အငြိုးမထားပေမယ့် အဖိုးများခဲ့တဲ့ပွဲအတွက် လက်စားပြန်ချေရမယ့်နေ့က မနက်ဖြန်

Ljungberg has ‘got no indications’ regarding Arsenal future

မှတ်မိနေပါသေးတယ်။ ဘာကြာသေးတာမှတ်လို့…

ဒီပွဲဟာ တစ်ဖက်က စိတ်ဆွကစားတာကို မြန်မာကစားသမား တွေအထိနာနာနဲ့ ခံစားလိုက်ရတဲ့နေ့..

မြန်မာ တိုက်စစ် ခြေအသာရပြီး ထိထိမိမိနဲ့ ဂိုးကန်သွင်းခွင့်တွေလွဲချော်ခဲ့ တဲ့နေ့..

ပွဲစပြီး ၁၇ မိနစ်၊ Dulguun  က မြန်မာခံစစ်ကို ကျော်ဖြတ်ကန် သွင်းသွားတာခံလိုက်ပြီး တစ်ပွဲလုံး ဒီတစ်ဂိုးတည်းနဲ့ မြန်မာအသင်းအရေးနိမ့်သွားတဲ့နေ့..( တာဂျစ်ကစ္စတန် တတိယ ဂိုးသွင်းသွားတာနဲ့ပုံစံတူတယ်၊ ခေါင်းတိုက်တာနဲ့ ပိတ်သွင်းတာပဲကွာတယ်၊ ဆင်တူတယ်)

ကျော်ကိုကို တစ်ယောက် မြန်မာတိုက်စစ်မှာ ယခု ကမ္ဘာ့ဖလားခြေစစ်ပွဲတစ်လျှောက် ပထမဆုံးနဲ့ နောက်ဆုံး အဖြစ် ပွဲထွက် ၁၁ ယောက်မှာ ပါဝင်ကစားခွင့်ရခဲ့တဲ့နေ့..

စည်သူအောင် ဂိုးရှေ့ပြန်ချိုးပေးတာကို အောင်သူ အပိုင် ပိတ်သွင်းတာ ဂိုးဘားကျော်သွား တဲ့နေ့…

အောင်သူဖရီးကစ် ဂိုးရှေ့လှမ်းတင်တာကို ဇော်မင်းထွန်း အပိုင်ခေါင်းတိုက်တာ လွဲချော်သွားတဲ့ နေ့..

မောင်မောင်လွင် တစ်ယောက် ၂၀ါတစ်နီနဲ့  အထုတ်ခံရတဲ့နေ့..

လုံးဝမမေ့သေးဘူး။ ၂ လကျော်ကျော်ပဲကြာပါသေးတယ်။ မြန်မာက မွန်ဂိုလီးယားကို ၁-၀ နဲ့ရှုံး ခဲ့တဲ့အဖြစ်က ပူပူနွေးနွေးပဲရှိပါသေးတယ်။

အခုအခွင့်သာပြီ၊ ကိုယ်တွေ အထက်က အသင်းကို ကမ္ဘာ့ဖလား ခြေစစ်ပွဲဒုတိယအကျော့မှာ  မြန်မာက အိမ်ရှင်အဖြစ် ပြန်ရင်ဆိုင်ရမယ်။ ဘာလုပ်ပြမလဲ မြန်မာ။

လုပ်နိုင်တာထက်ပိုတဲ့ အခြေအနေကောင်းတစ်ခုကို အရယူနိုင်မလား။ မဟုတ်သေးဘူး။ မဟုတ်သေးဘူး။

အရယူပြနိုင်ရမယ့် နေ့၊ ဟုတ်ပါတယ်။ မွန်ဂိုလီးယားကို မနိုင်နိုင်အောင်တိုက်ယူရမယ့် နေ့ဖြစ် ရမယ်။ မြန်မာဟာ မွန်ဂိုလီးယားကို နိုင်အောင် လုပ်ပြနိုင်မှ ပရိသတ်နဲ့တစ်သားတည်းကျပြီး ဆန္ဒတွေထပ်မံဖြည်းဆည်းပေးနိုင်မယ့်နေ့ဖြစ်မယ်။

ရပ်တည်မှုတစ်ဆင့်တက်နိုင်ရေးဟာ ဒီပွဲမှာ မြန်မာအနိုင်ရထားမှဖြစ်မယ်။ မွန်ဂိုလီးယားကို အိမ် ကွင်းမှာ သွင်းဂိုးတွေနဲ့ နိုင်ခဲ့မယ်ဆိုရင် မြန်မာဟာ ရပ်တည်မှုအရ အနေအထားတစ်ခုအဖြစ်  အပြောင်းအလဲဖြစ်မယ်။ ဒီတော့ မွန်ဂိုလီးယားကို နိုင်မှကိုဖြစ်ပါလိမ့်မယ်။ နိုင်လိုက်ပြီဆိုရင် အစစအရာရာ မြန်မာအတွက်တော့ ရပ်တည်မှု ပိုင်းဆိုင်ရာအရ အထက်ပိုင်းကို မြှားခေါင်းလှည့်ပြီးတက်မယ်။

