ဖီဖာဆီက အင္တာဗ်ဴးေမးျမန္းခံခဲ့ရတဲ့ ဗီယက္နမ္ၾကယ္ပြင့္ငုယင္တီယန္လင္း

ခ်န္ပီယံအမွတ္တရ လက္စြပ္ေတြရခဲ့တဲ့ ျပင္သစ္နဲ႔အတူကမၻာ့ဖလားရရွိခဲ့တဲ့ ၾကယ္ပြင့္မ်ား

ဗီယက္နမ္လက္ေရြးစင္အသင္းမွာ ေရြးခ်ယ္ခံထားရတဲ့ အသက္ ၂၂ႏွစ္အရြယ္တိုက္စစ္မွဴးငုယင္တီယန္လင္းဟာ ကမၻာ့ေဘာလံုးအဖြဲ႕ခ်ဳပ္ဆီက တိုက္ရိုက္အင္တာဗ်ဴးေမးျမန္းမႈကို ခံခဲ့ရတယ္လို႔ သိရပါတယ္။ ဗီယက္နမ္အသင္းအတြက္ စြမ္းေဆာင္ရည္ေကာင္းေတြျပသႏိုင္ခဲ့တဲ့ တီယန္လင္းကို ဖီဖာက ၂၀၂၂ ကမၻာ့ဖလားေျခစစ္ပြဲေတြမတိုင္ခင္မွာ ေမးျမန္းခဲ့တာျဖစ္ပါတယ္။

Kevin Trapp’s Top 5 Saves of the 2019/20 Bundesliga season so far

ငုယင္တီယန္လင္းကေတာ့ အင္ဒိုနီးရွားကို ၃-၁ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္၊ ယူေအအီးကိုအႏိုင္ရရွိခဲ့တဲ့ ပြဲစဥ္ေတြမွာ အသင္းအတြက္ တစ္ဂိုးစီသြင္းယူေပးခဲ့ျပီး ေျခစြမ္းျပခဲ့တာျဖစ္ပါတယ္။ ဗီယက္နမ္က Group G မွာ ထိပ္ဆံုးကေန ဦးေဆာင္ေနျပီး တီယန္လင္းအေနနဲ႔လည္း အသင္းအတြက္ ေရရွည္အားကိုးရမယ့္ေျခစြမ္းမ်ိဳးကို ျပသေနခဲ့တာျဖစ္ပါတယ္။

“ တိုက္စစ္မွဴးတစ္ဦးခ်င္းစီတိုင္းကေတာ့ ဂုိးေတြသြင္းႏိုင္ရင္ စိတ္ေက်နပ္ေနျပီး အသင္းနိုင္ပြဲရဖို႔အတြက္ ကူညီေပးခ်င္တာပါပဲ၊ ဒါေပမယ့္ ဂိုးေတြသြင္းႏိုင္ခဲ့လို႔ အသင္းေဖာ္ေတြကို ေက်းဇူးတင္ပါတယ္၊ သူတို႔ရဲ႕အားထုတ္မႈမပါဘဲ ကၽြန္ေတာ္ဂိုးသြင္းနိုင္မွာမဟုတ္ပါဘူး၊ ႏိုင္ငံအသင္းအတြက္ ကမၻာ့ဖလားေျခစစ္ပြဲကစားေပးခဲ့ရလို႔လည္း ေပ်ာ္ရႊင္မိျပီး ကစားသမားဘ၀အနားယူခ်ိန္အထိ အမွတ္တရျဖစ္ေနမွာပါ”

