက္ ဆြတ္ခူးရရွိခဲ့ျပီးေတာ့ ဒီကစားသမားကို ေခၚယူႏိုင္ခဲ့မႈ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ဂ်ဴဗီေခၚယူႏိုင္ခဲ့မႈေတြထဲမွာ ထိပ္ဆံုးကေန ရပ္တည္ႏိုင္ခဲ့ပါတယ္။

Unicode Version

အာရွန်ရမ်ဆေးကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူအပြီးမှာ ဂျူဗင်တပ်စ်ကို အပြောင်းအရွှေ့မှာ ဖျံကျလွန်းသူကြီးရယ်လို့ တင်စားလာခဲ့ကြပါပြီ။ ရမ်ဆေးလို ကစားသမားမျိုးကို ပြောင်းရွှေ့ကြေးတစ်ပြားတစ်ချပ်မှ မပေးရပဲ ခေါ်ယူနိုင်ခဲ့တဲ့ သူတို့ရဲ့ လုပ်ရပ်ကိုလည်း အားလုံးက ချီးကျူးအသိအမှတ်ပြုခဲ့ကြပါတယ်။ စိတ်ဝင်စားနေတဲ့ အသင်းတွေနဲ့ အပြိုင်အဆိုင်ကြားထဲကနေ ဂျူဗီက ရအောင် ခေါ်ယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒီလိုအဖြစ်မျိုးက ဂျူဗီအတွက်တော့ ငှက်ပျောသီးအခွံနွှာတာလောက်တောင်မှ မခက်တဲ့ ကိစ္စလည်း ဖြစ်နေတာကိုး။ ဘာလို့လဲဆိုတော့ လွန်လေပြီးသော နှစ်တွေမှာလည်း ဂျူဗီက ဒီလိုမျိုး ပြောင်မြောက်တဲ့ ခေါ်ယူမှုတွေကို ပြုလုပ်ခဲ့ပြီးသား ဖြစ်နေလို့ပါ။

အမ်မရီချန်

အလွတ်ပြောင်းရွှေ့ကြေးနဲ့ သူတို့ ခေါ်ယူနိုင်ခဲ့တဲ့ ထိပ်တန်းကစားသမားထဲမှာဆိုရင် အမ်မရီချန်လည်း ပါဝင်ပါတယ်။ ဒီကစားသမားက လီဗာပူးလ်မှာ ခြေစွမ်းပြကစားနေခဲ့ပြီးတော့ ယာဂင်ကလော့ပ်ရဲ့ အကြိုက်ဆုံးကစားသမားတွေထဲက တစ်ဦးလည်း ဖြစ်ပါတယ်။ လီဗာပူးလ်မှာ တောက်ပတဲ့ ခြေစွမ်းတွေကို ပြသခဲ့ပြီးနောက်မှာ အမ်မရီချန်က လီဗာပူးလ်နဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ ငြင်းဆိုခဲ့ပြီး အသင်းပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဒီကစားသမားကို ဂျူဗီက ဆွဲဆောင်နိုင်ခဲ့ပြီးတော့ အသက် (၂၄)နှစ်အရွယ် ဂျာမနီကွင်းလယ်လူကို ရရှိသွားခဲ့ပါတယ်။ ဥရောပရဲ့ ထိပ်တန်းကွင်းလယ်လူတွေထဲက တစ်ဦးကို ဂျူဗီတို့ ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီရာသီမှာ အသင်းအတွက် အမ်မရီချန်က (၁၃)ပွဲ ပါဝင်ကစားပေးထားပြီး (၁)ကြိမ် ဂိုးဖန်တီးပေးထားခဲ့ပါတယ်။

ဒန်နီအဲဗက်စ်

ဘာစီလိုနာနဲ့အတူ ဆွတ်ခူးစရာ ဆုဖလားမရှိတော့တဲ့အချိန်မှာ အသင်းပြောင်းဖို့အတွက် အဲဗက်စ်က ဆုံးဖြတ်ခဲ့ပါတယ်။ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ရချိန်မှာ သူ့ကို ဂျူဗီက ကမ်းလှမ်းခဲ့ပြီး တူရင်ကို အရောက်ခေါ်ယူနိုင်ခဲ့ပါတယ်။ ဘရာဇီးလ်ကစားသမားဟာ ကမ္ဘာ့အကောင်းဆုံး ညာနောက်ခံတစ်ဦးအဖြစ် စပိန်မှာ ခြေစွမ်းပြနေခဲ့ပြီးတော့ ဆုဖလားအများအပြားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ၂၀၁၆ မှာတော့ ဂျူဗီကို (၂)နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ပြီး ပထမဆုံးရာသီမှာပဲ အသင်းအတွက် (၆)ဂိုး သွင်းကာ (၇)ကြိမ်ဖန်တီးပေးပြီး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ခံစစ်ကနေ တိုက်စစ်ကို လိုက်ပါကစားရာမှာ ထူးချွန်တဲ့ အဲဗက်စ်ဟာ ဂျူဗီနဲ့အတူ အမှတ်ပေးဖလား နဲ့ ကိုပါအီတာလီယာဖလားတွေကိုပါ သိမ်းပိုက်နိုင်ခဲ့ပြီးနောက် အခုတော့ ပီအက်စ်ဂျီမှာ ကစားလျက်ရှိပါတယ်။

