အန္တိုနီေဟးေလွ်ာက္ရမယ့္ မျပီးဆံုးေသးေသာ ခရီးလမ္း…

Missed penalty brings down grandstand light

ျမန္မာ့လက္ေရြးစင္အသင္းကေတာ့ နည္းျပရာဒူလိုဗစ္ကို ထုတ္ပယ္ျပီး နည္းျပေဟာင္းအန္တိုနီေဟးကို နည္းျပသစ္အျဖစ္ ျပန္လည္ခန္႔အပ္လိုက္ပါျပီ။ ရာဒူလိုဗစ္ကို ဧျပီလအတြင္းမွာ နည္းျပသစ္အျဖစ္ ျမန္မာအသင္းက ခန္႔အပ္ခဲ့တာျဖစ္ျပီး ၆ လအၾကာမွာပဲ အသင္းနဲ႔ လမ္းခြဲသြားခဲ့ရတာျဖစ္ပါတယ္။ ရာဒူလိုဗစ္အေနနဲ႔ ျမန္မာ့လက္ေရြးစင္အသင္းကို စင္ကာပူနဲ႔ ကစားခဲ့တဲ့ ေျခစမ္းပြဲတစ္ပြဲတည္းသာ အႏိုင္ရရွိေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့ျပီး က်န္ပြဲေတြမွာေတာ့ ရလဒ္ေတြဆိုးရြားေနခဲ့ပါတယ္။ အထူးသျဖင့္ ကမၻာ့ဖလားေျခစစ္ပြဲအုပ္စုအဆင့္မွာ
ပထမဆံုး ၃ပြဲစလံုး အေရးနိမ့္ခဲ့ျပီး ကာဂ်စၥတန္ကို ၇ ဂိုးျပတ္နဲ႔ ရံႈးနိမ့္အျပီးမွာ ျမန္မာအသင္းနဲ႔ လမ္းခြဲခဲ့ရတာျဖစ္ပါတယ္။

‘Man United deserved more than a point against Liverpool’ – Solskjaer

ဒီအတြက္ ျမန္မာ့လက္ေရြးစင္အသင္းက နည္းျပအေျပာင္းအလဲအေနနဲ႔ အန္တိုနီေဟးကို ျပန္လည္ခန္႔အပ္ဖို႔ စီစဥ္ခဲ့တာျဖစ္ပါတယ္။ ဒီအေပၚမွာ ျမန္မာေဘာလံုးပရိသတ္ေတာ္ေတာ္မ်ားမ်ားက ေက်နပ္ေနခဲ့ပါတယ္။ အန္တိုနီေဟးက ျမန္မာအသင္းကို ဆူဇူကီးဖလားျပိဳုင္ပြဲမွာ အုပ္စုအဆင့္က တက္ေရာက္ႏိုင္ေအာင္မစြမ္းေဆာင္ေပးႏိုင္ခဲ့ပါဘူး။ ဒါေပမယ့္လည္း သူ႔လက္ထက္မွာ တိုးတက္မႈေတြရွိလာခဲ့တဲ့အေပၚ ပရိသတ္ေတြက အသိအမွတ္ျပဳခဲ့ၾကပါတယ္။ သူ႔ရဲ႕ စကားေျပာပံုဆိုပံု၊ အသင္းအေပၚထိန္းသိမ္းကိုင္တြယ္ပံုနဲ႔ ေျခစြမ္းပိုင္းအေပၚ ပရိသတ္ေတြဘက္က အသိအမွတ္ျပဳခဲ့ျပီး အန္တိုနီေဟးျပန္လည္ေရာက္ရွိလာတဲ့အေပၚ ၾကိဳဆိုခဲ့ပါတယ္။

