ဆီဗီလာအသင်းက နယ်သာလန်ကြယ်ပွင့်ကို အပြီးသတ်ခေါ်ယူနိုင်ခဲ့တဲ့ အေဂျက်ဇ်
Barca President Bartomeu on Neymar, Coutinho and Dembele
‘He’s not arrogant’ insists Pogba’s former coaches
Unicode Version
အေဂျက်ဇ်အသင်းဟာ ဆီဗီလာအသင်းက နယ်သာလန်လက်ရွေးစင်ကစားသမား ကွင်ဆီပရုမ်းကို ယူရို ၁၅.ရသန်းနဲ့ အပြီးသတ်ခေါ်ယူခဲ့ပြီလို့ တရားဝင်သတင်းထုတ်ပြန်သွားခဲ့ပါတယ်။ အသက် (၂၇)နှစ်အရွယ် ကစားသမားဟာ လာလီဂါမှာ တစ်ရာသီသာ ကစားခဲ့ပြီးနောက်မှာ အေဂျက်ဇ်ကို (၅)နှစ်စာချုပ်နဲ့ ပြန်လည်ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး အပိုဆုကြေးအပါအဝင် ယူရို ၁၇.၂သန်းအထိ တန်ဖိုးမြင့်တက်လာမယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ရာသီက ပြည်တွင်းဖလား (၂)လုံးကို ဆွတ်ခူးနိုင်ခဲ့တဲ့ အေဂျက်ဇ်ဟာ အသင်းရဲ့ အဓိကကစားသမားတွေကို လက်လွှတ်ရမှာဖြစ်လို့ ကစားသမားသစ်ဖြည့်တင်းမှုတွေကို ဆက်တိုက်ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။ လက်ရှိမှာ ကွငး်လယ်လူ ဖရန်ကီဒီဂျောင်ကို ဘာစီလိုနာ အသင်းဆီ ရောင်းထုတ်ထားခဲ့ပြီးလည်း ဖြစ်ပါတယ်။
အသင်းခေါင်းဆောင် ဒီလစ်၊ တိုက်စစ်ကစားသမား ဇီယက်စ်၊ ကွင်းလယ်လူ ဗန်ဒီဘိခ်အစရှိတဲ့ ကြယ်ပွင့်ကစားသမားတွေကလည်း အသင်းကနေ ထွက်ခွာဖို့ အသင့်ဖြစ်နေကြပြီး လက်လွှတ်ဆုံးရှုံးရမယ့် အနေအထားမှာ ရှိနေပါတယ်။ ဒီအတွက် ပရုမ်းကို ခေါ်ယူအားဖြည့်ခဲ့တာလည်း ဖြစ်ပါတယ်။ ပရုမ်းဟာ နယ်သာလန်နဲ့အတူ နေးရှင်းလိဂ်ဗိုလ်လုပွဲမှာ ပါဝင်ကစားပေးခဲ့သူလည်း ဖြစ်ပါတယ်။
ဆီဗီလာအတွက် (၁၅)ပွဲသာ ပွဲထွက်ကစားပေးခွင့် ရရှိခဲ့တဲ့ ပရုမ်းဟာ စပါးတပ်မော်စကိုကို ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့သေးတယ်လို့လည်း သိရပါတယ်။ ဒါပေမယ့် အေဂျက်ဇ်က နယ်သာလန်လက်ရွေးစင်ကို ဆွဲဆောင်နိုင်ခဲ့ပြီး အရခေါ်ယူသွားခဲ့တာလည်း ဖြစ်ပါတယ်။ တွမ်တီးအသင်းမှာ အငှားကစားသမားဘဝနဲ့ ကစားခဲ့ဖူးတဲ့ ပရုမ်းကို ဟော်လန်လိဂ်မှာ ပြန်လည်မြင်တွေ့ရတော့မှာလည်း ဖြစ်ပါတယ်။
မွတ္ခ်က္မ်ား။