ဂ်ဴဗင္တပ္စ္ျပန္ေရာင္းခ်သင့္ေနတဲ့ ကစားသမား (၃)ဦး

‘I did my best to make things right with Atletico’ – Griezmann

နည္းျပသစ္အျဖစ္နဲ႔ ဆာရီကို ခန္႔အပ္ထားတဲ့ ဂ်ဴဗီက ကစားသမားသစ္ေတြျဖစ္တဲ့ ရမ္ေဆး၊ ရာဘီေယာ့၊ ဘတ္ဖြန္၊ ရိုမီယုိတို႔နဲ႔အတူ မၾကာခင္မွာ ဂ်ဴဗီကို စတင္ရေတာ့မွာပါ။ ကစားသမား၀ယ္ယူမႈအပိုင္းမွာ ထူးခၽြန္တာေၾကာင့္လည္း ဂ်ဴဗီက ေငြကုန္ေၾကးက်သိပ္မရွိပဲ နာမည္ေက်ာ္ကစားသမားေတြကို စုေဆာင္းႏိုင္ခဲ့ပါတယ္။ ဒါေပမယ့္လည္း လက္ရွိအသင္းလူစာရင္းကိုၾကည့္မယ္ဆိုရင္ ကစားသမားေဖာင္းပြမႈေတြ မ်ားျပားေနပါတယ္။ ဂ်ဴဗီအေနနဲ႔ လူသစ္ေတြအျပင္ လူငယ္ကစားသမားေတြကိုလည္း ေနရာေပးရဦးမွာျဖစ္လို႔ ရွိရင္းစြဲကစားသမားေတြကို ျပန္လည္ေရာင္းခ်သင့္ေနပါျပီ။ သူတို႔အေနနဲ႔ ဦးစားေပးေရာင္းခ်သင့္တဲ့ ကစားသမားေတြကေတာ့..။

‘Senegal are mentally strong’ – striker Sada Thioub ahead of AFCON semi-final against Tunisia

၁။ ခီဒီရာ

ဂ်ာမနီလက္ေရြးစင္ေဟာင္းက ျပီးခဲ့တဲ့ရာသီမွာ ပြဲေပါင္း (၁၇)ပြဲသာ ကစားေပးနိုင္ခဲ့ပါတယ္။ အသင္းမွာ ဒဏ္ရာျပသနာနဲ႔ ရုန္းကန္ေနရျပီး စြမ္းေဆာင္ရည္ပို္င္းကလည္း က်ဆင္းလာေနျပီမို႔ တူရင္ကို စြန္႔ခြာဖို႔အခ်ိန္ေရာက္ေနျပီလို႔ ထင္ပါတယ္။ ရမ္ေဆး နဲ႔ ရာဘီေယာ့တို႔ ေရာက္လာလို႔လည္း သူ႔အတြက္ပံုမွန္ေနရာရဖို႔က မလြယ္ကူေတာ့ပါဘူး။ အသက္ (၃၂)ႏွစ္အရြယ္ကစားသမားကို ေမဂ်ာလိဂ္ကလပ္ေတြက စိတ္၀င္စားေနသလို ဆာရီကိုယ္တုိင္ကလည္း အသင္းမွာ ေနရာေပးဖြယ္မရွိဘူးလို႔ ယူဆရပါတယ္။ ဒီကစားသမားအတြက္ ဂ်ဴဗီအေနနဲ႔ ရသင့္ရထိုက္တဲ့ေစ်းႏႈန္းနဲ႔ ျပန္ေရာင္းထုတ္သင့္ေနပါျပီ။

