မွန်ဂိုမကြိုက်ဘူး .. မြန်မာပဲပေးပါ…

Salzburg head coach Marsch disappointed with defeat by Liverpool

ပရိသတ်၊ စိတ်ဓါတ်နဲ့ မွန်ဂိုလီးယားကိုအနိုင်တိုက်ရမယ့်နေ့ရောက်ပြီ…

ဒီနေ့က ပွဲနေ့ဆိုတော့ မြန်မာနဲ့ မွန်ဂိုလီးယား အကြောင်း ဆက်ပြောဖြစ်ကြတယ်ပေါ့၊ မနေ့တုန်းကအဆက်ပေါ့ခင်ဗျာ၊ မြန်မာစံတော်ချိန် ညနေ ၅ နာရီမှာ ဒီပွဲကို ယှဉ်ပြိုင်ကစား မယ်။  ပုံစံ ပြောင်းလဲနေတဲ့ မြန်မာကို မွန်ဂိုလီးယား ဘယ်လိုမျိုး ရင်ဆိုင်မလဲ၊ မွန်ဂိုလီးယားက ဒီတစ်ခါ မြန်မာနိုင်ငံမှာလာ ကစားရတာဖြစ်တယ်။

မွန်ဂိုလီးယားလို့ အေးမြနေတဲ့လေထု ၊ အသားကိုလာထိတဲ့လေအေးအေးတွေ ဒီနိုင်ငံမှာ အလှည့်မကျသေးဘူး။ ကစားရမှာက မန္တလေး၊ မြန်မာပြည်အလယ်ပိုင်း၊ အနေအထားကို မြန်မာနိုင်ငံသားတွေပဲသိတယ်။ ရာသီဥတုက ဘယ်လိုမျိုးရှိနေမလဲဆိုတာ ကိုယ်လူတွေအချင်း ချင်းပဲ သိတယ်။ အပိုပြောနေစရာကိုမလိုတာပါ။

ဒီတစ်ခါကိုယ်တွေအလှည့်။ အအေးပိုင်းက လူ တွေ မြန်မာပြည်ရဲ့ ရာသီဥတု အနေအထားကို ထိတွေ့ခံစားဖို့သာပြင်ပေတော့။ အရေးမကြီး ဘူးဆိုပေမယ့် အရေးကြီးတာတွေ အဲ့ဒီအထဲမှာပါနေတယ်။ ကွင်းအနေအထားအရလည်း မြန်မာက မွန်ဂိုလီးယားထက် ပိုပြီး အထာသိနေတယ်။( ကာဂျစ်စတန်တောင် အရှုံးပေးပြီး အိမ်ပြန်လိုက်ရပြီမဟုတ်ပါလား။ )

ပြီးတော့ ခရီးအကွာအဝေး၊ ပင်ပန်းမှု ၊ ကွင်းအနေအထား အဲ့ဒါတွေပါ အသေးစိတ် လိုက်ထည့်တွက်နေမယ်ဆိုရင် မွန်ဂိုလီးယားအတွက် အကြမ်းပတမ်း လူသန်ကြီးတွေအဖို့ တော့ အနည်းနဲ့အများဆိုသလို ထိခိုက်မှုတွေကြုံရနိုင်သေးတယ်မဟုတ်ပါလား။ ကိုယ်တွေက အိမ်ရှင်ဆိုတော့ အိမ်ရှင်လိုပဲ နေရမယ်။

သူတို့တွေ အိမ်ရှင်ဖြစ်ခွင့်ရတဲ့အချိန်မှာ ကိုယ်တွေလည်း ဧည့်သည်လိုပဲ နေခဲ့ကြရ တယ်မဟုတ်လား။ ဘာပဲဖြစ်ဖြစ် မြန်မာဟာ မရိုင်းပါဘူး။ ယဉ်ကျေးတဲ့ ပရိသတ်နဲ့အတူ ဧည့် သည်မွန်ဂိုလီးယားကို ရှင်းသန့်စွာယှဉ်ပြိုင်ပြီး အနိုင်ပွဲဆိုတာကို ဘယ်လိုမျိုး ယူပြမလဲကြည့် ကြသေးတာပေါ့။

