ဒီနေ့မှာ တာဂျစ်ကစ္စတန် ကို ပရိသတ်နဲ့အတူတိုက်မယ့် မြန်မာ

Nuno Espirito ‘pleased’ as Diogo Jota’s hat-trick fires Wolves past Besiktas in Europa League

ဒီနေ့ ညနေ မြန်မာစံတော်ချိန် ညနေ ၅ နာရီမှာ မြန်မာပွဲရှိတယ်။

မြန်မာနဲ့ တာဂျစ်ကစ္စတန် ကစားမယ်။

အိမ်ရှင်က မြန်မာ ဖြစ်တယ် ..

ပြီးတော့ ပထမအကျော့ အဖြစ်စတင်ပြီး ဒီအသင်းနဲ့ ကစားရမယ်။

မြန်မာ့ရုပ်မြင်သံကြား(MRTV) ကနေပြီး တော့တိုက်ရိုက် Live ထုတ်လွှင့်ပေးမယ်လို့သိရပါ တယ်။

လောလောဆယ် မြန်မာက ရပ်တည်မှု ဇယား ရဲ့ ၅ သင်းပါ အုပ်စုမှာ အဆင့် ၅ နဲ့ အောက်ဆုံး အဆင့်၊ သတ်မှတ်ထားတဲ့ ရပ်တည်မှုတွေအရ အဆင့် ၅ မှာဆိုရင် Asian Cup qualifying play-off round မှာသာ စတင်ကစားရမယ် ဆိုတဲ့ စီစဉ်ထားမှုတွေ က  ရှိနေတာကြောင့် မြန်မာဟာ ဒီနေရာကို မက်တွယ်နေလို့မရဘူး။

အနိမ့်ဆုံးတော့ အဆင့် ၃ လောက်တော့ အမိအရနဲ့ချိတ်ထားနိုင်ဖို့လိုအပ်တယ်ဆိုတာပါပဲ။ ဒါကြောင့် ရမှတ်နဲ့ လိုအပ်တဲ့ နေရာကို သွားဖို့တော့လိုတယ်။ လုပ်နိုင်မလား ဆိုတာ ဒီနေ့ စတင်ကြည့်ရမယ်။ ပရိသတ်လည်း ဒါကိုပဲ အထူးတလည်နဲ့ စိတ်ဝင်စားတယ်။

 

Pos       Team     Pld       W         D          L          GF        GA        GD       Pts      

1          Japan   3          3          0          0          11         0          +11      9

Third round and Asian Cup

2          Kyrgyzstan       3          2          0          1          9          2          +7        6

Third round and Asian Cup or Asian Cup qualifying third round

3          Tajikistan         3          2          0          1          2          3          −1        6

Asian Cup qualifying third round

4          Mongolia         4          1          0          3          2          9          −7        3

Asian Cup qualifying third round or play-off round

5          Myanmar          3          0          0          3          0          10         −10      0

Asian Cup qualifying play-off round

 

ဟုတ်ပြီ၊ ဒါဆို အိမ်ရှင်အဖြစ် ကစားရမယ့် နှစ်ပွဲမှာ မြန်မာဟာ ရမှတ်ဘယ်လောက်အထိ ယူနိုင်မလဲ၊ ဒါကို တော့ မက်မိတယ်။ ကိုယ့်မြေပေါ်မှာ လာကစားတဲ့ အသင်းကို အနည်းဆုံးတော့ အလဲထိုးဖို့ လုပ်နိုင်မယ်။ ကိုယ်က အမှတ်ဗလာ နဲ့ သူများကို အမှတ်ပြည့်လက်ဆောင် ထည့်ပေးလိုက် တာမျိုးတော့ မလိုချင်မိဘူး၊ ဟုတ်တယ်မဟုတ်လား။