၂။ ကြာဒရာဒို

ကြာဒရာဒိုက ျပီးခဲ့တဲ့ရာသီမွာဆို အသင္းအတြက္ သြင္းဂိုးတစ္ဂိုးတည္းသာ သြင္းေပးႏိုင္ခဲ့ပါတယ္။ အသက္ (၃၁)ႏွစ္အရြယ္ ေတာင္ပံကစားသမားက ညာေနာက္ခံလူေနရာမွာပါ ကစားႏိုင္ဖို႔ ေရြးခ်ယ္စရာမ်ားတဲ့ ကစားသမားအျဖစ္ ရွိေနေပမယ့္လည္း သူ႔ရဲ႕ေျခစြမ္းကေတာ့ အားရစရာ မရွိေတာ့ပါဘူး။ ဂ်ဴဗီနဲ႔ စာခ်ဳပ္သက္တမ္းတစ္ႏွစ္သာက်န္ရွိေတာ့ျပီး လက္ရွိအသင္းလူစာရင္းအေနအထားအရလည္း ပံုမွန္ေနရာထက္ အရန္ခံုမွာသာ ထိုင္ေနရဖို႔က ပိုမ်ားပါတယ္။ ဂ်ဴဗီက လူငယ္ေတြကို တျဖည္းျဖည္းခ်င္းအစားထိုးျပီး အသင္းကိုတည္ေဆာက္ဖို႔ ေျခလွမ္းျပင္ေနတာမို႔ ကြာဒရာဒိုလို ကစားသမားက အသင္းနဲ႔ မကိုက္ညီေတာ့ပဲ ျပန္လည္ေရာင္းထုတ္သြားဖို႔ကိုသာ ဦးစားေပးရမယ့္ အေျခအေနမွာ ရွိေနပါတယ္။

၃။ ေဒါက္ဂလပ္စ္ေကာ္စတာ

ဘရာဇီးလ္ေတာင္ပံကစားသမားက ျပီးခဲ့တဲ့ရာသီမွာ (၂၅)ပြဲအထိ ကစားေပးခဲ့ရပါတယ္။ သြင္းဂိုးတစ္ဂိုးတည္းသာ သြင္းေပးႏိုင္ခဲ့ျပီးေနာက္ သူ႔ရဲ႕ေျခစြမ္းကေမးခြန္းထုတ္စရာ ရွိလာခဲ့ပါတယ္။ အသက္ (၂၈)ႏွစ္အရြယ္ကစားသမားအေနနဲ႔ အသင္းတိုက္စစ္ပိုင္းမွာ ထိထိေရာက္ေရာက္ အက်ိဳးမျပဳႏိုင္ေတာ့ပဲ ပံုမွန္ေျခစြမ္းရဖို႔ကို အားထုတ္ေနရတာပါ။ လက္ရွိအခ်ိန္မွာသာ သူ႔ကိုေရာင္းခ်ခဲ့မယ္ဆိုရင္ ဂ်ဴဗီအေနနဲ႔ ေငြေၾကးအင္အားျပန္လည္ကာမိေစမွာလည္း ျဖစ္ပါတယ္။ သူ႔ကို ေခၚယူခ်င္တဲ့ ကလပ္အသင္းေတြရွိေနတာက ဂ်ဴဗီအတြက္ ေကာ္စတာကို ေရာင္းခ်ဖို႔ အေကာင္းဆံုးအခြင့္အေရးတစ္ခုျဖစ္ေနပါတယ္။

Unicode Version

နည်းပြသစ်အဖြစ်နဲ့ ဆာရီကို ခန့်အပ်ထားတဲ့ ဂျူဗီက ကစားသမားသစ်တွေဖြစ်တဲ့ ရမ်ဆေး၊ ရာဘီယော့၊ ဘတ်ဖွန်၊ ရိုမီယိုတို့နဲ့အတူ မကြာခင်မှာ ဂျူဗီကို စတင်ရတော့မှာပါ။ ကစားသမားဝယ်ယူမှုအပိုင်းမှာ ထူးချွန်တာကြောင့်လည်း ဂျူဗီက ငွေကုန်ကြေးကျသိပ်မရှိပဲ နာမည်ကျော်ကစားသမားတွေကို စုဆောင်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း လက်ရှိအသင်းလူစာရင်းကိုကြည့်မယ်ဆိုရင် ကစားသမားဖောင်းပွမှုတွေ များပြားနေပါတယ်။ ဂျူဗီအနေနဲ့ လူသစ်တွေအပြင် လူငယ်ကစားသမားတွေကိုလည်း နေရာပေးရဦးမှာဖြစ်လို့ ရှိရင်းစွဲကစားသမားတွေကို ပြန်လည်ရောင်းချသင့်နေပါပြီ။ သူတို့အနေနဲ့ ဦးစားပေးရောင်းချသင့်တဲ့ ကစားသမားတွေကတော့..။

