ပထမဆံုးကစားသမားေခၚယူမႈအျဖစ္ အဂၤလန္လက္ေရြးစင္ကစားသမားကို ေခၚယူမယ့္ ဆာရီ

‘I did my best to make things right with Atletico’ – Griezmann

ဂ်ဴဗင္တပ္စ္နည္းျပဆာရီက သူ႔ရဲ႕ ပထမဆံုးကစားသမားေခၚယူမႈအေနနဲ႔ ေတာ့တင္ဟမ္ေဟာ့စပါးေနာက္ခံလူ ထရစ္ပီယာကို ေခၚယူဖိ႔ု ၾကိဳးစားေနတယ္လို႔ သိရပါတယ္။ နာပိုလီနဲ႔ ယူႏုိက္တက္တို႔က စိတ္၀င္စားေနတယ္လုီ႔ သတင္းထြက္ေနတဲ ့အဂၤလန္လက္ေရြးစင္ကို လက္ဦးမႈ ရယူႏိုင္ဖို႔ ဆာရီက ၾကိဳးပမ္းေနျပီး အျမန္ဆံုးေခၚယူႏိုင္ဖို႔လည္း ေမွ်ာ္လင့္ေနပါတယ္။

Pogba’s former coaches support Real Madrid move

အသက္ (၂၈)ႏွစ္အရြယ္ ကစားသမားဟာ စပါးအသင္းမွာ အနာဂတ္မေသခ်ာဘူးလို႔ ၀န္ခံထားသူလည္း ျဖစ္ပါတယ္။ မန္စီးတီးကို ကန္ဆယ္လို ေျပာင္းေရႊ႕ဖို႔ နီးစပ္ေနတာေၾကာင့္ ျပန္လည္အစားထုိးဖို႔အတြက္ ထရစ္ပီယာကို ဆာရီက အလိုရွိေနတာျဖစ္ပါတယ္။ ပဲေလ့ေနာက္ခံလူ ဘစ္ဆကာကုိ ေခၚယူဖို႔ ၾကိဳးစားေနဆဲျဖစ္တဲ့ ယူႏိုက္တက္ကလည္း ထရစ္ပီယာကို အျခားေသာေရြးခ်ယ္စရာအျဖစ္ သတ္မွတ္ထားတာျဖစ္ပါတယ္။

ဒီအတြက္ ဆာရီက ထရစ္ပီယာကို လက္ဦးမႈရယူႏိုင္ဖို႔ ဆႏၵရွိေနျပီး ေပါင္(၂၅)သန္း ေပးေခ်ဖို႔ အသင့္ျဖစ္ေနတယ္လုိ႔ သိရပါတယ္။ လက္ရွိမွာ ဂ်ဴဗင္တပ္စ္အေနနဲ႔ နာမည္ေက်ာ္အေျပာင္းအေရႊ႕မ်ိဳးတစ္ခုမွ မျပဳလုပ္ရေသးပဲ ပစ္မွတ္ကစားသမားေတြကို ခ်ိတ္ဆက္မႈေတြသာ ျပဳလုပ္ထားရေသးတာျဖစ္ပါတယ္။ ေပါ့ဂ္ဘာကို ေခၚယူဖို႔လည္း ၾကိဳးစားေနျပီး အသင္းကြင္းလယ္ကို ပိုမိုေတာင့္တင္းေအာင္ ဆာရီက တည္ေဆာက္ခ်င္ေနပါတယ္။

ပိုခ်က္တီႏိုလက္ေအာက္မွာ ထရစ္ပီယာက အဓိကကစားသမားအျဖစ္ ရွိေနခဲ့ေပမယ့္ ျပီးခဲ့တဲ့ရာသီမွာ အမွားအယြင္းေတြမ်ားေနခဲ့ျပီးေနာက္ ျပန္လည္ေရာင္းခ်ခံရဖို႔ နီးစပ္ေနသူျဖစ္ပါတယ္။ အဂၤလန္လက္ေရြးစင္အသင္းရဲ႕ ေနးရွင္းလိဂ္ေနာက္ဆံုးအဆင့္ပြဲစဥ္ေတြကိုလည္း လြဲေခ်ာ္ခဲ့ရတဲ့ ထရစ္ပီယာက သူ႔ရဲ႕ေျခစြမ္းက်ဆင္းခဲ့တယ္ဆိုတာကိုလည္း ၀န္ခံေျပာၾကားခဲ့သူျဖစ္ပါတယ္။