ပရိသတ်လိုချင်တာကို ဒီနေ့ မစ္စတာ အန်တိုနီဟေးနဲ့ မြန်မာကစားသမားတွေ လိုအပ်တာကို အရယူပြနိုင်မလား၊ ယူပြနိုင်မယ်ဆိုရင်တော့ ယုံကြည် မှု ဆိုတာ အမြင့်ဆုံးနားကို ပြန်ကပ်သွား ကြလိမ့်မယ်ဆိုတာပါပဲ။ တစ်သင်းက ဒီနေ့ကစားမယ့် တာဂျစ် ကစ္စတန်၊ နောက်ထပ်တစ်သင်း က မွန်ဂိုလီးယား၊ အမှတ်ပြည့် ယူပြနိုင်မလား ၊ ၂ ပွဲစာ အမှတ်ပြည့်ရင် ၆ မှတ်ပေါ့။

ရှုံးတာတော့မလိုချင်ဘူး။ ရှုံးရင် ရှေ့ပွဲတွေမှာ ခက်ကုန်မယ်။ ( လက်ကျန် ဒီနှစ်ပွဲအပါအ၀င် ၂၀၂၀ ရောက်မှ ကစားဖို့ရှိနေတာက ဂျပန်(အဝေး)၊ ကာဂျစ်စတန်(အိမ်)၊ တာဂျစ်ကစ္စတန်( အဝေး) တို့ပါပဲ။ ဒီတော့ လက်ထဲရထားတဲ့အခွင့်အရေးကိုပဲ အကောင်းဆုံး အသုံးချဖို့ ဦးစား ပေးထားတာအကောင်းဆုံးဖြစ်နေတယ်။

ကဲ.. မြန်မာာ အသင်း ဘာကိုရွေးချယ်ထားမလဲ၊ အနိုင်တိုက်မလား၊ ပြိုင်ဘက်ကို လက်စားချေ ပြမလား၊ ပြိုင်ဘက်က ကိုယ်တွေထက် အစစအရာရာ သာလွန်တယ်လို့ ပြောနိုင်ပေမယ့်လည်း ဒီနေ့က ကိုယ်တွေ အိမ်ရှင်လုပ်ရမယ့်အလှည့် ဘာကိုကြောက်နေစရာ မှ မလိုဘူး။ စည်းကမ်းအတိုင်း ဘောင်ထဲက နေပြီး အံဝင်အောင်လုပ်ပြဖို့ပဲလိုတယ်။

ညှာတာ စရာမလိုတဲ့ မိနစ် ၉၀ တိုက်ပွဲမှာ ကိုယ်တွေက ကစားရမယ့်အလှည့်ဖြစ်တယ်။ ဒုတိယအကျော့ကို ခဏမေ့ထားလိုက်၊ အခုလောလောဆယ် အိမ်ရှင်ဖြစ်နေတဲ့ မြန်မာက ကိုယ်လိုချင်တာကို အရယူပြဖို့ပါပဲ။ ဘာကိုမှ ကြောင့်ကျနေစရာကို မလိုတာပါ၊ ခြေကွာနေသလား၊ ခြေသာနေသလား၊ အိမ်ရှင်အရိပ်အား ကိုးပြီး လုပ်သင့်လုပ်ထိုက်တာကို ဘောင်ထဲက ၀င်အောင် ရုန်းပြဖို့ကြိုးစားဖို့ပဲလိုတယ်။

ကျော်ကိုကိုမပါနိုင်တာကို စာရင်းထဲမှာထည့်မနေနဲ့ရှိတာနဲ့တိုက်မယ်။ မစ္စတာဟေး သွန်သင်မှု၊ ဦးကြည်လွင်ရဲ့ တည့်မတ်ပေးမှု အပြင် လက်ထောက်နည်းပြအဖွဲ့ဝင်များရဲ့ သင် ကြားပေးမှုများဟာ ဒီနေ့ပွဲအတွက်တော့ လိုအပ်တာထက် ပိုပြီး ထိရောက်မှုရှိနေလိမ့်မယ် ဆိုတာပါပဲ။