၁။ ခီဒီရာ

ဂျာမနီလက်ရွေးစင်ဟောင်းက ပြီးခဲ့တဲ့ရာသီမှာ ပွဲပေါင်း (၁၇)ပွဲသာ ကစားပေးနိုင်ခဲ့ပါတယ်။ အသင်းမှာ ဒဏ်ရာပြသနာနဲ့ ရုန်းကန်နေရပြီး စွမ်းဆောင်ရည်ပို်င်းကလည်း ကျဆင်းလာနေပြီမို့ တူရင်ကို စွန့်ခွာဖို့အချိန်ရောက်နေပြီလို့ ထင်ပါတယ်။ ရမ်ဆေး နဲ့ ရာဘီယော့တို့ ရောက်လာလို့လည်း သူ့အတွက်ပုံမှန်နေရာရဖို့က မလွယ်ကူတော့ပါဘူး။ အသက် (၃၂)နှစ်အရွယ်ကစားသမားကို မေဂျာလိဂ်ကလပ်တွေက စိတ်ဝင်စားနေသလို ဆာရီကိုယ်တိုင်ကလည်း အသင်းမှာ နေရာပေးဖွယ်မရှိဘူးလို့ ယူဆရပါတယ်။ ဒီကစားသမားအတွက် ဂျူဗီအနေနဲ့ ရသင့်ရထိုက်တဲ့စျေးနှုန်းနဲ့ ပြန်ရောင်းထုတ်သင့်နေပါပြီ။

၂။ ကွာဒရာဒို

ကွာဒရာဒိုက ပြီးခဲ့တဲ့ရာသီမှာဆို အသင်းအတွက် သွင်းဂိုးတစ်ဂိုးတည်းသာ သွင်းပေးနိုင်ခဲ့ပါတယ်။ အသက် (၃၁)နှစ်အရွယ် တောင်ပံကစားသမားက ညာနောက်ခံလူနေရာမှာပါ ကစားနိုင်ဖို့ ရွေးချယ်စရာများတဲ့ ကစားသမားအဖြစ် ရှိနေပေမယ့်လည်း သူ့ရဲ့ခြေစွမ်းကတော့ အားရစရာ မရှိတော့ပါဘူး။ ဂျူဗီနဲ့ စာချုပ်သက်တမ်းတစ်နှစ်သာကျန်ရှိတော့ပြီး လက်ရှိအသင်းလူစာရင်းအနေအထားအရလည်း ပုံမှန်နေရာထက် အရန်ခုံမှာသာ ထိုင်နေရဖို့က ပိုများပါတယ်။ ဂျူဗီက လူငယ်တွေကို တဖြည်းဖြည်းချင်းအစားထိုးပြီး အသင်းကိုတည်ဆောက်ဖို့ ခြေလှမ်းပြင်နေတာမို့ ကွာဒရာဒိုလို ကစားသမားက အသင်းနဲ့ မကိုက်ညီတော့ပဲ ပြန်လည်ရောင်းထုတ်သွားဖို့ကိုသာ ဦးစားပေးရမယ့် အခြေအနေမှာ ရှိနေပါတယ်။

၃။ ဒေါက်ဂလပ်စ်ကော်စတာ

ဘရာဇီးလ်တောင်ပံကစားသမားက ပြီးခဲ့တဲ့ရာသီမှာ (၂၅)ပွဲအထိ ကစားပေးခဲ့ရပါတယ်။ သွင်းဂိုးတစ်ဂိုးတည်းသာ သွင်းပေးနိုင်ခဲ့ပြီးနောက် သူ့ရဲ့ခြေစွမ်းကမေးခွန်းထုတ်စရာ ရှိလာခဲ့ပါတယ်။ အသက် (၂၈)နှစ်အရွယ်ကစားသမားအနေနဲ့ အသင်းတိုက်စစ်ပိုင်းမှာ ထိထိရောက်ရောက် အကျိုးမပြုနိုင်တော့ပဲ ပုံမှန်ခြေစွမ်းရဖို့ကို အားထုတ်နေရတာပါ။ လက်ရှိအချိန်မှာသာ သူ့ကိုရောင်းချခဲ့မယ်ဆိုရင် ဂျူဗီအနေနဲ့ ငွေကြေးအင်အားပြန်လည်ကာမိစေမှာလည်း ဖြစ်ပါတယ်။ သူ့ကို ခေါ်ယူချင်တဲ့ ကလပ်အသင်းတွေရှိနေတာက ဂျူဗီအတွက် ကော်စတာကို ရောင်းချဖို့ အကောင်းဆုံးအခွင့်အရေးတစ်ခုဖြစ်နေပါတယ်။

မွတ္ခ်က္မ်ား။