ဂ်ာမနီသားနည္းျပကိုယ္တိုင္ကလည္း ျမန္မာအသင္းကို ျပန္လည္ကိုင္တြယ္ဖို႔ စိတ္အားထက္သန္ေနခဲ့တာပါ။ သူ႔လက္ထက္မွာ အသင္းကိုအျပည့္စံုဆံုးျဖစ္လာေအာင္ ရည္ရြယ္ခဲ့ေပမယ့္ လမ္းခုလတ္မွာပဲ လမ္းခြဲခဲ့ရပါတယ္။ အခုေတာ့ ဒီတစ္၀က္တစ္ပ်က္ခရီးလမ္းကို ဆက္ေလွ်ာက္ဖို႔ သူ ျပန္ေရာက္လာပါျပီ။ သူကိုင္တြယ္ခဲ့တဲ့အသင္းေဟာင္း၊ သူနဲ႔လက္တြဲခဲ့ဖူးတဲ့ ကစားသမားေဟာင္းေတြနဲ႔ ျပန္လည္ပူးေပါင္းရေတာ့မွာပါ။ ဒီတစ္ၾကိမ္ သူ ျပန္ေရာက္လာခ်ိန္မွာေတာ့ အရင္တစ္ၾကိမ္ကထက္ ပိုျပီးေကာင္းမြန္လာဖို႔လည္း အားလံုးက ေမွ်ာ္လင့္ေနမွာ ေသခ်ာပါတယ္။  မစၥတာေဟးကိုယ္တိုင္လည္း အရင္တစ္ၾကိမ္က အားနည္းခ်က္ေတြကို အေကာင္းဆံုးျပင္ဆင္ဖို႔ ၾကိဳးစားလာမွာက သံသယ၀င္စရာမရွိပါဘူး။

ျပီးခဲ့တဲ့ဆူဇူကီးဖလားျပိဳင္ပြဲမွာ ဆီမီးဖိုင္နယ္ကို တက္ေရာက္ႏိုင္မယ့္ အခြင့္အေရးကို ဆံုးရံႈးခဲ့ရျပီးေနာက္ ဒီအက်ိဳးဆက္အေနနဲ႔ အန္တိုနီေဟးက အသင္းနဲ႔ လမ္းခြဲခဲ့ရတာပါ။ မေလးရွားနဲ႔ကစားခဲ့တဲ့ပြဲမွာ လူထုတ္ပံုအားနည္းမႈတခ်ိဳ႕ေၾကာင့္ ျမန္မာအသင္းအေရးနိမ့္ခဲ့ရျပီး ဆူဇူကီးဖလားျပိဳင္ပြဲကို လက္ျပႏႈတ္ဆက္ခဲ့ရပါတယ္။ အခုတစ္ၾကိမ္မွာေတာ့ သူက လက္က်န္ကမၻာ့ဖလားေျခစစ္ပြဲစဥ္ေတြမွာ ရလဒ္ေကာင္းျပန္ရဖို႔ ၾကိဳးစားေပးရမွာပါ။ အသြင္သစ္၊ ပံုစံသစ္နဲ႔ ျမန္မာ့လက္ေရြးစင္အသင္းကို ျပန္လည္ျမင္ေတြ႕ရဦးမွာျဖစ္ပါတယ္။

ဒီတစ္ၾကိမ္မွာ လက္ေထာက္နည္းျပအျဖစ္ ဦးၾကည္လြင္ကို တာ၀န္ေပးမယ္လို႔လည္း ျမန္မာေဘာလံုးအဖြဲ႕ခ်ဳပ္က အတည္ျပဳေျပာၾကားထားခဲ့ပါတယ္။ ဒါက မစၥတာေဟးအတြက္လည္း ပိုျပီးအဆင္ေျပလာဖြယ္ရွိမွာပါ။ ဦးၾကည္လြင္က ျမန္မာေဘာလံုးေလာကအေၾကာင္းကို
ေကာင္းေကာင္းသိကၽြမ္းထားသူျဖစ္ျပီး ကစားသမားေတြနဲ႔ ရင္းႏွီးမႈအတိုင္းအတာကလည္း ေကာင္းမြန္မႈရွိပါတယ္။ ဒါက အသင္းကို ျပင္ဆင္တည္ေဆာက္ရာမွာ အမ်ားၾကီးအက်ိဳးရွိလာမွာေသခ်ာပါတယ္။ ဦးၾကည္လြင္ရဲ႕ အေတြ႕အၾကံဳေတြက မစၥတာေဟးအတြက္ေရာ၊
အသင္းအတြက္ပါ ေတာ္ေတာ္ေလးအက်ိဳးျပဳႏိုင္မွာျဖစ္ျပီး အန္တိုနီေဟးရဲ႕ တစ္ေက်ာ့ျပန္ျမန္မာ့လက္ေရြးစင္နည္းျပဘ၀က စိတ္လႈပ္ရွားစရာေတြ၊ ေမွ်ာ္လင့္ခ်က္ေတြနဲ႔ လႈပ္ခတ္ေနျပီပဲျဖစ္ပါတယ္။