ဒီနေ့ပွဲအတွက်ကိုတော့ မြန်မာနည်းပြချုပ်ဖြစ်တဲ့ မစ္စတာ အန်တိုနီဟေးဟာ အခုလိုမျိုး သတင်းစာ ရှင်းလင်းပွဲမှာ ပြောပြထားတာတွေရှိပါတယ်။

လတွေ အများကြီး ကြာပြီးနောက် ပြန်တွေ့ရတာကြောင့် ဝမ်းသာပါတယ်။ ဒီကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် လွန်ခဲ့တဲ့ ၃ ပတ်လောက်ကတည်းက ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။ ဒီတစ်ပွဲတည်း မဟုတ်ပဲ လာမယ့် ပွဲတွေ အတွက်လည်း ပြင်ဆင်ထားတာပါ။ ကစားသမား ၃၅ ဦးရွေးပြီး လေ့ကျင့်ခဲ့ပြီးနောက် ၊ နောက်ဆုံးမှာတော့ ၂၃ ဦးကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ဒီ ၃ ပတ်တာ ကာလအတွင်း ကြံ့ခိုင်မှု ရော ကစားကွက်ပိုင်းပါ အကောင်းဆုံး ပြုလုပ်ခဲ့ပါတယ်။

လက်ရှိအချိန်မှာ ကစားသမားတွေကလည်း သူတို့ကိုယ် သူတို့ ယုံကြည်မှုရှိနေပြီး လွန်ခဲ့တဲ့ ၃ ပတ်နဲ့ နှိုင်းယှဉ်ရင် အများကြီး တိုးတက်လာပါတယ်။ အရင်ပွဲတွေက ရလဒ်တွေ ဆိုးရွားခဲ့တာကြောင့် ဒီအချိန်ဟာ အလွန် အရေးကြီးနေပြီ ဆိုတာ ပရိသတ်တွေသိရှိပြီးသား ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီအချိန်မှာ အကောင်းဆုံးကြိုးစားရမှာ ဖြစ်ပြီး အဲ့ဒီလို ပြုလုပ်ရာမှာ ပရိသတ် အားပေးမှုက အလွန် အရေးပါပါတယ်။  လို့ပြောထားတယ်။ ပြောထားတဲ့စကားထဲ မှာ ကစားသမားတွေကို သူရလောက် ပြင်ဆင်ပေးထားတယ်။ ၃ ပတ် အတွင်းမှာ လုပ်နိုင်တာထက် ပိုအောင်လုပ်ပေးထားတယ်၊ စိတ်ဓါတ်ပိုင်းလည်းမြှင့်တင်ပေးထားတယ်။ အရှုံးကာမိဖို့ ပြင်ဆင် ရှေ့ဆက်မယ်ဆိုတာမျိုးလည်းပြောထားတယ်။ ပရိသတ်ရဲ့ အားပေးမှုကိုလည်း အခုအချိန်အထိထပ်မံပြီးတော့ သူကပြောထားတယ်။

ကစားသမားတွေအားနဲ့အတူ အိမ်ရှင်ဆိုတဲ့ ပရိသတ်အားနဲ့ပါဖိအားပေးဖို့ သူအလိုရှိနေပုံပါပဲ၊ ဒါလည်းသိပ်အရေးပါတယ်။ ပရိသတ်အားဟာ ဒီနေ့ပွဲမှာ ကစားသမားတွေအတွက် အထူး ရေးပါတယ်။ ပရိသတ်အားပေးမှုဟာ သူတို့တွေကို ခွန်အားဖြစ်စေလိမ့်မယ်။ ဒီတော့ ပရိသတ် နဲ့အတူ ပေါင်းပြီး တိုက်ပွဲဝင်မယ့်မြန်မာရဲ့ အနေအထားကို မဖြစ်မနေနဲ့ကြည့်ရပါလိမ့်မယ်။

