အီရန္ထိပ္တန္းကလပ္ရဲ႕ နည္းျပသစ္ျဖစ္လာတဲ့ ျမန္မာနည္းျပေဟာင္းရာဒူလိုဗစ္

Neuville wins Monte Carlo Rallly at start of 2020 WRC season

ျမန္မာ့လက္ေရြးစင္အသင္းရဲ႕နည္းျပေဟာင္းရာဒူလိုဗစ္ဟာ အီရန္ကလပ္အသင္းတစ္သင္းျဖစ္တဲ့ Zob Ahan အသင္းရဲ႕ နည္းျပသစ္အျဖစ္ တာ၀န္ယူဖို႔ သေဘာတူညီမႈရရွိသြားခဲ့ျပီျဖစ္ပါတယ္။ အဆိုပါအသင္းဟာ ျပီးခဲ့တဲ့ရာသီက အာရွခ်န္ပီယံလိဂ္ျပိဳင္ပြဲမွာ ၁၆သင္းအဆင့္ကို တက္ေရာက္ႏိုင္ခဲ့တဲ့အသင္းျဖစ္တယ္လို႔လည္း သိရပါတယ္။

Top 5 Goalkeepers of the 2019/20 Bundesliga season so far

အီရန္ရဲ႕ အဆင့္ျမင့္ဆံုးျပည္တြင္းလိဂ္ျပိဳင္ပြဲ၀င္ အသင္းျဖစ္ျပီး ျမန္မာနည္းျပေဟာင္းက တစ္ႏွစ္ခြဲစာခ်ဳပ္ကိုခ်ဳပ္ဆိုခဲ့တယ္လို႔ သိရပါတယ္။ ေနာက္ဆံုးကစားခဲ့တဲ့ ၁၆ ပြဲမွာ ၃ပြဲသာ အႏိုင္ရရွိခဲ့ျပီးေနာက္ Zob Ahan အသင္းက နည္းျပအေျပာင္းအလဲျပဳလုပ္ခဲ့တာလည္းျဖစ္ပါတယ္။ မြန္တီနီဂရိုးနည္းျပဟာ ျမန္မာအသင္းကို ကိုင္တြယ္ခဲ့ရာမွာေတာ့ ရလဒ္ေတြဆိုးရြားေနခဲ့လို႔ ထုတ္ပယ္ခံခဲ့ရသူျဖစ္ပါတယ္။

လက္ရွိမွာေတာ့ Zob Ahan အသင္းက ၁၆ပြဲကစားအျပီးမွာ ရမွတ္ ၁၅ မွတ္သာရရွထားျပီး အသင္းေပါင္း ၁၆သင္းပါ၀င္ယွဥ္ျပိဳင္ေနတဲ့ လိဂ္မွာ အဆင့္၁၁ေနရာကို ေရာက္ရွိေနပါတယ္။ အမွတ္ေပးဇယားကို ဦးေဆာင္ေနတဲ့ ပါစီပိုလစ္အသင္းနဲ႔ ၁၈မွတ္အထိကြာဟေနသလို တန္းဆင္းဇုန္နဲ႔လည္း ၅မွတ္သာကြာေနတယ္လို႔ သိရပါတယ္။

ရာဒူလိုဗစ္ကေတာ့ ျပီးခဲ့တဲ့ႏွစ္ ေအာက္တိုဘာလအတြင္းမွာ ထုတ္ပယ္ခံခဲ့ရတာျဖစ္ျပီး ျမန္မာအသင္းက နည္းျပေဟာင္းတစ္ဦးျဖစ္တဲ့ အန္တိုနီေဟးနဲ႔ အစားထိုးခဲ့တာျဖစ္ပါတယ္။ ရာဒူလိုဗစ္အေနနဲ႔ ျမန္မာအသင္းကို ကိုင္တြယ္ခဲ့ရာမွာ တုိက္စစ္ပိုင္းအခက္အခဲေတြရွိေနခဲ့ျပီး တိုးတက္မႈေတြ ျပဳလုပ္ေပးႏိုင္ခဲ့ျခင္းမရွိတာေၾကာင့္ ရာထူးကထုတ္ပယ္ခံခဲ့ရတာပဲျဖစ္ပါတယ္။

Unicode

မြန်မာ့လက်ရွေးစင်အသင်းရဲ့နည်းပြဟောင်းရာဒူလိုဗစ်ဟာ အီရန်ကလပ်အသင်းတစ်သင်းဖြစ်တဲ့ Zob Ahan အသင်းရဲ့ နည်းပြသစ်အဖြစ် တာဝန်ယူဖို့ သဘောတူညီမှုရရှိသွားခဲ့ပြီဖြစ်ပါတယ်။ အဆိုပါအသင်းဟာ ပြီးခဲ့တဲ့ရာသီက အာရှချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၁၆သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့တဲ့အသင်းဖြစ်တယ်လို့လည်း သိရပါတယ်။

အီရန်ရဲ့ အဆင့်မြင့်ဆုံးပြည်တွင်းလိဂ်ပြိုင်ပွဲဝင် အသင်းဖြစ်ပြီး မြန်မာနည်းပြဟောင်းက တစ်နှစ်ခွဲစာချုပ်ကိုချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ၁၆ ပွဲမှာ ၃ပွဲသာ အနိုင်ရရှိခဲ့ပြီးနောက် Zob Ahan အသင်းက နည်းပြအပြောင်းအလဲပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။ မွန်တီနီဂရိုးနည်းပြဟာ မြန်မာအသင်းကို ကိုင်တွယ်ခဲ့ရာမှာတော့ ရလဒ်တွေဆိုးရွားနေခဲ့လို့ ထုတ်ပယ်ခံခဲ့ရသူဖြစ်ပါတယ်။

လက်ရှိမှာတော့ Zob Ahan အသင်းက ၁၆ပွဲကစားအပြီးမှာ ရမှတ် ၁၅ မှတ်သာရရှထားပြီး အသင်းပေါင်း ၁၆သင်းပါဝင်ယှဉ်ပြိုင်နေတဲ့ လိဂ်မှာ အဆင့်၁၁နေရာကို ရောက်ရှိနေပါတယ်။ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ ပါစီပိုလစ်အသင်းနဲ့ ၁၈မှတ်အထိကွာဟနေသလို တန်းဆင်းဇုန်နဲ့လည်း ၅မှတ်သာကွာနေတယ်လို့ သိရပါတယ်။

ရာဒူလိုဗစ်ကတော့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလအတွင်းမှာ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပြီး မြန်မာအသင်းက နည်းပြဟောင်းတစ်ဦးဖြစ်တဲ့ အန်တိုနီဟေးနဲ့ အစားထိုးခဲ့တာဖြစ်ပါတယ်။ ရာဒူလိုဗစ်အနေနဲ့ မြန်မာအသင်းကို ကိုင်တွယ်ခဲ့ရာမှာ တိုက်စစ်ပိုင်းအခက်အခဲတွေရှိနေခဲ့ပြီး တိုးတက်မှုတွေ ပြုလုပ်ပေးနိုင်ခဲ့ခြင်းမရှိတာကြောင့် ရာထူးကထုတ်ပယ်ခံခဲ့ရတာပဲဖြစ်ပါတယ်။

မွတ္ခ်က္မ်ား။