ေနမာ နဲ႔ ေပါ့ဂ္ဘာကို အလဲအထပ္ျပဳလုပ္ဖို႔ ကမ္းလွမ္းခ်က္ကို ယူႏိုက္တက္ျငင္းဆန္

‘I did my best to make things right with Atletico’ – Griezmann

ကြင္းလယ္လူေပါ့ဂ္ဘာနဲ႔ ပီအက္စ္ဂ်ီတိုက္စစ္မွဴးေနမာတို႔ကို အလဲအလွယ္ျပဳလုပ္သြားမယ္ဆိုတဲ့ သတင္းေတြကို ယူႏိုက္တက္က ျငင္းဆန္လိုက္ပါတယ္။ အိုးထရက္ဖို႔ဒ္ကေန ထြက္ခြာခ်င္တယ္လို႔ ေျပာထားခဲ့တဲ့ ေပါ့ဂ္ဘာကို ရီးရဲလ္နည္းျပဇီဒန္းက အလိုရွိေနျပီး ေနမာကိုလည္း အသင္းေဟာင္းဘာစီလိုနာက ျပန္လည္ေခၚယူဖို႔ ခ်ိတ္ဆက္မႈေတြ ျပဳလုပ္ေနပါတယ္။

Pogba’s former coaches support Real Madrid move

Independent ရဲ႕ ေဖာ္ျပခ်က္အရ ေနမာကို ေပါ့ဂ္ဘာနဲ႔ အလဲအထပ္ျပဳလုပ္သြားဖို႔ ပီအက္စ္ဂ်ီအသင္းက ကမ္းလွမ္းခဲ့တယ္လုိ႔ သိရပါတယ္။ ဒါေပမယ့္လည္း ျပင္သစ္ကလပ္ရဲ႕ ကမ္းလွမ္းမႈကို ယူႏိုက္တက္ဒုဥကၠဌ ၀ုဒ္၀က္ဒ္က အဓိကအေၾကာင္းျပခ်က္ (၂)ခ်က္နဲ႔ ျပန္လည္ျငင္း ဆိုခဲ့ျပီး ကြင္းလယ္ကစားသမားကို လက္လႊတ္မွာမဟုတ္ဘူးလို႔ တံု႔ျပန္ခဲ့ပါတယ္။

ေနမာအတြက္ တစ္ပတ္လုပ္ခ ေပါင္ (၉)သိန္းအထိ ေပးေခ်ရမယ့္ အေနအထားကို ယူႏုိက္တက္က ေရွာင္လႊဲသြားမွာျဖစ္ျပီးေတာ့ အသင္းတြင္း လုပ္ခလစာျပသနာထပ္မံေပၚေပါက္လာမယ့္အေရးကို ၀ုဒ္၀က္ဒ္က အလိုမရွိတာေၾကာင့္ ပထမအေၾကာင္းျပခ်က္တစ္ခုအေနနဲ႔ ျင္ဆန္ခဲပါတယ္။  ေနာက္တစ္ခ်က္ကေတာ့ ေပါ့ဂ္ဘာကို အသင္းဆက္လက္ထိန္းသိမ္းထားဖို႔ ဆႏၵရွိတာေၾကာင့္လို႔ သိရပါတယ္။

ေပါ့ဂ္ဘာကို ၂၀၁၆ ခုႏွစ္မွာ ကမၻာ့စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးနဲ႔ ဂ်ဴဗင္တပ္စ္အသင္းဆီက ျပန္လည္ေခၚယူခဲ့ျပီးေနာက္ အသင္းရဲ႕ အဓိကကစားသမားနဲ႔ အေရးအပါဆံုးကစားသမားျဖစ္တယ္လုိ႔ ယူႏိုက္တက္က သတ္မွတ္ထားခဲ့ပါတယ္။ ဒီအတြက္ ေပါ့ဂ္ဘာအေနနဲ႔ အသင္းကထြက္ခြာခ်င္တယ္ဆိုရင္ေတာင္မွ ယူႏိုက္တက္ဘက္က ျပန္လည္ေရာင္းခ်ဖို႔ကို ျငင္းဆန္သြားမယ္လုိ႔လည္း သိရပါတယ္။

Unicode Version

ကွင်းလယ်လူပေါ့ဂ်ဘာနဲ့ ပီအက်စ်ဂျီတိုက်စစ်မှူးနေမာတို့ကို အလဲအလှယ်ပြုလုပ်သွားမယ်ဆိုတဲ့ သတင်းတွေကို ယူနိုက်တက်က ငြင်းဆန်လိုက်ပါတယ်။ အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာချင်တယ်လို့ ပြောထားခဲ့တဲ့ ပေါ့ဂ်ဘာကို ရီးရဲလ်နည်းပြဇီဒန်းက အလိုရှိနေပြီး နေမာကိုလည်း အသင်းဟောင်းဘာစီလိုနာက ပြန်လည်ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်နေပါတယ်။

Independent ရဲ့ ဖော်ပြချက်အရ နေမာကို ပေါ့ဂ်ဘာနဲ့ အလဲအထပ်ပြုလုပ်သွားဖို့ ပီအက်စ်ဂျီအသင်းက ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ပြင်သစ်ကလပ်ရဲ့ ကမ်းလှမ်းမှုကို ယူနိုက်တက်ဒုဥက္ကဌ ဝုဒ်ဝက်ဒ်က အဓိကအကြောင်းပြချက် (၂)ချက်နဲ့ ပြန်လည်ငြင်း ဆိုခဲ့ပြီး ကွင်းလယ်ကစားသမားကို လက်လွှတ်မှာမဟုတ်ဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။

နေမာအတွက် တစ်ပတ်လုပ်ခ ပေါင် (၉)သိန်းအထိ ပေးချေရမယ့် အနေအထားကို ယူနိုက်တက်က ရှောင်လွှဲသွားမှာဖြစ်ပြီးတော့ အသင်းတွင်း လုပ်ခလစာပြသနာထပ်မံပေါ်ပေါက်လာမယ့်အရေးကို ဝုဒ်ဝက်ဒ်က အလိုမရှိတာကြောင့် ပထမအကြောင်းပြချက်တစ်ခုအနေနဲ့ ငြ်ဆန်ခဲပါတယ်။  နောက်တစ်ချက်ကတော့ ပေါ့ဂ်ဘာကို အသင်းဆက်လက်ထိန်းသိမ်းထားဖို့ ဆန္ဒရှိတာကြောင့်လို့ သိရပါတယ်။

ပေါ့ဂ်ဘာကို ၂၀၁၆ ခုနှစ်မှာ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ဂျူဗင်တပ်စ်အသင်းဆီက ပြန်လည်ခေါ်ယူခဲ့ပြီးနောက် အသင်းရဲ့ အဓိကကစားသမားနဲ့ အရေးအပါဆုံးကစားသမားဖြစ်တယ်လို့ ယူနိုက်တက်က သတ်မှတ်ထားခဲ့ပါတယ်။ ဒီအတွက် ပေါ့ဂ်ဘာအနေနဲ့ အသင်းကထွက်ခွာချင်တယ်ဆိုရင်တောင်မှ ယူနိုက်တက်ဘက်က ပြန်လည်ရောင်းချဖို့ကို ငြင်းဆန်သွားမယ်လို့လည်း သိရပါတယ်။

မွတ္ခ်က္မ်ား။