ဒဏ္ရာေၾကာင့္ ကစားသမားဘ၀ကို အဆံုးသတ္ခဲ့ရတဲ့ ျမန္မာအသင္းကြင္းလယ္လူ ေက်ာ္မင္းဦး

ျမန္မာ့လက္ေရြးစင္ကစားသမားျဖစ္တဲ့ ကြင္းလယ္လူ ေက်ာ္မင္ဦးဟာ အသက္ (၂၂)ႏွစ္အရြယ္မွာပဲ ေဘာလံုးကစားသမားဘ၀ကေန အနားယူသြားခဲ့ျပီ ျဖစ္ပါတယ္။ ေက်ာ္မင္းဦးက သူ႔ရဲ႕ ေဖ့ဘြတ္ခ္အေကာင့္ကေန ပရိသတ္ေတြကို တရား၀င္အသိေပးခဲ့တာျဖစ္ျပီး သူ႔အေပၚ အားေပးခဲ့ၾကမႈေတြအတြက္ ေက်းဇူးတင္စကားလည္း ေျပာဆိုခဲ့ပါေသးတယ္။

ေက်ာ္မင္းဦးဟာ ဒူးဒဏ္ရာ ရရွိေနျပီး ေဘာလံုးကြင္းေတြနဲ႔ ေ၀းကြာေနခဲ့တာ ၾကာျမင့္ခဲ့ျပီျဖစ္ပါတယ္။ ခြဲစိတ္ကုသမႈေတြ ျပဳလုပ္ခဲ့ေပမယ့္လည္း တိုးတက္ေကာင္းမြန္လာျခင္းမရွိခဲ့တဲ့အတြက္ ကစားသမားဘ၀ကေန အနားယူဖို႔ ဆံုးျဖတ္ခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ ျမန္မာလူငယ္အသင္းအဆင့္ဆင့္မွာ ကစားခဲ့ျပီး ပရိသတ္အၾကိဳက္ ကစားသမားတစ္ဦး ျဖစ္ခဲ့သူပါ။

၂၀၁၆ ခုႏွစ္တုန္းကလည္းလည္း အာဆီယံအေကာင္းဆံုးလူငယ္ကစားဆုေရြးခ်ယ္မႈမွာ ေက်ာ္မင္းဦးက အသင္းေဖာ္ ေအာင္သူ နဲ႔ ဗီယက္နမ္ၾကယ္ပြင့္ ငုယင္ကြမ္ေဖာင္တို႔ရဲ႕ေနာက္မွာ အေကာင္းဆံုးကစားသမားအျဖစ္ သတ္မွတ္ခံခဲ့ရသူ ျဖစ္ပါတယ္။ ျမန္မာအသင္းရဲ႕ အလားအလာရွိတဲ့ ကစားသမားတစ္ဦးျဖစ္ေပမယ့္လည္း ဒဏ္ရာအနာတရဖိစီးမႈေတြက သူ႔ရဲ႕ ကစားသမားဘ၀ကို ေစာေစာစီးစီး အဆံုးသတ္ေစခဲ့တာ ျဖစ္ပါတယ္။

ျမန္မာ့လက္ေရြးစင္အသင္းအတြက္ အနာဂတ္ကြင္းလယ္ကစားသမားတစ္ဦးလို႔ ေက်ာ္မင္းဦးကို ပရိသတ္ေတြကလည္း လက္ခံထားခဲ့ၾကျပီး ျမန္မာယူ (၂၀)အသင္းနဲ႔အတူ ေတာက္ပတဲ့ေျခစြမ္းေတြ ျပသခဲ့သူလည္း ျဖစ္ပါတယ္။ ျမန္မာအသင္း ကမၻာ့ဖလား ယူ၂၀ ျပိဳင္ပြဲကို
၀င္ေရာက္ယွဥ္ျပိဳင္ခြင့္ ရရွိခဲ့ရမွာလည္း ေက်ာ္မင္းဦးက အဓိကကစားသမားတစ္ဦးအျဖစ္ ပါ၀င္ခဲ့ပါတယ္။

ရန္ကုန္ယူႏိုက္တက္အသင္းရဲ႕ ကစားသမားလည္း ျဖစ္တဲ့ ေက်ာ္မင္းဦးရဲ႕ ဆံုးျဖတ္ခ်က္နဲ႔ ပတ္သက္ျပီး ပရိသတ္ေတြအားလံုး အံ့အားသင့္ခဲ့ရပါတယ္။ ထိုင္းႏိုင္ငံမွာ ဒဏ္ရာကို သြားေရာက္ကုသမႈေတြ ျပဳလုပ္ခဲ့ျပီး ထိုင္းလိဂ္ကလပ္အသင္းတစ္သင္းျဖစ္တဲ့ ပူးလစ္တယ္ရိုအသင္းမွာပါ ၾကံ့ခိုင္မႈျပည့္၀ေအာင္ အစြမ္းကုန္ၾကိဳးစားခဲ့ေပမယ့္လည္း ဒဏ္ရာသက္သာလာျခင္းမရွိတဲ့ေနာက္မွာ အနားယူဖို႔ ဆံုးျဖတ္လိုက္တာလည္း ျဖစ္ပါတယ္။