Unicode Version

ဂျူဗင်တပ်စ်နည်းပြဆာရီက သူ့ရဲ့ ပထမဆုံးကစားသမားခေါ်ယူမှုအနေနဲ့ တော့တင်ဟမ်ဟော့စပါးနောက်ခံလူ ထရစ်ပီယာကို ခေါ်ယူဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ နာပိုလီနဲ့ ယူနိုက်တက်တို့က စိတ်ဝင်စားနေတယ်လီု့ သတင်းထွက်နေတဲ ့အင်္ဂလန်လက်ရွေးစင်ကို လက်ဦးမှု ရယူနိုင်ဖို့ ဆာရီက ကြိုးပမ်းနေပြီး အမြန်ဆုံးခေါ်ယူနိုင်ဖို့လည်း မျှော်လင့်နေပါတယ်။

အသက် (၂၈)နှစ်အရွယ် ကစားသမားဟာ စပါးအသင်းမှာ အနာဂတ်မသေချာဘူးလို့ ဝန်ခံထားသူလည်း ဖြစ်ပါတယ်။ မန်စီးတီးကို ကန်ဆယ်လို ပြောင်းရွှေ့ဖို့ နီးစပ်နေတာကြောင့် ပြန်လည်အစားထိုးဖို့အတွက် ထရစ်ပီယာကို ဆာရီက အလိုရှိနေတာဖြစ်ပါတယ်။ ပဲလေ့နောက်ခံလူ ဘစ်ဆကာကို ခေါ်ယူဖို့ ကြိုးစားနေဆဲဖြစ်တဲ့ ယူနိုက်တက်ကလည်း ထရစ်ပီယာကို အခြားသောရွေးချယ်စရာအဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။

ဒီအတွက် ဆာရီက ထရစ်ပီယာကို လက်ဦးမှုရယူနိုင်ဖို့ ဆန္ဒရှိနေပြီး ပေါင်(၂၅)သန်း ပေးချေဖို့ အသင့်ဖြစ်နေတယ်လို့ သိရပါတယ်။ လက်ရှိမှာ ဂျူဗင်တပ်စ်အနေနဲ့ နာမည်ကျော်အပြောင်းအရွှေ့မျိုးတစ်ခုမှ မပြုလုပ်ရသေးပဲ ပစ်မှတ်ကစားသမားတွေကို ချိတ်ဆက်မှုတွေသာ ပြုလုပ်ထားရသေးတာဖြစ်ပါတယ်။ ပေါ့ဂ်ဘာကို ခေါ်ယူဖို့လည်း ကြိုးစားနေပြီး အသင်းကွင်းလယ်ကို ပိုမိုတောင့်တင်းအောင် ဆာရီက တည်ဆောက်ချင်နေပါတယ်။

ပိုချက်တီနိုလက်အောက်မှာ ထရစ်ပီယာက အဓိကကစားသမားအဖြစ် ရှိနေခဲ့ပေမယ့် ပြီးခဲ့တဲ့ရာသီမှာ အမှားအယွင်းတွေများနေခဲ့ပြီးနောက် ပြန်လည်ရောင်းချခံရဖို့ နီးစပ်နေသူဖြစ်ပါတယ်။ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ နေးရှင်းလိဂ်နောက်ဆုံးအဆင့်ပွဲစဉ်တွေကိုလည်း လွဲချော်ခဲ့ရတဲ့ ထရစ်ပီယာက သူ့ရဲ့ခြေစွမ်းကျဆင်းခဲ့တယ်ဆိုတာကိုလည်း ဝန်ခံပြောကြားခဲ့သူဖြစ်ပါတယ်။

မွတ္ခ်က္မ်ား။