ပထမဆုံးအနေနဲ့ကစားသမားတွေရဲ့ စိတ်ဓါတ် မစ္စတာ အန်တိုနီဟေးလက်ထက်မှာ အစစ အရာရာပြောင်းလဲလာတယ်လို့တော့ ခံစားမိတယ်။ ဒါပေမယ့် ဆက်ပြီး စောင့်ကြည့်ရဦးမှာပါ။ အခြားအကြောင်းအရာတွေရှိနေပါသေးတယ်။ ဦးတည်ချက်လွဲမှာစိုးလို့ ချန်ထားရစ်ပါရစေခင် ဗျာ၊ အထူးသဖြင့် ဒီနေ့ပွဲနွဲမယ့် မြန်မာကစားသမားတွေပါ၊ သူတို့တွေဟာ ခြေစွမ်းအသာ၊ တိုက်စစ် အသာရနေပါရက်နဲ့  မွန်ဂိုမြေပေါ်မှာ ဂိုးသွင်းမတိကျမှုတွေကြောင့် ၁-၀ နဲ့အရေးနိမ့် ခဲ့ရတယ်။ တိုက်ဆိုင်မှုတွေလည်းကစားသမားတွေနဲ့ပတ်သက်လာရင် များတယ်။

ပထမဆုံး မောင်မောင်လွင်ပါ၊ သူဟာ ပထမကျော့မှာ ၂ ၀ါ၊ ၁နီနဲ့ အထုတ်ခံရတယ်။ နောက်ပွဲ တွေလွဲတယ်။ အခု မွန်ဂိုလီးယားနဲ့ ပြန်တွေ့ပြီ၊ မြန်မာအသင်းအတွက် လတ်တလောမှာ ခြေစွာနေတဲ့ ကစားသမားတွေထဲ တစ်ယောက်ဖြစ်တဲ့ မောင်မောင်လွင်အနေနဲ့ မြန်မာအသင်း အတွက် နိုင်ပွဲရစေဖို့ သူဟာ ဘယ်လိုမျိုး ပြန်လည်ပေးဆပ်မလဲ၊ အိမ်ကွင်းမှာ ပြိုင်ဘက်ကို ပြန် အလဲထိုးဖို့ သူ့ရဲ့ဘောလုံးကျွမ်းကျင်မှုနဲ့အတူ ဘယ်လိုမျိုး နိုင်စားမှုယူပြမလဲ။ သိပ်စိတ်ဝင် စားဖို့ကောင်းတယ်။

ပြီးတော့ အသင်းခေါင်းဆောင်ဇော်မင်းထွန်း၊ ပထမအကျော့မှာ သူ့ကိုကျော်ကျပြီး ခုန်ထွက် သွားတဲ့ဘောလုံးကို နောက်က ပြေးတက်လာတဲ့ မွန်ဂိုလီးယားကစားသမားက ခေါင်းတိုက် သွားတာခံလိုက်ရတယ်။ ဘယ်လောက်အထိခံပြင်းနေမလဲ။ ဒီတစ်ခါ ဒါမျိုးဖြစ်ခွင့်ပေးမှာလား၊ ရှင်းပါတယ်၊ သူနဲ့တွဲကစားမယ့် ခံစစ်သမားတွေတိုင်းကို အမှားနောက်တစ်ခါထပ်မဖြစ်ဖို့ သတိကြီးကြီးပေးထားပြီးပြီလို့တော့ထင်မိတယ်။

ပြီးတော့ ဂိုးသမားကျော်ဇင်ထက်၊ ဒီပွဲပြီးတော့ သူဟာ ပွဲထွက်လူစာရင်းကနေပြီး ချန်ရစ်ခံရ တယ်။ အကြောင်းကြောင်းကြောင့် ဆိုပေမယ့် သူ့အတွက်လည်း ဒါဟာ ပြောစရာတွေနဲ့ပြည့် နှက်နေလိမ့်မယ်ထင်တယ်။ ဒီတော့ အခုပြန်တွေ့မယ့်အချိန်အခါမှာ ဘယ်လိုမျိုးများ ကျော်ဇင် ထွက် နိုင်ငံတော်အသင်းအတွက် သူပေးဆပ်မလဲဆိုတာ ကြည့်ချင်နေမိတယ်။