Photo : Kyaw Min Oo Facebook Page

Unicode Version

မြန်မာ့လက်ရွေးစင်ကစားသမားဖြစ်တဲ့ ကွင်းလယ်လူ ကျော်မင်ဦးဟာ အသက် (၂၂)နှစ်အရွယ်မှာပဲ ဘောလုံးကစားသမားဘဝကနေ အနားယူသွားခဲ့ပြီ ဖြစ်ပါတယ်။ ကျော်မင်းဦးက သူ့ရဲ့ ဖေ့ဘွတ်ခ်အကောင့်ကနေ ပရိသတ်တွေကို တရားဝင်အသိပေးခဲ့တာဖြစ်ပြီး သူ့အပေါ် အားပေးခဲ့ကြမှုတွေအတွက် ကျေးဇူးတင်စကားလည်း ပြောဆိုခဲ့ပါသေးတယ်။

ကျော်မင်းဦးဟာ ဒူးဒဏ်ရာ ရရှိနေပြီး ဘောလုံးကွင်းတွေနဲ့ ဝေးကွာနေခဲ့တာ ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ ခွဲစိတ်ကုသမှုတွေ ပြုလုပ်ခဲ့ပေမယ့်လည်း တိုးတက်ကောင်းမွန်လာခြင်းမရှိခဲ့တဲ့အတွက် ကစားသမားဘဝကနေ အနားယူဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ မြန်မာလူငယ်အသင်းအဆင့်ဆင့်မှာ ကစားခဲ့ပြီး ပရိသတ်အကြိုက် ကစားသမားတစ်ဦး ဖြစ်ခဲ့သူပါ။

၂၀၁၆ ခုနှစ်တုန်းကလည်းလည်း အာဆီယံအကောင်းဆုံးလူငယ်ကစားဆုရွေးချယ်မှုမှာ ကျော်မင်းဦးက အသင်းဖော် အောင်သူ နဲ့ ဗီယက်နမ်ကြယ်ပွင့် ငုယင်ကွမ်ဖောင်တို့ရဲ့နောက်မှာ အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရသူ ဖြစ်ပါတယ်။ မြန်မာအသင်းရဲ့ အလားအလာရှိတဲ့ ကစားသမားတစ်ဦးဖြစ်ပေမယ့်လည်း ဒဏ်ရာအနာတရဖိစီးမှုတွေက သူ့ရဲ့ ကစားသမားဘဝကို စောစောစီးစီး အဆုံးသတ်စေခဲ့တာ ဖြစ်ပါတယ်။

မြန်မာ့လက်ရွေးစင်အသင်းအတွက် အနာဂတ်ကွင်းလယ်ကစားသမားတစ်ဦးလို့ ကျော်မင်းဦးကို ပရိသတ်တွေကလည်း လက်ခံထားခဲ့ကြပြီး မြန်မာယူ (၂၀)အသင်းနဲ့အတူ တောက်ပတဲ့ခြေစွမ်းတွေ ပြသခဲ့သူလည်း ဖြစ်ပါတယ်။ မြန်မာအသင်း ကမ္ဘာ့ဖလား ယူ၂၀ ပြိုင်ပွဲကို
ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ရမှာလည်း ကျော်မင်းဦးက အဓိကကစားသမားတစ်ဦးအဖြစ် ပါဝင်ခဲ့ပါတယ်။

ရန်ကုန်ယူနိုက်တက်အသင်းရဲ့ ကစားသမားလည်း ဖြစ်တဲ့ ကျော်မင်းဦးရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ပရိသတ်တွေအားလုံး အံ့အားသင့်ခဲ့ရပါတယ်။ ထိုင်းနိုင်ငံမှာ ဒဏ်ရာကို သွားရောက်ကုသမှုတွေ ပြုလုပ်ခဲ့ပြီး ထိုင်းလိဂ်ကလပ်အသင်းတစ်သင်းဖြစ်တဲ့ ပူးလစ်တယ်ရိုအသင်းမှာပါ ကြံ့ခိုင်မှုပြည့်ဝအောင် အစွမ်းကုန်ကြိုးစားခဲ့ပေမယ့်လည်း ဒဏ်ရာသက်သာလာခြင်းမရှိတဲ့နောက်မှာ အနားယူဖို့ ဆုံးဖြတ်လိုက်တာလည်း ဖြစ်ပါတယ်။

Photo : Kyaw Min Oo Facebook Page

မွတ္ခ်က္မ်ား။