U-16 Boys Elite Tournament ျပိဳင္ပြဲမွာ အင္ဒိုနီးရွားကို အေရးနိမ့္ခဲ့တဲ့ အိမ္ရွင္ျမန္မာ

I don’t feel sad, I feel happy – Torres on retirement

ျမန္မာႏိုင္ငံက အိမ္ရွင္အျဖစ္လက္ခံက်င္းပေနတဲ့ U-16 Boys Elite Tournament ျပိဳင္ပြဲရဲ႕ ပြဲစဥ္တစ္ပြဲျဖစ္တဲ့ ျမန္မာအသင္း နဲ႔ အင္ဒိုနီရွားအသင္းတုိ႔ရဲ႕ ပြဲစဥ္ကို ဒီေန႔ညေန ၆း၀၀ နာရီက မႏၱေလးျမိဳ႕၊ မႏၱလာသီရိကြင္းမွာ က်င္းပခဲ့ပါတယ္။ စုစုေပါင္း အသင္းေလးသင္း ပတ္လည္စနစ္နဲ႔ ကစားသြားမယ့္ျပိဳင္ပြဲျဖစ္ျပီး ေတာင္ကိုရီးယား နဲ႔ မြန္တီနီဂရိုးတို႔ရဲ႕ ပြဲစဥ္မွာေတာ့ ေတာင္ကိုရီးယားက ေလးဂိုးျပတ္နဲ႔ အႏိုင္ရရွိခဲ့တယ္လို႔ သိရပါတယ္။

TOP 5: Outstanding performers from the AFC Champions League Ro16 west zone

ျမန္မာယူ-၁၆ နဲ႔ အင္ဒိုနီးရွားယူ-၁၆ တို႔ရဲ႕ ပြဲမွာေတာ့ အင္ဒိုနီးရွားအသင္းက ေျခစြမ္းပိုင္းအသာစီးနဲ႔ ကစားႏိုင္ခဲ့ပါတယ္။ ပြဲစတာနဲ႔ အင္ဒိုနီးရွားက တိုက္စစ္ကိုဖြင့္ေဆာ့ခဲ့ျပီး ျမန္မာအသင္းကို ဖိအားေပးခဲ့ပါတယ္။ ျမန္မာကစားသမားေတြနဲ႔ အင္ဒိုနီးရွား ကစားသမားေတြၾကားမွာ ေဘာလံုးအထိန္းအသိမ္းနဲ႔ ယံုၾကည္မႈရွိတဲ့အပိုင္းမွာ ကြာဟေနခဲ့ျပီး အင္ဒိုနီးရွားက အသာရခဲ့ပါတယ္။

ျမန္မာအသင္းအေနနဲ႔ အသင္းလိုက္ေရာ၊ တစ္ဦးခ်င္းမွာပါ အင္ဒိုနီးရွားကို မယွဥ္ႏိုင္ခဲ့တာကို ေတြ႕ခဲ့ရပါတယ္။ အင္ဒုိနီးရွားကပဲ ဂိုးရႏိုင္တဲ့ အခြင့္အလမ္းေတြကို ဖန္တီးႏို္င္ခဲ့ျပီး မိနစ္ (၃၀)မွာ ညာျခမ္းကျဖတ္ပို႔ေပးတာတဆင့္ အပိုင္ပိတ္သြင္းျပီး ဦးေဆာင္ဂိုးရရွိသြားခဲ့ပါတယ္။ ပထမပိုင္းမွာ အင္ဒိုနီးရွားက အဆိုပါသြင္းဂိုးတစ္ဂိုးတည္းနဲ႔ ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ဒုတိယပိုင္းမွာလည္း အင္ဒိုနီးရွားကပဲ တိုက္စစ္ကိုပီပီျပင္ျပင္ေဆာ့ႏိုင္ခဲ့ပါတယ္။ ျမန္မာအသင္းကေတာ့ ရံဖန္ရံခါမွသာ တုိက္စစ္ကိုစတင္ႏိုင္ခဲ့ျပီး ရုန္းကန္ခဲ့ရပါတယ္။ အင္ဒိုနီးရွားက အပိုင္ဂိုးတစ္ဂိုး ေခါင္းတိုက္သြင္းခဲ့ရာမွာ ျမန္မာဂိုးသမားအနာခံကာကြယ္ႏိုင္ခဲ့လို႔ သက္သာခဲ့ရေပမယ့္လည္း ၅၉ မိနစ္မွာေတာ့ အင္ဒိုနီးရွားက ညာျခမ္းကျဖတ္တင္ေဘာကို ေခါင္းတိုက္ကာ ဒုတိယဂိုးထပ္မံသြင္းယူခဲ့ပါတယ္။

လက္က်န္မိနစ္ေတြမွာေတာ့ ျမန္မာအသင္းဟာ ေခ်ပဂိုးရဖို႔ ေတာ္ေတာ္ေလးခက္ခဲေနခဲ့ျပီး အဖြင့္ပြဲမွာပဲ အေရးနိမ့္ခဲ့ရလို႔ လက္က်န္ပြဲေတြကို ရုန္းကန္ကစားရေတာ့မွာျဖစ္ပါတယ္။ ျမန္မာအသင္းဟာ ၾသဂုတ္လ (၁၆)ရက္ေန႔မွာ ေတာင္ကိုရီးယား၊ ၾသဂုတ္လ (၁၈)ရက္ေန႔မွာ မြန္တီနီဂရိုးအသင္းတုိ႔နဲ႔ ကစားသြားရမွာျဖစ္ပါတယ္။