အထူးသဖြင့် သူ့လက်စွမ်းပါ။ ခံစစ်သမားတွေအမှားမလုပ်မိအောင် ၊ သူကိုယ်တိုင် တစ်ဖက်က သွင်းလိုက်တဲ့ ဂိုးတွေကို ဘာမှမလုပ်နိုင်ပဲ ငုတ်တုတ်မေ့သွားတဲ့ ကာဂျစ်နဲ့ပွဲကခေါင်းတိုက် ၂ ဂိုးလိုမျိုး ထပ်မဖြစ်ရစေဖို့၊ နောက်ပြန်ပြီး သူ့ဆီပြန်ပြန်လာတဲ့ D    anger Back pass Ball  တွေကို အတတ်နိုင်ဆုံး မရောက်လာစေဖို့ကို အော်ဟစ်ညွှန်ကြားနေဖို့တော့လိုတယ်ဆိုတာ ပါပဲ။

မွန်ဂိုလီးယားက ပါဝါကောင်းတယ်။ တိုးနိုင်တယ်။ ပြေးနိုင်တယ်။ အရှိန်ကြီးကြီးတွေရှိတယ်။ ဒီ တော့ မထင်မှတ်ထားတဲ့ ကောင်တာတွေ လှည့်ပတ်ဝင်လာနိုင်တယ်။ မြန်ဆန်တဲ့ဘောလုံး သမားတွေထဲမှာ စည်သူအောင်ကျန်ရစ်ခဲ့ပေမယ့် ရန်နိုင်ဦးတော့ရှိသေးတယ်။ သူတို့ပြန်ဆင်း နိုင်ဖို့လိုတယ်။ အောင်သူတို့ပြန်လိုက်ဆယ်နိုင်ဖို့လိုအပ်တယ်။ အဲ့ဒါအပြင် မာယာများတဲ့ မွန်ဂိုလီးယားရဲ့ လှည့်ကွက်တွေအောက်ထဲ ရောက်မသွားဖို့လည်းလိုတယ်။ မြန်မာကစား သမား တွေပါးနပ်ဖို့သိပ်ကိုအရေးကြီးပါတယ်။ ပရိယာယ်ကြွယ်ဖို့လည်း ဒီနေ့ပွဲမှာလိုတယ်။

နောက်တစ်ခုက မြန်မာရဲ့ အဓိကသော့ချက်ဖြစ်တဲ့  အောင်သူ စိတ်မလောဖို့ပါပဲ၊ တိကျတဲ့ကန်ချက်တွေ၊ အကောင်းဆုံးအပေးအပို့ တွေကို ခံစစ်ပိတ်ကစားဖို့ဟန်ပြင်လာမယ့် မွန်ဂိုလီးယား လူကောင်ထွားထွားတွေကြားထဲက နေပြီး သေသပ်တဲ့ဘောလုံးတွေထွက်ထွက်လာဖို့လိုတယ်။

သန်းပိုင်တို့၊ လှိုင်းဘိုဘိုတို့ရဲ့ ထိ မိတဲ့ ကန်ချက်ကောင်းကောင်းတွေနဲ့ မွန်ဂိုလီးယားနဲ့ပွဲမှာ ဂိုးတွေအဖြစ်ပြောင်းလဲပေးဖို့လိုနေ တယ်။ ဖြစ်လာနိုင်မယ်လို့လည်းမျှော်တယ်။

ဒီနေ့ပွဲ သိပ်အရေးကြီးတယ်။ ရှုံးလို့မရဘူး။ သရေကျလို့မရဘူး။ ဖြစ်နိုင်ရင်ပေးဂိုးတွေမရှိလေ ကောင်းလေပါပဲ၊ တိုက်စစ်သွားတာ မြန်မာအသင်းအတွက် အတော်လေးကို ကောင်းမွန်တဲ့ ဟန်ပန်မျိုးရှိနေတာမှန်တယ်၊ မွန်ဂိုလီးယားရဲ့ကောင်တာနဲ့ အလွတ်တည်ကန်ဘောတွေကို တော့ အတော်လေးကို သတိထားရမယ်။ ပထမအကျော့တုန်းကထက် ပိုပြီးတော့ ကစားရတာ ခက်မယ်။

မွန်ဂိုကတော့ ပိတ်ဆို့ထားမှာပါ၊ သူတို့တွေ လိုချင်တဲ့ အချိန်ကိုစောင့်ပြီး တိုက်မယ့်သဘော ရှိတယ်။ သရေဟာ သူတို့တွေအတွက် အဝေးကွင်းမှာရတဲ့အနိုင် ၃ မှတ်ဆိုတာ ထက်ပိုချိုမြိန် နေ တယ်။ မြန်မာပရိသတ်တွေရဲ့ အားပေးပုံကြီးမြတ်မှုကို သူတို့တွေ သိထားပြီးဖြစ်တယ်။ အကြောင်းကတော့ ကိုယ်တွေနဲ့ မွန်ဂိုလီးယားဟာ အခုမှတွေ့တာ မဟုတ်ဘူး။ အရင်တုန်းတည်းကတွေ့ဖူးခဲ့တာပါ။