မွန်ဂိုနဲ့ပွဲပြီးရင် မြန်မာ လက်ထဲမှာ ခြေစစ်ပွဲ လက်ကျန်အဖြစ် ကစားဖို့ကျန်နေတာက ၃ ပွဲရှိ သေးတယ်။ အဆိုပါပွဲတွေကို ၂၀၂၀ ရောက်တော့မှ ကစားရမှာဖြစ်နေတယ်။ လက်ကျန်ပွဲတွေ ကတော့ အောက်ပါအတိုင်းပါပဲ။

26 March2022                 Japan   v                Myanmar                Saitama

31 March2022                 Myanmar        v        Kyrgyzstan             Yangon

9 June2022                     Tajikistan      v        Myanmar                Dushanbe

အဝေးကွင်း ၂ ပွဲနဲ့ အိမ်ကွင်း ပွဲစဉ် ၁ ပွဲပါတယ်။ ဂျပန်နဲ့ တာဂျစ်ကစ္စတန်နဲ့ပွဲဟာ အဝေးကွင်း မှာ ကစားရမှာဖြစ်နေတယ်။ အိမ်ကွင်းကျန်တဲ့ပွဲစဉ်တစ်ပွဲက အဝေးကွင်းမှာ  တာဂျစ်ကစ္စတန် နဲ့ကစားရမယ့်ပွဲဖြစ်နေတယ်။ မြန်မာနဲ့တွေ့မယ့် မွန်ဂိုလီးယားကိုကြည့်ပြန်တော့ သူတို့တွေ ကလည်း ပွဲကျပ်နဲ့တိုးနေတယ်။

ဟုတ်ပါတယ်။ အဲ့ဒီအချက်ကလည်း မနက်ဖြန် မြန်မာနဲ့ကစားမယ့်ပွဲအတွက်အရေးကြီးတယ်၊ နေရာတစ်ခုအတွက်လုရမယ့်အချိန်ကာလဖြစ်နေတယ်။ သူတို့တွေက မြန်မာနဲ့ပွဲပြီးရင် တာဂျစ်ကစ္စတန်(အဝေး)၊ ဂျပန်(အိမ်)၊ ကာဂျစ်စတန်(အဝေး) တို့နဲ့ကစားဖို့ရှိနေပါ သေးတယ်။ မြန်မာနဲ့မွန်ဂိုလီးယားအတွက် လက်ကျန်ပွဲတိုင်းက အရေးပါနေတယ်။

Asian Cup qualifying third round  အထိတော့ မျှော်ချင်မိသေးတယ်။ ဘာပဲဖြစ်ဖြစ် ရသလောက်တော့ စိတ်ကူးချင်နေတာပါ။ ဒါကြောင့် စိတ်ကူးတစ်ခုအတွက် မနက်ဖြန်တိုက်ရ မယ့်ပွဲကို ရအောင် လိုချင်တာယူရမယ်။ မယူလို့မရဘူး၊ အနိုင်ရမှ နောက်ထပ်ကျန်တာဆက် စဉ်းစားကြရမှာဖြစ်တယ်။ အိမ်ကွင်းမှာ သရေဆိုရင် ကိုယ်တွေရှုံးတာနဲ့အတူတူပဲ၊ နိုင်မှကိုဖြစ် မှာပါ၊ မနိုင်ရင်တော့ ကျန်တာ ဆက်စဉ်းစားနေလို့ကို မရတော့တာပါပဲ။

ဘာပဲဖြစ်ဖြစ် ကိုယ်တွေကို ပထမအကျော့မှာ ပါးပါးနပ်နပ်နဲ့အနိုင်ယူပြသွားခဲ့တဲ့ မွန်ဂိုလီးယား ကို ဖိအားပေးအနိုင်တိုက်ဖို့ မြန်မာဟာ အသင့်ပြင်ဆင်ထားပြီးဖြစ်မယ်ထင်တယ်။ လုပ်နိုင်မယ် လို့လည်းယုံတယ်။ မြန်မာဟာ မစ္စတာဟေးလက်ထက်မှာ အစစအရာရာ တိုးတက် လာပြီးတော့ ယုံကြည်မှုတွေလည်း အမိအရနဲ့ ဆုပ်ကိုင်လာနိုင်ပြီဆိုတာ သက်သေပြတဲ့ အနေ နဲ့မနက်ဖြန်ပွဲကို လိုချင်တာ အမိအရယူပြီး အနိုင်နဲ့သက်သေပြရမယ့်အချိန်လို့ပဲပြောပါရစေ ခင်ဗျာ။ ဒါဆိုရင် ပထမအကျော့က မွန်ဂိုလီးယားရဲ့နိုင်စားထားမှုကို တစ်ပါတည်း လက်စားချေ ခွင့်ပါအပြီးရပြီးသားဖြစ်နေလိမ့်မယ်ဆိုတာပါပဲခင်ဗျာ။

ထွန်းထွန်းဦး(လှိုင်)

မှတ်ချက်များ။