ရပ်တည်မှု ဇယားမှာ အဆင့် ၃ ရောက်နေပြီး ရမှတ် ၆ မှတ်ရထားတဲ့ တာဂျစ် ကစ္စတန်လိုအသင်းကို မြန်မာအနေနဲ့ လုံးဝဖိအားပေးမှာပါ၊ ထိထိမိမိနဲ့လည်း တိုက်ခိုက်ဖို့ အတွက် အသင့်ဖြစ်နေလိမ့်မယ်။ ပြိုင်ဘက်အသင်း နည်းပြချုပ်ဖြစ်တဲ့ အူစမန် တိုရှက်ဗ် ကတော့ သတင်းစာပွဲကြိုရှင်းလင်းပွဲမှာ

မြန်မာနဲ့ ကစားရမယ့် ပွဲဟာ စိတ်ဝင်စားစရာပွဲဖြစ်ပါတယ်။ ရလဒ်ကောင်းရဖို့ ကြိုးစားသွားမှာ ဖြစ်ပြီး ပိုကောင်းအောင် ကစားနိုင်တဲ့ အသင်းက အခွင့်အရေးပိုရယူနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီပွဲဟာ ကျွန်တော်တို့ အတွက် ခက်ခဲမယ့် ပွဲတစ်ပွဲ ဖြစ်ပါတယ်။ မြန်မာအသင်းဟာ မြန်ဆန် ကောင်းမွန်တဲ့ အသင်းတစ်သင်းဖြစ်တာကြောင်း ကျွန်တော်တို့အနေနဲ့ အကောင်းဆုံး ပြင်ဆင်ထားပါတယ်။ ကျွန်တော်တို့ မြန်မာ နိုင်ငံကို လာတာ ဘောလုံးပွဲတစ်ခုတည်း မဟုတ်ပါဘူး။ ယဉ်ကျေးမှု၊ နေတာထိုင်တာတွေ သိခွင့်ရလို့ ကျေနပ်မိပါတယ်။ ဆိုပြီး မယုတ်မလွန်လေးပြောထားတယ်။ ဘာပဲဖြစ်ဖြစ် သူတို့လည်း မြန်မာပြည်လာပြီး ကစားရတာ ကို စိတ်ထဲမှာ ထင့်နေတဲ့သဘောရှိတယ်။ ပရိသတ်အားကိုပါလန့်နေနိုင်တယ်။ ဒါတွေကြောင့် လည်း အပြောအဆိုကို လွတ်လွတ်ကင်းကင်းနဲ့ပါးပါးနပ်နပ်လေးတုံ့ပြန်ဖြေဆိုပြောကြားသွား တာတွေ့ရမယ်။

ဘာပဲဖြစ်ဖြစ်ပါ၊ ဒီနေ့မှာတော့မြန်မာဟာ မြန်မာနဲ့တူအောင် လုပ်ပြနိုင်ဖို့ အရေးကြီးတယ်။ ပြီးတော့ အလုပ်ကို အလုပ်နဲ့တူအောင်လုပ်ဖို့ပါပဲ၊ ကစားသမားတွေ ကပြိုင်ဘက်တွေကို အနိုင်တိုက်၊ ပရိသတ်ကလည်း ပြိုင်ဘက်တွေအပေါ် မှာ ညာသံပေးပြီး စိတ်ဓါတ်မြှင့်တင်ရေး ဟစ်ကြွေးသံများ သံပြိုင် သီဆိုရင်း မြန်မာအသင်းအနိုင်ရဖို့ ပြိုင်ဘက်ကို အတူတိုက်ဖို့ ဒီနေ့ မှာ အသင့်ဖြစ်နေလိမ့်မယ်လို့ မန္တလေးမှာ ရှိကြတဲ့ မြန်မာ့ဘောလုံးပရိသတ်တွေကို ကိုယုံ ကြည်ထားနေမိတယ်ဆိုတာပါပဲ။

မြန်မာ..မြန်မာ..ဒုံး..ဒုံး..ဒုံး…

ထွန်းထွန်းဦး(လှိုင်)

 

မှတ်ချက်များ။