မြန်မာနဲ့ အခုတွေ့ဖြစ်တာက ၄ ကြိမ်မြောက်ပါ၊ မွန်ဂိုမြေပေါ်မှာ မြန်မာဟာ အသာမရပေမယ့် မြန်မာ့မြေပေါ်မှာတော့ ၂၀၁၁ တုန်းက ပိုင်စိုးနဲ့မိုက်အိုက်နိုင်တို့ဂိုးများနဲ့အတူ နိုင်စားခဲ့ပြီးဖြစ် ပါတယ်။ ဒီတစ်ခါမှာလည်း ဆော်လ်မန်တို့ အောင်သူတို့ မောင်မောင်လွင်တို့ အားနဲ့ တိုးမယ့် တိုက်စစ်ကို မွန်ဂိုလီးယားခံစစ်ထိန်းနိုင်ဖို့တော့ခက်မယ်။

တစ်ခုပါပဲ၊ ယောင်လို့တောင်အဖွင့်ဂိုး စပြီးမပေးလိုက်ရပါစေနဲ့ ၊ ပေးရမယ်ဆိုရင်တော့ ပထမအကျော့တုန်းကလိုမျိုးအတိုင်းရင်ဆိုင်ရဖို့သာရှိနေလိမ့်မယ်။ ဒါကိုတော့ အထူး သတိထား စေချင်တာပါပဲ။ ပြီးတော့ အမှတ်မထင်ဖြတ်တင်လိုက်တဲ့ ဂိုးရှေ့ကို အလိုက်သင့် ကျ လာတဲ့ဘောလုံးတွေကိုလည်း ခံစစ်တန်းက လူတွေ ထိထိမိမိနဲ့ ရှင်းလင်းနိုင်ဖို့လိုတယ်။ မွန်ဂို တိုက်စစ်သမားတွေက မြန်တော့ ခွန်နဲ့အားနဲ့ရုန်းတိုးရင် ကိုယ်တွေ ကျန်နေရစ်မှာ စိုးတယ်။

အတွေ့အကြုံအရကြည့်ရင် ငြိမ်းချမ်းတို့ကနုနေသေးတယ်။ ဒီတော့ စိုးမိုးကျော်တို့လိုမျိုး ခြေ တစ်လှမ်းကျန်ရစ်နေတာမျိုး မထင်မှတ်ထားတဲ့အနေအထားကနေ နောက်ကပြေးတတ်လာ တဲ့လူ ကို မတွက်ဆမိပဲ ရပ်ကြည့်နေမိတာမျိုးဖြစ်မှာ စိုးရိမ်တယ်။

ဘာပဲဖြစ်ဖြစ်ပါ၊ ဒီနေ့ကတော့ မွန်ဂိုလီးယားကို မြန်မာအသင်းနိုင်စားရမယ့်နေ့လို့ပဲပြောချင် မိတယ်။ ကိုယ့်မြေ၊ ကိုယ်ရေပေါ်လာကစားတဲ့ အသင်းကို ဘာမှ ရှိန်နေစရာမလိုဘူး။ စိတ်ဓါတ် တွေအမြင့်ဆုံးရောက်နေတဲ့နေ့မှာ မြန်မာဟာ  တစ်ကျော့ပြန် တာထွက် ဒုတိယခြေလှမ်း မှာတင် တုံ့စိုင်းသွားလို့မရဘူး။

ယုံကြည်နေတာတွေ သက်သမ်းဆွဲဆန့်ဖို့အတွက် ၊ ရပ်တည် မှုများအတွက်၊ ပရိသတ် တွေအတွက် မြန်မာဟာ ဒီနေ့မှာ မွန်ဂိုလီးယားကို အနိုင်တိုက်ပြီး သွင်း ဂိုးတွေနဲ့ အမှတ်ပြည့် ယူပြနေ့လို့သာပြောထားရပါလိမ့်မယ်ခင်ဗျာ။

ထွန်းထွန်းဦး(လှိုင်)

မှတ်ချက်များ။