Unicode

မြန်မာ့လက်ရွေးစင်အသင်းကတော့ နည်းပြရာဒူလိုဗစ်ကို ထုတ်ပယ်ပြီး နည်းပြဟောင်းအန်တိုနီဟေးကို နည်းပြသစ်အဖြစ် ပြန်လည်ခန့်အပ်လိုက်ပါပြီ။ ရာဒူလိုဗစ်ကို ဧပြီလအတွင်းမှာ နည်းပြသစ်အဖြစ် မြန်မာအသင်းက ခန့်အပ်ခဲ့တာဖြစ်ပြီး ၆ လအကြာမှာပဲ အသင်းနဲ့ လမ်းခွဲသွားခဲ့ရတာဖြစ်ပါတယ်။ ရာဒူလိုဗစ်အနေနဲ့ မြန်မာ့လက်ရွေးစင်အသင်းကို စင်ကာပူနဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲတစ်ပွဲတည်းသာ အနိုင်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး ကျန်ပွဲတွေမှာတော့ ရလဒ်တွေဆိုးရွားနေခဲ့ပါတယ်။ အထူးသဖြင့် ကမ္ဘာ့ဖလားခြေစစ်ပွဲအုပ်စုအဆင့်မှာ
ပထမဆုံး ၃ပွဲစလုံး အရေးနိမ့်ခဲ့ပြီး ကာဂျစ္စတန်ကို ၇ ဂိုးပြတ်နဲ့ ရှုံးနိမ့်အပြီးမှာ မြန်မာအသင်းနဲ့ လမ်းခွဲခဲ့ရတာဖြစ်ပါတယ်။

ဒီအတွက် မြန်မာ့လက်ရွေးစင်အသင်းက နည်းပြအပြောင်းအလဲအနေနဲ့ အန်တိုနီဟေးကို ပြန်လည်ခန့်အပ်ဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။ ဒီအပေါ်မှာ မြန်မာဘောလုံးပရိသတ်တော်တော်များများက ကျေနပ်နေခဲ့ပါတယ်။ အန်တိုနီဟေးက မြန်မာအသင်းကို ဆူဇူကီးဖလားပြိုုင်ပွဲမှာ အုပ်စုအဆင့်က တက်ရောက်နိုင်အောင်မစွမ်းဆောင်ပေးနိုင်ခဲ့ပါဘူး။ ဒါပေမယ့်လည်း သူ့လက်ထက်မှာ တိုးတက်မှုတွေရှိလာခဲ့တဲ့အပေါ် ပရိသတ်တွေက အသိအမှတ်ပြုခဲ့ကြပါတယ်။ သူ့ရဲ့ စကားပြောပုံဆိုပုံ၊ အသင်းအပေါ်ထိန်းသိမ်းကိုင်တွယ်ပုံနဲ့ ခြေစွမ်းပိုင်းအပေါ် ပရိသတ်တွေဘက်က အသိအမှတ်ပြုခဲ့ပြီး အန်တိုနီဟေးပြန်လည်ရောက်ရှိလာတဲ့အပေါ် ကြိုဆိုခဲ့ပါတယ်။