ဆမ်မီခီဒီရာ

အသက် (၃၁)နှစ်အရွယ် ဂျာမနီကွင်းလယ်လူဟာ ၂၀၀၆-၀၇ ဘောလုံးရာသီမှာ စတုဂတ်အတွက် ခြေစွမ်းပြကစားပေးခဲ့သူ ဖြစ်ပါတယ်။ ကစားဖူးခဲ့တဲ့ အသင်းတိုင်းမှာ အမှတ်ပေးဖလားကို ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပြီးတော့ ဂျူဗီနဲ့ဆိုရင် စီးရီးအေဆုဖလားကို (၃)ကြိမ်ဆက်တိုက်
ဗိုလ်စွဲထားခဲ့ပြီး ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်မှာလည်း အောင်မြင်ခဲ့တဲ့ ကစားသမားဘဝကို ခီဒီရာက ပိုင်ဆိုင်ခဲ့ပြီးတော့ လက်ရှိရာသီအပြီးမှာတော့ သူက ဂျူဗီကနေ ထွက်ခွာပြီး ဂျာမနီကို ပြန်လည်သွားရောက်ကစားတော့မယ်လို့ သိရပါတယ်။ ဒီကစားသမားကို ဂျူဗီက အလွတ်ပြောင်းရွှေ့ကြေးနဲ့ပဲ ရီးရဲလ်မက်ဒရစ်အသင်းဆီက ရရှိခဲ့တာဖြစ်ပြီး အသင်းအတွက် အကျိုးရှိတဲ့ ကစားသမားကို ဂျူဗင်တပ်စ်တို့ ထပ်မံပြီး ရရှိခဲ့မှု ဖြစ်ခဲ့ပါတယ်။

ပေါ့ဂ်ဘာ

ဒီဇာတ်လမ်းကတော့ အားလုံးသိပြီးသားပါ။ ယူနိုက်တက်မှာ နေရာမရတဲ့ ပေါ့ဂ်ဘာကို နစ်နာကြေးအဖြစ် ဂျူဗီက ပေါင်(၁)သိန်းသာ ယူနိုက်တက်ကို ပေးချေခဲ့ရပြီးတော့ ပြန်လည်ရောင်းချရာမှာတော့ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင် ၈၉သန်းအထိ ရရှိခဲ့တဲ့အထိ
အောင်မြင်ခဲ့တဲ အပြောင်းအရွှေ့ဇာတ်လမ်းပါ။ ၂၀၁၂ ခုနှစ်မှာ ဂျူဗီကို ပြောင်းရွှေ့ခဲ့ပြီး (၄)နှစ်ကြာကစားခဲ့တဲ့နောက်မှာ ပေါ့ဂ်ဘာက ထိပ်တန်းကစားသမားအဖြစ် ယူနိုက်တက်ကို ပြန်လည်ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ဂျူဗင်တပ်စ်ကွင်းလယ်မှာ နာမည်ကျော်ကစားသမား ပါလိုနဲ့ တွဲဖက်ကစားပြီးတော့ ခြေစွမ်းတိုးတက်လာခဲ့တဲ့ ပေါ့ဂ်ဘာက ဂျူဗီရဲ့ အဓိကကစားသမား ဖြစ်ခဲ့တာပါ။ အလွတ်ခေါ်ယူခဲ့တဲ့ ကစားသမားတွေထဲမှာ ငွေကြေးအရ အကျိုးအမြတ်အရှိဆုံး ဖြစ်စေခဲ့တဲ့ အပြောင်းအရွှေ့ကို ဂျူဗီတို့ ဖန်တီးနိုင်ခဲ့ပါတယ်။

ပါလို

အီတလီရဲ့ အကောင်းဆုံးကွင်းလယ်ကစားသမားကို ဂျူဗီက အလွတ်ရရှိခဲတာပါ။ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူတွေထဲမှာလည်း တစ်ဦးအပါအဝင်ဖြစ်တဲ့ ဒီကစားသမားဟာ အေစီမီလန်ကနေ အလွတ်ပြောင်းရွှေ့ခဲ့သူဖြစ်ပြီးတော့ ၂၀၁၁ ခုနှစ်မှာ ဂျူဗီကို ပြောင်းရွှေ့ကြေး
မပေးချေရပဲ ရောက်ရှိခဲ့သူ ဖြစ်ပါတယ်။ ဒါဟာ ရာစုနှစ်အတွင်းမှာ အကောင်းဆုံးဖြစ်ခဲ့တဲ့ အပြောင်းအရွှေ့တစ်ခုလို့ ဂျူဗီဂိုးသမားဟောင်း ဘူဖွန်ကတောင် မှတ်ချက်ချခဲ့ရပါတယ်။ ပါလိုဟာ အသက်အရွယ်နဲ့မလိုက်ဖက်အောင် ခြေစွမ်းပြကစားခဲ့ပြီး ဂျူဗင်တပ်စ်နဲ့အတူ အမှတ်ပေးဖလားကို (၄)ကြိမ်ဆက်တိုက် ဆွတ်ခူးရရှိခဲ့ပြီးတော့ ဒီကစားသမားကို ခေါ်ယူနိုင်ခဲ့မှု အလွတ်ပြောင်းရွှေ့ကြေးနဲ့ ဂျူဗီခေါ်ယူနိုင်ခဲ့မှုတွေထဲမှာ ထိပ်ဆုံးကနေ ရပ်တည်နိုင်ခဲ့ပါတယ်။

မွတ္ခ်က္မ်ား။