Unicode Version

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပနေတဲ့ U-16 Boys Elite Tournament ပြိုင်ပွဲရဲ့ ပွဲစဉ်တစ်ပွဲဖြစ်တဲ့ မြန်မာအသင်း နဲ့ အင်ဒိုနီရှားအသင်းတို့ရဲ့ ပွဲစဉ်ကို ဒီနေ့ညနေ ၆းဝ၀ နာရီက မန္တလေးမြို့၊ မန္တလာသီရိကွင်းမှာ ကျင်းပခဲ့ပါတယ်။ စုစုပေါင်း အသင်းလေးသင်း ပတ်လည်စနစ်နဲ့ ကစားသွားမယ့်ပြိုင်ပွဲဖြစ်ပြီး တောင်ကိုရီးယား နဲ့ မွန်တီနီဂရိုးတို့ရဲ့ ပွဲစဉ်မှာတော့ တောင်ကိုရီးယားက လေးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တယ်လို့ သိရပါတယ်။

မြန်မာယူ-၁၆ နဲ့ အင်ဒိုနီးရှားယူ-၁၆ တို့ရဲ့ ပွဲမှာတော့ အင်ဒိုနီးရှားအသင်းက ခြေစွမ်းပိုင်းအသာစီးနဲ့ ကစားနိုင်ခဲ့ပါတယ်။ ပွဲစတာနဲ့ အင်ဒိုနီးရှားက တိုက်စစ်ကိုဖွင့်ဆော့ခဲ့ပြီး မြန်မာအသင်းကို ဖိအားပေးခဲ့ပါတယ်။ မြန်မာကစားသမားတွေနဲ့ အင်ဒိုနီးရှား ကစားသမားတွေကြားမှာ ဘောလုံးအထိန်းအသိမ်းနဲ့ ယုံကြည်မှုရှိတဲ့အပိုင်းမှာ ကွာဟနေခဲ့ပြီး အင်ဒိုနီးရှားက အသာရခဲ့ပါတယ်။

မြန်မာအသင်းအနေနဲ့ အသင်းလိုက်ရော၊ တစ်ဦးချင်းမှာပါ အင်ဒိုနီးရှားကို မယှဉ်နိုင်ခဲ့တာကို တွေ့ခဲ့ရပါတယ်။ အင်ဒိုနီးရှားကပဲ ဂိုးရနိုင်တဲ့ အခွင့်အလမ်းတွေကို ဖန်တီးနို်င်ခဲ့ပြီး မိနစ် (၃၀)မှာ ညာခြမ်းကဖြတ်ပို့ပေးတာတဆင့် အပိုင်ပိတ်သွင်းပြီး ဦးဆောင်ဂိုးရရှိသွားခဲ့ပါတယ်။ ပထမပိုင်းမှာ အင်ဒိုနီးရှားက အဆိုပါသွင်းဂိုးတစ်ဂိုးတည်းနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း အင်ဒိုနီးရှားကပဲ တိုက်စစ်ကိုပီပီပြင်ပြင်ဆော့နိုင်ခဲ့ပါတယ်။ မြန်မာအသင်းကတော့ ရံဖန်ရံခါမှသာ တိုက်စစ်ကိုစတင်နိုင်ခဲ့ပြီး ရုန်းကန်ခဲ့ရပါတယ်။ အင်ဒိုနီးရှားက အပိုင်ဂိုးတစ်ဂိုး ခေါင်းတိုက်သွင်းခဲ့ရာမှာ မြန်မာဂိုးသမားအနာခံကာကွယ်နိုင်ခဲ့လို့ သက်သာခဲ့ရပေမယ့်လည်း ၅၉ မိနစ်မှာတော့ အင်ဒိုနီးရှားက ညာခြမ်းကဖြတ်တင်ဘောကို ခေါင်းတိုက်ကာ ဒုတိယဂိုးထပ်မံသွင်းယူခဲ့ပါတယ်။

လက်ကျန်မိနစ်တွေမှာတော့ မြန်မာအသင်းဟာ ချေပဂိုးရဖို့ တော်တော်လေးခက်ခဲနေခဲ့ပြီး အဖွင့်ပွဲမှာပဲ အရေးနိမ့်ခဲ့ရလို့ လက်ကျန်ပွဲတွေကို ရုန်းကန်ကစားရတော့မှာဖြစ်ပါတယ်။ မြန်မာအသင်းဟာ သြဂုတ်လ (၁၆)ရက်နေ့မှာ တောင်ကိုရီးယား၊ သြဂုတ်လ (၁၈)ရက်နေ့မှာ မွန်တီနီဂရိုးအသင်းတို့နဲ့ ကစားသွားရမှာဖြစ်ပါတယ်။

မွတ္ခ်က္မ်ား။