ဂျာမနီသားနည်းပြကိုယ်တိုင်ကလည်း မြန်မာအသင်းကို ပြန်လည်ကိုင်တွယ်ဖို့ စိတ်အားထက်သန်နေခဲ့တာပါ။ သူ့လက်ထက်မှာ အသင်းကိုအပြည့်စုံဆုံးဖြစ်လာအောင် ရည်ရွယ်ခဲ့ပေမယ့် လမ်းခုလတ်မှာပဲ လမ်းခွဲခဲ့ရပါတယ်။ အခုတော့ ဒီတစ်ဝက်တစ်ပျက်ခရီးလမ်းကို ဆက်လျှောက်ဖို့ သူ ပြန်ရောက်လာပါပြီ။ သူကိုင်တွယ်ခဲ့တဲ့အသင်းဟောင်း၊ သူနဲ့လက်တွဲခဲ့ဖူးတဲ့ ကစားသမားဟောင်းတွေနဲ့ ပြန်လည်ပူးပေါင်းရတော့မှာပါ။ ဒီတစ်ကြိမ် သူ ပြန်ရောက်လာချိန်မှာတော့ အရင်တစ်ကြိမ်ကထက် ပိုပြီးကောင်းမွန်လာဖို့လည်း အားလုံးက မျှော်လင့်နေမှာ သေချာပါတယ်။  မစ္စတာဟေးကိုယ်တိုင်လည်း အရင်တစ်ကြိမ်က အားနည်းချက်တွေကို အကောင်းဆုံးပြင်ဆင်ဖို့ ကြိုးစားလာမှာက သံသယဝင်စရာမရှိပါဘူး။

ပြီးခဲ့တဲ့ဆူဇူကီးဖလားပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်မယ့် အခွင့်အရေးကို ဆုံးရှုံးခဲ့ရပြီးနောက် ဒီအကျိုးဆက်အနေနဲ့ အန်တိုနီဟေးက အသင်းနဲ့ လမ်းခွဲခဲ့ရတာပါ။ မလေးရှားနဲ့ကစားခဲ့တဲ့ပွဲမှာ လူထုတ်ပုံအားနည်းမှုတချို့ကြောင့် မြန်မာအသင်းအရေးနိမ့်ခဲ့ရပြီး ဆူဇူကီးဖလားပြိုင်ပွဲကို လက်ပြနှုတ်ဆက်ခဲ့ရပါတယ်။ အခုတစ်ကြိမ်မှာတော့ သူက လက်ကျန်ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေမှာ ရလဒ်ကောင်းပြန်ရဖို့ ကြိုးစားပေးရမှာပါ။ အသွင်သစ်၊ ပုံစံသစ်နဲ့ မြန်မာ့လက်ရွေးစင်အသင်းကို ပြန်လည်မြင်တွေ့ရဦးမှာဖြစ်ပါတယ်။

ဒီတစ်ကြိမ်မှာ လက်ထောက်နည်းပြအဖြစ် ဦးကြည်လွင်ကို တာဝန်ပေးမယ်လို့လည်း မြန်မာဘောလုံးအဖွဲ့ချုပ်က အတည်ပြုပြောကြားထားခဲ့ပါတယ်။ ဒါက မစ္စတာဟေးအတွက်လည်း ပိုပြီးအဆင်ပြေလာဖွယ်ရှိမှာပါ။ ဦးကြည်လွင်က မြန်မာဘောလုံးလောကအကြောင်းကို
ကောင်းကောင်းသိကျွမ်းထားသူဖြစ်ပြီး ကစားသမားတွေနဲ့ ရင်းနှီးမှုအတိုင်းအတာကလည်း ကောင်းမွန်မှုရှိပါတယ်။ ဒါက အသင်းကို ပြင်ဆင်တည်ဆောက်ရာမှာ အများကြီးအကျိုးရှိလာမှာသေချာပါတယ်။ ဦးကြည်လွင်ရဲ့ အတွေ့အကြုံတွေက မစ္စတာဟေးအတွက်ရော၊
အသင်းအတွက်ပါ တော်တော်လေးအကျိုးပြုနိုင်မှာဖြစ်ပြီး အန်တိုနီဟေးရဲ့ တစ်ကျော့ပြန်မြန်မာ့လက်ရွေးစင်နည်းပြဘဝက စိတ်လှုပ်ရှားစရာတွေ၊ မျှော်လင့်ချက်တွေနဲ့ လှုပ်ခတ်နေပြီပဲဖြစ်ပါတယ်။

မွတ္ခ်က္မ်ား။