“ ၂၀၂၀မွာ ကၽြန္ေတာ္ဂိုးေတြအမ်ားၾကီးသြင္းခ်င္ပါတယ္၊ လိဂ္မွာလည္းဗိုလ္စြဲခ်င္ျပီးေတာ့ လက္ေရြးစင္အသငး္နဲ႔အတူ ဆူဇူကီးဖလားလက္ရွိခ်န္ပီယံဘြဲ႔ကိုလည္း ကာကြယ္ေပးခ်င္ပါတယ္၊ ဒါေပမယ့္ အဲဒါေတြအားလံုးထက္ ကမၻာ့ဖလားေျခစစ္ပြဲမွာ အေရးပါတဲ့ေနရာကေန ပါ၀င္ကစားေပးခ်င္ျပီး ေနာက္တစ္ဆင့္ကိုတက္ေရာက္နိုင္ဖို႔အတြက္ ကၽြန္ေတာ္ေမွ်ာ္လင့္ထားပါတယ္’ လို႔ တီယန္လင္းက ေျပာဆိုသြားခဲ့ပါတယ္။

Unicode

ဗီယက်နမ်လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံထားရတဲ့ အသက် ၂၂နှစ်အရွယ်တိုက်စစ်မှူးငုယင်တီယန်လင်းဟာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဆီက တိုက်ရိုက်အင်တာဗျူးမေးမြန်းမှုကို ခံခဲ့ရတယ်လို့ သိရပါတယ်။ ဗီယက်နမ်အသင်းအတွက် စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့တဲ့ တီယန်လင်းကို ဖီဖာက ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေမတိုင်ခင်မှာ မေးမြန်းခဲ့တာဖြစ်ပါတယ်။

ငုယင်တီယန်လင်းကတော့ အင်ဒိုနီးရှားကို ၃-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်၊ ယူအေအီးကိုအနိုင်ရရှိခဲ့တဲ့ ပွဲစဉ်တွေမှာ အသင်းအတွက် တစ်ဂိုးစီသွင်းယူပေးခဲ့ပြီး ခြေစွမ်းပြခဲ့တာဖြစ်ပါတယ်။ ဗီယက်နမ်က Group G မှာ ထိပ်ဆုံးကနေ ဦးဆောင်နေပြီး တီယန်လင်းအနေနဲ့လည်း အသင်းအတွက် ရေရှည်အားကိုးရမယ့်ခြေစွမ်းမျိုးကို ပြသနေခဲ့တာဖြစ်ပါတယ်။

“ တိုက်စစ်မှူးတစ်ဦးချင်းစီတိုင်းကတော့ ဂိုးတွေသွင်းနိုင်ရင် စိတ်ကျေနပ်နေပြီး အသင်းနိုင်ပွဲရဖို့အတွက် ကူညီပေးချင်တာပါပဲ၊ ဒါပေမယ့် ဂိုးတွေသွင်းနိုင်ခဲ့လို့ အသင်းဖော်တွေကို ကျေးဇူးတင်ပါတယ်၊ သူတို့ရဲ့အားထုတ်မှုမပါဘဲ ကျွန်တော်ဂိုးသွင်းနိုင်မှာမဟုတ်ပါဘူး၊ နိုင်ငံအသင်းအတွက် ကမ္ဘာ့ဖလားခြေစစ်ပွဲကစားပေးခဲ့ရလို့လည်း ပျော်ရွှင်မိပြီး ကစားသမားဘဝအနားယူချိန်အထိ အမှတ်တရဖြစ်နေမှာပါ”

“ ၂၀၂ဝမှာ ကျွန်တော်ဂိုးတွေအများကြီးသွင်းချင်ပါတယ်၊ လိဂ်မှာလည်းဗိုလ်စွဲချင်ပြီးတော့ လက်ရွေးစင်အသငး်နဲ့အတူ ဆူဇူကီးဖလားလက်ရှိချန်ပီယံဘွဲ့ကိုလည်း ကာကွယ်ပေးချင်ပါတယ်၊ ဒါပေမယ့် အဲဒါတွေအားလုံးထက် ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ အရေးပါတဲ့နေရာကနေ ပါဝင်ကစားပေးချင်ပြီး နောက်တစ်ဆင့်ကိုတက်ရောက်နိုင်ဖို့အတွက် ကျွန်တော်မျှော်လင့်ထားပါတယ်’ လို့ တီယန်လင်းက ပြောဆိုသွားခဲ့ပါတယ်။

မွတ္ခ်က္မ်ား။